ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗဟိုဘဏ်မှ တရုတ်ယွမ်တစ်သန်းကျော်နှင့် ထိုင်းဘတ်တစ်သန်း ထပ်မံထုတ်ရောင်း
ဇန််နဝါရီ ၁၉
ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၇ ရက်(ယမန်နေ့)တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်း၊ ဒေါ်လာတစ်သိန်းခွဲနှင့် ဇန်နဝါရီ ၁၆ ရက်တွင် ထိုင်းဘတ်တစ်သန်း ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၀၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၇ ဒသမ ၀၃၂ သန်းနှင့် တရုတ်ယွမ် ၄ ဒသမ ၄၈၃ သန်း ထုတ်ရောင်းပေးသည်။
ထို့အတူ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် သွင်းကုန်လိုအပ်ချက်များကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။
Credit - MT News Agency
#centralnewsnaypyitaw

Morning Vibe အဖြစ်နဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေ ချပြလာတဲ့ သင်ဇာဝင့်ကျော်
ဇန်နဝါရီ ၁၉
ပရိသတ်ချစ်ခင်မှုများစွာကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ဇန်နဝါရီ ၁၈ နံနက်ခင်းမှာ Morning vibe အနေနဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေချပြလာပါတယ်။
Morning Vibe . Account လေးပြန်ရတဲ့အတွက် တင်မယ်နော်။ အားလုံးကိုလည်း အရမ်းလွမ်းနေလို့ပါ” လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က အခုရက်ပိုင်းထဲမှာ ပရိသတ်ကို အသိပေးလာတာပါ။
သူမက ရန်ကုန်မြို့ အင်းစိန်ထောင်မှာ လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်မြောက်လာပြီးနောက်မှာ အဓိဌာန်တရားစခန်းတွေလည်း ဝင်ခဲ့ပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ Facebook Acc လေးပြန်လည် အသက်ဝင်လာသလိုTiktok account အသစ်ဖွင့်ထားကာ ကျန်းမာရေး ယောဂလေ့ကျင့်ခန်းတွေလုပ်ပြီး Video တွေ တင်ပေးလာပါသေးတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး




ဝုလ်ဗ်စ်နဲ့ပွဲကို ကိုးပါလ်မာ လွဲချော်ဖွယ်ရှိ
ဇန်နဝါရီ ၁၉
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာ အပါအဝင် ကစားသမား ၄ ဦးဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကိုးလ်ပါလ်မာ၊ ကိုဝဲလ်၊ လာဗီးယားနဲ့ အန်ဇိုတို့ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် ဝုလ်ဗ်စ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။ သူတို့တွေဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ကိုးလ်ပါလ်မာဟာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြိုင်ဘက်ရဲ့ကန်ခြင်းကို ခံခဲ့ရတာပါ။ နောက်နေ့ တွေမှာ သူ လေ့ကျင့်ခန်း ဆင်းနိုင်မလားဆိုတာ ကျနော်မသိပါဘူး။ အန်ဇို၊ လာဗီးယားနဲ့ ကိုဝဲလ်တို့လည်း အလားအတူ အခြေအနေပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မိုကမ်ဘီအသင်းနဲ့ FA ဖလားပွဲစဉ်မှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲပြန်လည် ရယူနိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အဓိက ကစားသမား ၄ ဦးဒဏ်ရာ ရရှိနေတာကို ကြုံတွေ့နေရတာပါ။
ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ် ထားပေမယ့် နည်းပြ မာရက်စ်ကာက သူမပါဝင်နိုင်လည်း အသင်းဟာ နိုင်ပွဲရယူနိုင်ဖို့ အဖြေရှာရမယ်လို့ ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းဒဏ်ရာ အခက်အခဲကြောင့် ပြီးခဲ့တဲ့နွေရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချခဲ့တဲ့ နောက်ခံလူ ချာလိုဘာကို ပြန်ပြီးခေါ်ယူခဲ့တာပါ။
ချာလိုဘာဟာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ချာလိုဘာကို ပြန်ခေါ်ခဲ့တာဟာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပြီး သူဒီမှာရှိနေရတာကို အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးခဲ့လို့ အဆင့် ၄ အပြင်ဘက်ကို ရောက်ရှိသွားခဲ့တဲ့အတွက် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူပြီး ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Metro
#ဘောလုံးသတင်းစုံ
ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားမော်ဒယ် ပြန်လည် တွေ့ရှိ
ဇန်နဝါရီ ၁၉
ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ပီတာနီလာဘတ်က အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ တရုတ်သရုပ်ဆောင် Xingxing ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ ၇ ရက်ကြမှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့အနီးက ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတစ်ခုဆီက ပြန်လည်တွေ့ရှိခဲ့ရတဲ့ဖြစ်စဥ်အပြီး Xingxing လိုပဲ အခြားတရုတ်မော်ဒယ်တစ်ဦးဖြစ်သူ Yang Zeqi ဟာ ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဆက်လက် ဖော်ပြခဲ့တာပါ။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ပီတာနီလာဘတ်က ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ Xingxing ထက်အရင် ပျောက်ဆုံးနေတာဖြစ်ပြီး မိသားစုဘက်က ဇန်နဝါရီ ၈ ရက်ကြမှ တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း တိုင်ကြားမှု လက်ခံရရှိစဥ်က ပြောခဲ့ပါတယ်။
Yang ဟာလည်း Xingxing နဲ့ ဖြစ်စဥ်တူပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ စမ်းသပ်မှုအောင်မြင်ပြီးဖြစ်ကြောင်း WeChat မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့အပြီးမှာ သူဟာ ထိုင်းနိုင်ငံဆီ လေယာဉ်အမှတ် VZ3719 နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁ နာရီ ၅၆ မိနစ်မှာ ပေကျင်းမြို့ ဒါဇင်းလေဆိပ်က ထွက်ခွာလာခဲ့သလို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၆ မိနစ်တွင် ရောက်ရှိခဲ့တာပါ။ လေဆိပ်က ထွက်ခွာပြီးနောက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၉ မိနစ်မှာ ထိုင်း-မြန်မာနယ်စပ်အနီးရောက်ရှိချိန် ထုတ်လုပ်ရေးအဖွဲ့က စီစဥ်ပေးထားတဲ့ အခြားယာဉ်တစ်စီးကို ပြောင်းရွှေ့လိုက်ပါသွားခဲ့တာပါ။
