2 နှစ်များ - ဘာသာပြန်ပါ။

လူချစ်လူခင်များသော မိမိ ဘောလုံး၀င်ကန်သောအခါ

image
2 နှစ်များ - ဘာသာပြန်ပါ။

Permanent hand whitening secrets | Hand whitening secrets at home | Hand whitening secrets👇

image
2 နှစ်များ - ဘာသာပြန်ပါ။

#ကြက်တောင်ပံပြုတ်ကြော်နည်း
အိအိလေးစားကြရအောင်

ကြက်သွန်ဖြူ ထောင်းပြီး ဆီသပ်ပါ။ နံနံပင်အမြစ် သစ်ကြပိုးခေါက် နာနတ်ပွင့် ကရဝေးရွက် ငရုတ်ကောင်းစေ့ ထောင်းထားသော ထန်းလျက် ပါထည့်ပြီး ဆီသပ်ပါ။ ပြီးရင်ရေကို အိုးတစ်ဝက်ခန့်ထည့်ပါ။ ကြက်တောင်ပံများကိုထည့်ပါ။ ရှာလကာရည် ခရုဆီ ပဲငံပြာရည်အကြည် အရသာမှုန့်ထည့်ပါ။ ရေမခမ်းတခမ်းခါနီးလောက်မှ နူးအိနေပြီဖြစ်သောကြက်တောင်ပံများကိုဆယ်ပြီး ပန်းကန်ထဲသို့ထည့်ပါ။ ပြုတ်လို့ကျန်ရှိသော အရည်ကိုအပေါ်မှဆမ်းပြီး ကြက်တောင်ပံပြုတ်ကြော်အိအိလေးစားလို့ရပါပြီ။



#ကြက်တောင်ပံကျော်နည်း

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၂၉-၁-၂၀၂၅)

တည်ငြိမ်နေဆဲ စက်သုံးဆီဈေးနှုန်းများ

#fuel
#ဆီစျေး

image
2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာ့လက်ရွေးစင်(ဟောင်း)နှင့် Dagin Port အသင်း၏ကစားသမား အံ့မော်ဦး ကွယ်လွန်

မြန်မာလက်ရွေးစင်(ဟောင်း)၊ ရတနာပုံအသင်းကစားသမား(ဟောင်း)နှင့် Dagon Port အသင်းကစားသမား အံ့မော်ဦး(ခ)မှုန်ကြီး(၂၄)နှစ်သည် ဇန်နဝါရီ ၂၈ ရက်ည ဇန်နဝါရီ ၂၉ ရက်အကူး ၁၂ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အံ့မော်ဦး(ခ)မှုန်ကြီး၏ရုပ်အလောင်းအား ဇန်နဝါရီ ၃၁ ရက်နံနက် ၁၀နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ အိမ်ရှေ့မင်းထန်းတောကျေးရွာရှိ သုဿန်၌မီးသင်္ဂြုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

အိန္ဒိယက ကမ္ဘာပတ်လမ်းအတွင်းသို့ လမ်းကြောင်းပြ ဂြိုဟ်တု လွှတ်တင်

အိန္ဒိယ အာကာသသုတေသနအဖွဲ့(ISRO) သည် လမ်းကြောင်းပြဂြိုဟ်တု NVS-02 သယ်ဆောင်သွားသည့် ၎င်း၏ Geosynchronous Satellite Launch Vehicle(GSLV)-F15 ဒုံးပျံကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

NVS-02 သယ်ဆောင်ထားသည့် GSLV-F15 ဒုံးပျံကို နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ် ဘင်္ဂလားပင်လယ်အော်ကမ်းလွန်ရှိ Sriharikota ပစ်လွှတ်စင်မှ ဒေသစံတော်ချိန် နံနက် ၆း၂၃ နာရီတွင် လွှတ်တင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က အာကာသယာဉ်လွှတ်တင်ခြင်းသည် Sriharikota ၏ Satish Dhawan အာကာသစင်တာမှ အာကာသလွှတ်တင်ခြင်း အကြိမ်တစ်ရာမြောက်ဖြစ်ပြီး ISRO အတွက် ထူးခြားသောမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

NVS-02 ဂြိုဟ်တုသည် လမ်းကြောင်းပြခြင်း၊ တိကျသော စိုက်ပျိုးမြေနေရာ၊ အရေးပေါ်ဝန်ဆောင်မှုများ၊ ရေယာဉ်သွားလာမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် မိုဘိုင်းလ်စက်ပစ္စည်းတည်နေရာများ ဝန်ဆောင်မှုပေးခြင်းတို့အတွက် အသုံးပြုသည့် Indian Constellation(NavlC) ဝန်ဆောင်မှုများဖြင့် လမ်းကြောင်းပြမှုကို ပိုမိုကောင်းမွန်စေရန် ကူညီပေးမည်ဖြစ်သည်။

ISRO ၏ ဖော်ပြချက်အရ Sriharikota လွှတ်တင်ရေးစခန်းမှ ပထမဆုံး လွှတ်တင်ခဲ့သော ဒုံးပျံကြီးမှာ ၁၉၇၉ ခုနှစ် သြဂုတ်လ ၁၀ ရက်က လွှတ်တင်ခဲ့သော ဂြိုဟ်တုလွှတ်တင်ရေးယာဉ်(SLV) ဖြစ်ကြောင်း သိရသည်။

image

image

အိန္ဒိယရဲ့ အကြီးဆုံးဘာသာရေးပွဲတော်မှာ လူအုပ်ပြိုကျလို့ ၁၅ ယောက်သေဆုံး

ဒေလီ၊ ဇန်နဝါရီ ၂၉

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဘာသာရေးပွဲတော်တခုအတွင်း လူအုပ်ပြိုကျပြီး တက်နင်းမှုကြောင့် လူတဒါဇင်ထက်မနည်း သေဆုံးသွားကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်အတွင်း လူဘယ်လောက်ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်တခုဖြစ်တဲ့ Kumbh Mela ပွဲတော်မှာ ဂင်္ဂါမြစ်နဲ့ ယမုံနာမြစ်တို့ဆုံရာမှာ လူသန်းနဲ့ချီပြီး ရေချိုးခြင်းပြုကြတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း လူ ၁၅ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ကုသပေးနေတယ်လို့ ပရာယာဂရာ့ဂ်မြို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။

ဒါဇင်များစွာသောလူများဟာ ပွဲတော်အနီးထားရှိတဲ့ ယာယီဆေးရုံအပြင်မှာ သတင်းစောင့်ဆိုင်းနေကြပါတယ်။ လူစုလူဝေး ထိန်းချုပ်တဲ့ အရံအတားအချို့ပြိုကျပြီးနောက် လူအုပ်ပြိုမှုစတင်ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပွဲစီစဉ်သူတွေကတော့ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးနေ့မတိုင်ခင် လူပေါင်း သန်း ၄၀၀ လောက် ယခုနှစ်ပွဲတော်ကို လာရောက်ဆင်နွှဲမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၁၉၅၄ ခုနှစ်က ပွဲတော်ကျင်းပချိန်ကလည်း လူအုပ်ပြိုကျမှုနဲ့ ရေနစ်ခြင်းတို့ကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ဖူးပါတယ်။

Ref:CNA
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
image
image

image
2 နှစ်များ - ဘာသာပြန်ပါ။

တင်မောင်ဝင်း (1) <br>သူ့ BeL (0)
အဲလိုနော်