ကျန်ရှိနေတဲ့ ဘဝတစ်ခုလုံးစာ ဝေးရဖို့အတွက်နဲ့
ကျွန်တော်တို့တွေ ခနတာနီးစပ်ခဲ့ကြရတယ်......
အချိန်တန်ရင် ခွဲခွာရမယ်ဆိုတာသိပေမယ့်
ခဗျားနဲ့ဆို သေကွဲပဲခွဲချင်တယ်အချစ်ရယ်.........
-Karry K
#shortnote
#crdphoto
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျန်ရှိနေတဲ့ ဘဝတစ်ခုလုံးစာ ဝေးရဖို့အတွက်နဲ့
ကျွန်တော်တို့တွေ ခနတာနီးစပ်ခဲ့ကြရတယ်......
အချိန်တန်ရင် ခွဲခွာရမယ်ဆိုတာသိပေမယ့်
ခဗျားနဲ့ဆို သေကွဲပဲခွဲချင်တယ်အချစ်ရယ်.........
-Karry K
#shortnote
#crdphoto
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၅
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၀ ဒေါ်လာ
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၄၀ ကျပ်
ဝယ်ဈေး - ၄၃၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၈၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၅၈၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၉၀ ကျပ်
ဝယ်ဈေး - ၉၇၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၀ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၄၃ ကျပ်
ဝယ်ဈေး - ၂၇.၈၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၁၄ ကျပ်
ဝယ်ဈေး - ၅၁.၁၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၅ ကျပ်
ဝယ်ဈေး - ၂.၉၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၅၂၀ ကျပ်
ဝယ်ဈေး - ၅၄၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၆၀ ကျပ်
ဝယ်ဈေး - ၂၇၂၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၅ ကျပ်
ဝယ်ဈေး - ၃၀၃၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
တစ်ယောက်ကို တစ်ယောက်က လွမ်းနေရကြောင်း
ခက်ခက်ခဲခဲ အသိပေးရတဲ့ ခေတ်ကို
ပြန်ရောက်သွားချင်တယ်။
စာအိတ်လေးထဲက တစ်စွန်းတစ်စ ထွက်လာတဲ့
ဆေးရောင်မှိန်မှိန် ဓာတ်ပုံအဟောင်းလေးနဲ့ပဲ
အလွမ်းပြန်ဖြေချင်တယ်။
ရိုးသားတဲ့ စာတွေ ပြန်ရေးပြီး
ယဉ်ယဉ်ကျေးကျေး ပြန်တွေ့တဲ့အခါ
တဆတ်ဆတ်တုန်နေတဲ့ လက်ဖျားလေးတွေကို မရဲမဝံ့
ပြန်ဆုပ်ကိုင်ပေးထားချင်တယ်။
လူခြေတိတ်သော ညတွေ၊
ဆောင်းလေအေးအေးနဲ့ သခွပ်ပန်းမွှေးမွှေးတွေ၊
လရောင်မှာ တိုးတိုးပြောမယ့် စကားတွေ
အသည်းကွဲတဲ့အခါ တကယ်မူးပြီး
ထားခဲ့ခံရတဲ့အခါ တကယ်ရူးတဲ့
ဇာတ်လမ်းမျိုးတွေ ပြန်လိုချင်ပါတယ်။
#နွေသစ်ငြိမ်း
#နွေဦးဘူတာ
ဂရုစိုက်ပေးခြင်းကြောင့်
ယောကျာ်းသိက္ခာကျသွားတယ်ဆိုတာမရှိပါဘူး
ဂရုစိုက်ခံရသူအဖို့တော့
စိတ်လုံခြုံမှုတွေရရှိပြီး ပိုပျော်စေတယ်
နွေးစေတယ်
တကယ်ချစ်တဲ့သူတွေဆိုတာ
ငါကဘာကြီးဖြစ်နေလို့ဆိုပြီး
ဂရုမစိုက်ပဲမနေရဘူး
တစ်ဘက်သောသူက စိတ်နာလို့
ဥပေက္ခာပြုလိုက်ရင် ဒီဘ၀မပြောနဲ့
နောက်ဘ၀မှာတောင် တွေ့ခွင့်ဆုံခွင့်
မရှိတော့လောက်အောင်ထိ ဥပေက္ခာပြုသွားတတ်တယ်...။
#သက်တန့်ရောင်
“ကံပါသလောက်ပေါ့” တဲ့။
အဲ့ဒီစကားလေးက အတော်Healing ဖြစ်တာဗျ။
ကိုယ်ကြိုးစားနေတဲ့ အရာတိုင်းလည်း ဖြစ်ချင်မှ ဖြစ်လာတတ်တဲ့ဘဝမှာ အဲ့လိုအတွေးလေးတွေ တွေးတတ်ရင် တော်တော်ကို စိတ်ကိုပေါ့ပါးစေတာ။
“ငါတတ်နိုင်သလောက် ကြိုးစားခဲ့တာပဲ။ ဖြစ်မလာတာတော့ မတတ်နိုင်ဘူး။ ကံပါသလောက်ပေါ့။” ဆိုတဲ့အတွေးလေးက စိတ်ကို အတော်ငြိမ်းချမ်းစေပါတယ်။
#jaxe
ထရမ့်ကိုပြစ်ဒဏ်ချသော်လည်း ထောင်ဒဏ်၊ငွေဒဏ်ငွေ ချမှတ်မည်မဟုတ်ဟု တရားသူကြီးဆို
...............................
ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင် သီတင်းနှစ်ပတ်အလို ဇန်နဝါရီ ၁၀ရက်မှာ လိင်ဖျော်ဖြေရေးမယ်ကို ငွေပေးနှုတ်ပိတ်ခဲ့မှုနဲ့ နယူးယောက်မြို့ တရားသူကြီး ဂျူအန်မာချန်က ပြစ်ဒဏ်ချမယ်လို့ပြောပေမယ့် ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်မှာတော့ မဟုတ်ဘူးလို့ပြောပါတယ်။
ရွေးကောက်ခံသမ္မတ ထရမ့်ဟာ ဇန်နဝါရီ ၂၀ရက် သမ္မတတာဝန်တွေကို လွှဲယူချိန်မှာ ပြစ်မှုကျူးလွန်ထားတဲ့ ပထမဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ချမယ့် ၁၀ ရက်နေ့မှာ တရားရုံးကို လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ ကြားနာနိုင်ကြောင်း တရားသူကြီးက ထရမ့်ကို အမိန့်ထုတ်ထားပါတယ်။ သမ္မတထရမ့် ကတော့ စီရင်ချက်ချတာမျိုး မဖြစ်သင့်သလို၊ ဒီလိမ်လည်လှည့်ဖြားမှုတွေကို သူတို့အားလုံး မသေမချင်း ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။ ထရမ့်ဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတွေကို လိမ်ညာပြသတယ်ဆိုတဲ့ အမှု၃၄ မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ထားပြီး ဒီအမှုတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၀ ရက်မှာ ပြစ်ဒဏ်ချမှတ်တော့မှာပါ။ အမှုတွေထဲမှာ လိင်ဖျော်ဖြေရေးမယ် ကို နှုတ်ပိတ်ခငွေ ပေးခဲ့တာကို ဖုံးကွယ်ခဲ့မှုလည်း ပါဝင်ပါတယ်။