ဒီဇင်ဘာ ၂၁ ရက်မှာ Yang ဟာ သူငယ်ချင်းတစ်ဦးထံ မြန်မာနိုင်ငံဘက် ရောက်တော့မှာဖြစ်ကြောင်း ဝမ်းနည်းကြေကွဲစွာ မက်ဆေ့ချ်ပို့အပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သူဘေးကင်းကြောင်းကို သူ့မိခင်ထံ ဗီဒီယိုကောလ် ခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ရာမှာ ဗီဒီယိုထဲမှာ သူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးအနီးမှာ မြင်နိုင်တဲ့ ဒဏ်ရာတွေ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ သူ့ဖုန်းက ပိတ်သွားခဲ့ပြီး အဲဒီကတည်းက အဆက်အသွယ်ထပ်မရတော့တာပါ။
Yang ထံက ဗီဒီယိုကောလ်နဲ့ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်မှာ Yang ရဲ့ မိဘဆွေမျိုးတွေက ဒီအမှုကို တရုတ်ရဲတပ်ဖွဲ့ထံ ဇန်နဝါရီ ၈ ရက်မှာ တိုင်ကြားခဲ့သလို ထိုင်းနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတွေဆီ ဆက်သွယ်အကူအညီတောင်းခံခဲ့အပြီး ဒီနေ့မှာတော့ ထိုင်းအာဏာပိုင်တွေက Yang Zeqi ကို အမိနိုင်ငံဆီ ပြန်ပို့ပေးနိုင်ခဲ့ပြီလို့ အတည်ပြုလာတာပါ။
Yang Zeqi ကို ကယ်တင်နိုင်ခဲ့ပြီး အမိနိုင်ငံဆီ ပြန်ပို့လိုက်နိုင်ပြီဆိုတာကို ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း အတည်ပြုပေးပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်မှု မရှိသေးပါဘူး။
#centralnewsnaypyitaw
မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ဓလေ့ကို ယူနက်စကိုစာရင်းတင်သွင်းမယ်
ဇန်နဝါရီ၁၉
မြန်မာ့သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကို ယူနက်စကိုရဲ့ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်နိုင်ရန်"မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့"ခေါင်းစဉ်နဲ့ UNESCO တွင် စာရင်းဝင်နိုင်ရန် ရေးသားပြုစုနေပြီဖြစ်တယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက နေသိရပါတယ်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက "မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့"ကို UNESCO ရဲ့ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် တင်ပြဖို့စီစဉ်နေပြီး သနပ်ခါးလိမ်းတဲ့ယဉ်ကျေးမှုတွေအကြောင်းတင်ပြမယ့်Nomination Form ( ICH-02) ကို အချိန်မီတင်သွင်းဖို့ ရေးသားမှုတွေရှိနေတာလို့ဆိုပါတယ်။
" သနပ်ခါးနဲ့ပတ်သက်တဲ့ မြန်မာကရိုးရာဓလေ့တွေ ယဉ်ကျေးမှုအကြောင်းတွေကို အခုရေးသားပြုစုနေကြတယ်။အဲ့ဒါကို မြန်မာလို၊အင်္ဂလိပ်လို၊ပြင်သစ်လိုဘာသာ၃မျိုးနဲ့ ရေးသားနေတယ်။အဲ့ဒါကို စာတမ်းဖောင်တင်သွင်းမယ့်မတ်လမတိုင်မှီ ကောင်းမွန်အောင်ရေးသားနေပါတယ်။လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသန ဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင် ကပြောပါတယ်။
"မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" စာတမ်းကို ယူနက်စကို အဖွဲ့ထံ တင်သွင်းရန် ၂၀၂၅ခုနှစ်မတ်လ ၃၁ရက်မတိုင်မှီ နောက်ဆုံးထားဆောင်ရွက်နေရာမှာ စာတမ်းရေးသားပြုစုရေးလုပ်ငန်းအဖွဲ့'က အမျိုးသားပြတိုက်(နေပြည်တော်)ရေးသားဆောင်ရွက်တာတွေရှိနေတယ်လို့ဆိုပါတယ်။
