45 ပတ် - ဘာသာပြန်ပါ။

🖤

image
45 ပတ် - ဘာသာပြန်ပါ။

တနေ့တနေ့ ကိုယ့်ကို
ဘယ်သူပိုင်သွားမလဲဆိုတာ
တွေး‌နေရတာနဲ့တင် တော်"ရင်ခုန်နေပြီ

image
45 ပတ် - ဘာသာပြန်ပါ။

လူကြီးမင်းတို့ သိတဲ့အတိုင်း
နောက်ဆုံးကျ
ပြသနာဟာ ကျွန်ုပ်သာဖြစ်လေသည်..။

#ဩရဆူး

image
45 ပတ် - ဘာသာပြန်ပါ။

ဒီတခါပြီးရင် တော်ပြီနော်..

image
45 ပတ် - ဘာသာပြန်ပါ။

ဘာ ကို မြင် ရ လဲ ဖြေ ခဲ့ ပေး အုံးးး...! 😁

image
45 ပတ် - ဘာသာပြန်ပါ။

အချစ်ကိုကြောက်လို့ ပုန်းရှောင်နေသူတစ်ဦး ""

image
45 ပတ် - ဘာသာပြန်ပါ။

ဟဲဟဲ🤭

image
45 ပတ် - ဘာသာပြန်ပါ။

လူရွေးမှန်သွားပြီထင်တယ် ပြောတဲ့ kg ma အခုတော့
ပလေးခံလိုက်ရပါပြီရှင် “

image
45 ပတ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားနှင့်ရုရှား ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး လေ့ကျင့်

နိုဝင်ဘာ ၅၊ နိုင်ငံတကာ။

အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို (Prabowo Subianto) သည် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ တစ်ခုအနေဖြင့် ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားသည် ကြားနေ နိုင်ငံခြားရေးမူဝါဒကို ကာလကြာရှည် ကျင့်သုံးခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲ သို့မဟုတ် အမေရိကန်-တရုတ် အားပြိုင်မှုတွင် မည်သည့်ဘက်မှ ရပ်တည်ခဲ့ခြင်းမရှိပေ။

သို့သော် သမ္မတသစ် ပရာဘိုဝိုသည် အနောက်နိုင်ငံများ၏ ဖိအားများရှိနေသည့်တိုင် ရုရှားနှင့်ဆက်ဆံရေး မြှင့်တင်မည်ဟု ပြောကြားခဲ့သည်။

"အင်ဒိုနီးရှားနိုင်ငံအတွက် အကျိုးရှိနေသမျှ ကာလပတ်လုံး အခုလို ပထဝီနိုင်ငံရေး အင်အားစုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားဟာ မိတ်ဖက်ဆက်ဆံမှုတွေ ပြုလုပ်သွားပါလိမ့်မယ်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ၏ သုတေသီတစ်ဦးဖြစ်သူ ပီတာ ပန်ဒီ (Pieter Pandie) က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ပါဝင်သည့် အာဆီယံအဖွဲ့သည် ၂၀၂၁ ခုနှစ်ကလည်း ရုရှားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သော်လည်း အင်ဒိုနီးရှားသည် ယခင်က ယခုကဲ့သို့ ရုရှားနှင့် တိုက်ရိုက် ပူးတွဲစစ်ရေး လေ့ကျင့်မှုမျိုး ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။

အင်ဒိုနီးရှားသည် ရုရှားနှင့် ဒေါ်လာ ဘီလျံချီ တန်ကြေးရှိသည့် ကုန်သွယ်ဖက် ဆက်ဆံရေး ရှိသော်လည်း ရုရှား အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် မကြာသေးမီက ရုရှားထံမှ လက်နက်ဝယ်ယူမှုများ လျော့ကျခဲ့ ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

လက်ရှိတွင် ပရာဘိုဝိုသည် ၂၀၁၈ ခုနှစ်က သဘောတူညီမှု ရရှိခဲ့သည့် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ တန်ကြေးရှိသည့် ရုရှားလုပ် တိုက်လေယာဉ်များ ဝယ်ယူရေး သဘောတူညီချက်ကို ထိန်းသိမ်းထားဆဲဖြစ်သည်။

ထိုအချိန်က ပရာဘိုဝိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်ဖြစ်ပြီး အမေရိကန်၏ သတိပေး ချက်များ ရှိခဲ့သည့်တိုင် ရုရှားနှင့် တိုက်လေယာဉ် ဝယ်ယူရေး သဘောတူညီချက်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-2 အစည်းအဝေး၌ ရုရှားကိုမဖိတ်ရန် အနောက်နိုင်ငံများမှ တိုက်တွန်းခဲ့သော်လည်း အင်ဒိုနီးရှားမှ ရုရှားကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

Source: Nikkei Asia

ပုံ - အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဥ်

#centralnewsnaypyitaw

image

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်မှာ ဘယ်သူ​​​တွေ ပါသွားကြလဲ

နိုဝင်ဘာ ၅၊ နေပြည်တော်။

ဒီမနက်စတင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ သူ့ရဲ့ယုံကြည်အားထားသူတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ဗိုလ်ချုပ်ကြီးညိုစော အပါအဝင် ဝန်ကြီးချုပ်တွေလည်း ပါသွားပါတယ်။

ဝန်ကြီးချုပ်သုံးဦးလည်း ပါသွားပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်၊တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ဖြစ်ပါတယ်။

နေပြည်တော်က စလေဆိပ်ကနေ တရုတ်ကိုထွက်ခွာတဲ့ ဒီခရီးစဉ်မှာ စစ်ဘက်ကိုယ်စားလှယ်တွေလည်း ပါသွားတယ်လို့ နစက က သတင်းထုတ်ပြန်ပါတယ်။

(၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ် အက်စ်)ထိပ်သီးအစည်းအ‌ဝေး နဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ဟာ အရပ်ဘက် စစ်ဘက် ကိုယ်စားလှယ်အဖွဲ့ နဲ့အတူ တရုတ်နိုင်ငံကိုထွက်ခွာသွားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ဟာသက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်သဘောတွေ့ဆုံတာတွေ လုပ်သွားမယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံကို ရောက်ရောက်ခြင်းမှာပဲ ကူမင်းမြို့မှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image