ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ကျောက်ကပ်မကောင်း ၍
ဆီးဆိပ်များသူ ၊သွေးတိုး၊ ဆီးချို ရှိသူများ #ပြောင်းဖူးမွှေး ပြုတ်သောက်ပါ
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်
ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ်ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။
ဆီးရွှင် စေတယ်
ဆီးသွားရခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဆီးမသွားနိုင်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတယ်
ကျောက်ကပ်မှာ ကျောက်တည်တာကနာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွှေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးတိတ် စေတယ်
ပြောင်းဖူးမွှေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။
သွေးတိုးကျ စေတယ်
ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မှာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွှေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွှေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။
အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်
ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။
သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်
သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှုနည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွှေးကို ပြုတ်သောက်ပေးလို့ရပါတယ်။
ဗီတာမင် C ကြွယ်ဝတယ်
ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။
ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွှေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။
ပြည်ကြီးငါး(သို့)ကင်းမွန် ၃၀သားအတွက်ပါ
==============
ဆီထမင်းစားဇွန်း၃ဇွန်းထဲကို ခရမ်းချဉ်သီး ကြက်သွန် လေးစိတ်ခြမ်း
ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီးဆီသတ်ပါ
သိပ်မနွမ်းခင်လေးမှာအရောင်နဲ့ အစပ်အတွက် ငြုပ်အစပ်ခြောက်တောင့်ကိုရေစိမ်ပြီးထောင်းထားတာထည့်ပါ ဖြတ်တောက်ဆေးကြောသန့်စင်ထားတဲ့ ပြည်ကြီးငါးထည့်ပါ ငံပြာရည်ထည့်ပါ အရသာမှုန့်ထည့်ပါ ရေထွက်လာပါလိမ့်မယ် အသားကျက်အောင်လုံးပေးပါ
အသားကျက်လောက်ပြီဆိုရင် ရေနဲနဲထပ်ထည့်ပါ ကြက်သွန်မြိတ်နဲ့ ငြုပ်အစိုတောင့်ထည့်ပါ
ရေ ရယ် အရသာရယ် ကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်လို့ရပါပြီ
တရုတ်ဟင်းလို ချိုချဉ်ကြော်မဟုတ်ပါ
ဗမာဟင်းလိုမျိုး
ခရမ်းချဉ်သီးအချဉ်နဲ့ ငြုပ်ခြောက်တောင့် အစပ်နဲ့ ချက်ထားတဲ့ ချဉ်စပ်ဟင်းလေးပါ
ဗဟိုဘဏ်က ယွမ်နှင့် ဘတ်များ ထပ်မံထုတ်ရောင်း
နိုင်ငံခြားငွေလဲလှယ်နှုန်း တက်ရိပ်ပြနေချိန်တွင် ဗဟိုဘဏ်မှ ယမန်နေ့တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်းနှင့် ထိုင်းဘတ် တစ်သန်းထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုဇန်နဝါရီလ၏ ဇန်နဝါရီလ (၂) ရက်မှ (၁၇) ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ၊ တရုတ်ယွမ် (၄ ဒသမ ၄၈၃) သန်း နှင့်ထိုင်းဘတ် (၇ ဒသမ ၀၃၂)သန်းကို ထုတ်ရောင်းပေးထားပြီးဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ (၄၆၅၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၃၅.၁၄) ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၆၃၂) ကျပ်ဖြစ်ပေါ်နေကြောင်း သိရသည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းချပေးမှုအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅)သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနှစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း သိရသည်။
၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်နေ
၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အမျိုးသားအသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိကြောင်း အဖွဲ့ချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
ကနဦးတွင် ပြည်တွင်းနည်းပြတစ်ဦးကိုသာ တာဝန်ပေးခန့်အပ်ရန် လျာထားခဲ့သော်လည်း ယခုအခါ ဂျပန်လူမျိုးနည်းပြကို ခန့်အပ်ရန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာယူ-၂၃ အမျိုးသားအသင်းအတွက် လက်ရှိဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည့် ဂျပန်လူမျိုးနည်းပြနှင့် သဘောတူညီမှုရရှိပြီးပါက တရားဝင်သတင်းထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာယူ-၂၃ အသင်းအနေဖြင့် ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံကို သွားရောက်နေထိုင်လေ့ကျင့်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချောင်ဘူရီ နှင့် ဆောင်ခလာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ
အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။
“နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက များလာတယ်။ အိမ်ငှား၊ ပွဲစားတွေက ဈေးတင်ရို-က်ကြတယ်။ အဲဒီတော့ ဈေးတွေက တက်လာတာပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အိမ်အငှားဈေးကွက်သည် ယမန်နှစ်ကထက် လက်ရှိ ၂၀၂၅ အစပိုင်းတွင် ဆက်တိုက်မြင့်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။
“အရင်က နှစ်သိန်း၊ တလချင်းဆီ တက်သွားတာ ၊ အခု တစ်လ သုံးသိန်း ပေးနေရတယ်။ ကျောတခင်းစာ တကယ်မလွယ်ဘူး” ဟု သင်္ကန်းကျွန်း မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အိမ်ငှားဈေးများ မြင့်တက်လာသောကြောင့် ရန်ကုန်မြို့တွင် အိမ်ငှားနေသည့် သူများသည် ဝင်ငွေနှင့် အခက်အခဲအချို့ ကြုံတွေ့နေရမှုများရှိနေကြောငိးလည်း သိရသည်။
အလားတူ ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေ အရောင်းဈေးကွက်တွင်လည်း လတ်တလော၌ ငွေကျပ် သိန်း (၄၀၀) မှ သိန်း (၆၀၀) ကြားသာ အရောင်းအဝယ်များနေပြီး မြေကွက်နှင့် တန်ဖိုးမြင့် မြေကွက်များမှာ ဝယ်ယူသူ နည်းပါးနေကြောင်းလည်း သိရသည်။