"ကမ္ဘာ့နိုင်ငံတွေအမည်စာရင်းတင်သွင်းသလိုတင်သွင်းတာမှာ ကျွန်တော်တို့ရဲ့ရိုးရာဓလေ့ကိုနိုင်ငံတကာသိသွားမယ်။ကုန်ပစ္စည်းသုံးစွဲတဲ့ဓလေ့နဲ့ခရီးသွားရိုးရာယဉ်ကျေးမှုဓလေ့တွေကနေဝင်ငွေတွေရလာမယ်။ဒါကတော့အကျိုးကျေးဇူးတွေပါ။သမိုင်းကြောင်းအနေနဲ့ကသနပ်ခါးက ဘယ်တုန်းကစသုံးတာကိုသိသလောက်ထည့်ရေးထားတယ်။အစောဆုံးကတော့ နရံပန်းချီအထောက်အထားတွေအရ ပုဂံခေတ်ထဲကစတွေ့တယ်။ဒါပေမယ့်ပုဂံခေတ်မတိုင်ခင်ထဲက သနပ်ခါးလိမ်းတဲ့ဓလေ့ကရှိလောက်ပါတယ်။အဲ့ဒီကမှဆက်တိုက် အင်းဝခေတ်၊ ပင်းယခေတ်၊တောင်ငူခေတ်၊ကုန်းဘောင်ခေတ်နောက်ဆုံးယနေ့မျက်မှောက်ခေတ်အထိအောင်ခေတ်အဆက်ဆက် သုံးလာတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာသနပ်ခါးဓလေ့ကလူတန်းစားမခွဲဘဲ လူတန်းစားပေါင်းစုံသုံးစွဲလာတဲ့သက်သေရှိတယ်။ကျားမ မခွဲဘဲ အလှအပနဲ့တကိုယ်ရည်သန့်ရှင်းရေးကျန်းမာရေးဆိုင်ရာတွေလည်းပါတာပေါ့နော်။အဲ့ဒီ့အကြောင်းအရာတွေထည့်ထားပါတယ်။" လို့ မြန်မာ့သနပ်ခါးဓလေ့အကြောင်းစာတမ်းနဲ့ပတ်သက်ပြီး ဦးဝင်းကြိုင်က ဆက်လက်ပြောထားပါတယ်။
သနပ်ခါးကို မြန်မာနိုင်ငံ အနေနဲ့ ယနေ့အထိ အလေးပေးသုံးစွဲမှုတွေရှိနေသလို ကမ္ဘာ့နိုင်ငံ တွေထဲမှာ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို စတဲ့နိုင်ငံတွေမှာလည်း ပြောင်း ရွှေ့အလုပ်လုပ်ကိုင်သူ တွေကတဆင့်ယဉ်ကျေးမှုကူးစက်တာတွေရှိတာကြောင့်အခြားနိုင်ငံ တွေမှာလည်းသနပ်ခါးလိမ်းတာတွေ ရှိနေနိုင်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ သနပ်ခါးပင်ကို အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊မကွေး၊ပုဂံညောင်ဦး စတဲ့နေရာဒေသတွေမှာစိုက်ပျိုးမှုရှိတယ်လို့ဆိုပါတယ်။
လက်ရှိမှာ ရှင်မတောင် သနပ်ခါး တုံး အသေးတစ်တုံးကို ငွေကျပ်၁၅၀၀မှ ၃၀၀၀ကျပ်အထိဈေးဖြစ်ပေါ်နေကာ အရွယ်အစားအလိုက်ဈေးအမျိုးမျိုးရှိတတ်ပြီး သနပ်ခါးတုံး အပွေးကောင်းကောင်း အတုံးကြီးတစ်တုံးကို ငွေကျပ်၅၀၀၀မှ၁၀၀၀၀ကျပ်အထိ ဈေးဖြစ်ပေါ်နေကြောင်း သိရပါတယ်။
Photo- Cj
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး



ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ JMEV ရဲ့ EV3 Plus 2025 version
Jiangling Motors အနေနဲ့ သူတို့ရဲ့ ကားသစ်တစ်စီးဖြစ်တဲ့ JMEV Yizhi EV3 Plus 2025 Version နိုင်ငံတကာမှာတော့ JMEV EV3 Plus လို့ လူသိများတဲ့ ကားသစ်တစ်စီးကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ စျေးကွက်ထဲမှာတော့ BYD Seagull နဲ့ Wuling Bingo တို့လို ကားတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။ JMEV EV3 Plus ကို ဗားရှင်း နှစ်မျိုးရရှိနိုင်မှာ ဖြစ်ပြီး စျေးနှုန်းအားဖြင့် Comfort Version ကိုတော့ 8550 USD နဲ့ Luxury Version ကို 9100 USD ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
Jiangling ကိုတော့ JMC လို့ လူသိများပြီး truck ကားထုတ်လုပ်သူအဖြစ် ကျော်ကြားပါတယ်။ ဒါတင်မကသေးပါဘူး Yusheng နဲ့ အတူ notorious Landwind brand ရဲ့ နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်ပြီး Ford နဲ့လည်း Joint Venture အဖြစ် ဖက်စပ်လုပ်ကိုင်လျက်ရှိပါတယ်။ EV3 Plus ကားသစ်က JMEV လို့ခေါ်တဲ့ Jiangling ရဲ့ new energy division ကနေ ဆင်းသပ်လာတာပါ။
JMC ကနေ ထုတ်လုပ်တဲ့ ထင်ရှားတဲ့ လျှပ်စစ်ကားတစ်စီးကတော့ Yusheng S330 ရဲ့ electrified version ဖြစ်တဲ့ Ford Territory ကားဖြစ်ပြီး Territory ကားကို ICE Version နဲ့လည်း ရရှိနိုင်ပါသေးတယ်။ ဒါ့အပြင် Xiaomi-backed ဖြစ်ထုတ်လုပ်ထားတဲ့ SC-01 sports car ကလည်း JMEV brand ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့က ကြော်ငြာထားတာလည်း ရှိနေပါတယ်။
EV3 Plus ရဲ့ အတွင်းဘက်မှာ ဆိုရင်လည်း ပုံမှန်လျှပ်စစ်ကားတွေလိုမျိုးပဲ dashboard-mounted central infotainment screen ကို ထည့်သွင်းပေးထားပြီး instrument display အတွက် သပ်သပ် Display ခွဲထားတာမျိုးတော့ မရှိပါဘူး။ ထွက်ပေါ်လာတဲ့ ပုံတွေအရ ပန်းရောင် ကာလာကား ကို တွေ့မြင်ရပြီး အတွင်းခန်းမှာလည်း ပန်းရောင် theme လေးကို တွေ့မြင်ရမှာပါ။
JMEV EV3 Plus အရွယ်အစားက 3720/1640/1535 mm နဲ့ Wheelbase 2390 mm ရှိပြီး Curb Weight ကတော့ 1060 kg ရှိပါတယ်။ Power အပိုင်းမှာတော့ maximum torque 125 Nm ရှိတဲ့ 50 kW electric motor ထည့်သွင်းပေးထားပြီး အရင်ဗားရှင်းတွေမှာ အသုံးပြုခဲ့တဲ့ 40 kW နဲ့ 36 kW motors တွေထက် စွမ်းဆောင်ရည် ပိုများပါတယ်။
JMEV EV3 Plus 2025 version မှာတော့ 30.24 kWh battery back ကို ထည့်သွင်းပေးထားတာကြောင့် 330 km range (CLTC) အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး Top Speed 102km/h အထိ ရရှိနိုင်မှာပါ။
JMEV Brand ကို JMC ကနေ 2015 တုန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2019 ခုနစ်မှာတော့ joint venture အဖြစ် Renault က ရှယ်ယာ 50% ပါဝင်ခဲ့ပေမယ့် လက်ရှိမှာတော့ ရှယ်ယာတွေ ရှိသေးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ကုမ္ပဏီရဲ့ website မှာဖော်ပြထားတဲ့အချက်အလက်တွေအရေ လက်ရှိအချိန်ထိ Brand ရဲ့ ရောင်းအားက အစီးရေ 100,000 ကျော် ရှိတယ်လို့ ဖော်ပြထားပြီး လက်ရှိမှာလည်း EV2, EV3 နဲ့ Elight models တွေကို ရောင်းချပေးလျက်ရှိပါတယ်။
JMEV လို့ ပြောလိုက်ရင် လူသိပ်မသိကြပေမယ့် JMC လို့ ပြောလိုက်တာနဲ့ ကားစိတ်ဝင်စားသူတွေ တော်တော်များများသိကြတဲ့ Brand ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာလည်း JMEV လျှပ်စစ်ကားတွေကိုလည်း လက်ရှိမှာ တင်သွင်းရောင်းချပေးနေတာတွေ ရှိပါတယ်။ ဒါကြောင့် အခုသစ်ထွက်ရှိလာတဲ့ JMEV EV3 Plus ကိုရော မကြာခင် တင်သွင်းရောင်းချလာနိုင်မလားဆိုတာနဲ့ တကယ်လို့များ ရောင်းချဖြစ်ခဲ့ရင် ဖြစ်လာနိုင်တဲ့ စျေးနှုန်းကို မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်လေးတွေ မျှဝေပေးခဲ့ပါဦး