39 w - Translate

လော်ထမ်းပြီးလမ်းလျှောက်လာမလို့နဲ့တူတယ် 😁

image
39 w - Translate

ဒိုင်လူကြီးများက အသင်းကြီးများကို မသိမသာ ဘက်လိုက်နေဟု ဝုဗ်နည်းပြ အိုနေးလ် ပြော


ပရီးမီးယားလိဂ် ဒိုင်လူကြီတွေဟာ ထိပ်တန်းအသင်းကြီးတွေအပေါ် မသိမသာ ဘက်လိုက်မှုတွေ ရှိကြောင်း ဝုဗ်နည်းပြ ဂယ်ရီအိုနေးလ်က ပြောသွားပါတယ်။

မန်စီးတီးနဲ့ပွဲစဉ် နောက်ဆုံးမိနစ်မှာ ဂျွန်စတုန်းစ်ရဲ့ သွင်းဂိုး ခွင့်ပြုလိုက်ရတဲ့အပေါ် နည်းပြအိုနေးလ်က မကျေမနပ်ဖြစ်ခဲ့တာပါ။

အဲဒီသွင်းဂိုးမှာ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက လူကျွံနေခဲ့ပေမဲ့ ဂိုးသမား ဆာကို နှောင့်ယှက်မှုမရှိတာကြောင့်ဆိုပြီး ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာပါ။

အလားတူဖြစ်ရပ်မျိုးကို မနှစ်တုန်းက ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာဖြစ်ခဲ့ပြီး ဂိုးအဖြစ် သတ်မှတ်ပေးခြင်း မရှိခဲ့ကြောင်း ဝုဗ်နည်းပြ အိုနေးလ်က ပြောပါတယ်။

ဒိုင်လူကြီးတွေအနေနဲ့ အင်အားကြီးတဲ့အသင်းကြီးတွေဘက်ကို မသိမသာ ဘက်လိုက်နေပြီး ဝုဗ်လို အသင်းငယ်တွေနဲ့ ပွဲစဉ်တွေမှာ ဆုံးဖြတ်ချက်တမျိုး၊ အသင်းကြီးတွေဆိုရင် ဆုံးဖြတ်ချက် တမျိုးချမှတ်နေကြောင်း နည်းပြအိုနေးလ်က ဝေဖန်သွားခဲ့ပါတယ်။
DVB

image
39 w - Translate

21 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,350
USD Sell - MMK 4,450
EUR Buy - MMK 4,670
EUR Sell - MMK 4,800
SGD Buy - MMK 3,355
SGD Sell - MMK 3,420
THB Buy - MMK 129.87
THB Sell - MMK 133.33
JPY Buy - MMK 28.83
JPY Sell - MMK 29.60
MYR Buy - MMK 1,000
MYR Sell - MMK 1,030
CNY Buy - MMK 605
CNY Sell - MMK 621

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,950,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,350,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
39 w - Translate

သိဘို့
အဟင်းဟင်း...

39 w - Youtube

39 w - Translate

messenger မှ noti ဝင်သာသော်လည်း ကိုကြီးဆီမှ မဟုတ်သောအခါ -🙄

image
39 w - Translate

သူငယ်ချင်းဆိုတာ🤗

image
39 w - Translate

အမေက အိမ်မှာရှိတာ အဆင်ပြေသလို၀တ်သွားဆိုလို့

image

ဆေးဘဲဥ လုပ်နည်း

ဆေးဘဲဥ (Century Egg)

ပြာ၊ ထုံး၊ ဆား၊ ရေနွေးကြမ်း
အရည်၊ စပါးခွံ နှင့် မြေကြီးတို့ အချိုးကျပေါင်းစပ်ပြီး ၄၅ရက်
ထားခြင်းဖြင့် စားသုံးရန်သင့်သောဆေးဘဲဥကိုရရှိမှာဖြစ်ပါတယ်။
ထိုဆေးဘဲဥကို နှစ်ပေါင်းရာနှင့်ချီထားခြင်းဖြင့် ပို၍ဆေးဖက်ဝင်သော၊ ခန္ဓာကိုယ်ကာင်းမွန်သောဆေးဘဲဥအဖြစ် ရရှိမည်ဖြစ်ပါတယ်။
ဆေးဘဲဥက တရုတ်လူမျိုးများ၏
ရိုးရာအစားအစာများထဲက တစ်ခုဆို
လည်း မမှားပါဘူး။ ဆေးဘဲဥ လတ်ဆတ်မှုရှိ မရှိကို သိရှိလိုလျှင် မိမိ
လက်ချောင်းလေးနှစ်ချောင်းဖြင့်
ဆေးဘဲဥကို ပုတ်ကြည့်သည့်အခါ တုန်ခါမှုရှိပါက လတ်ဆတ်သည် ဟု ပြောလို့ရပါတယ်။ ယခုအခါ
ဆေးဘဲဥများကို ပြာအစား ဘိလပ်မြေ ကိုပြုပြီး ထုတ်လုပ်လာသည့်
သူများလည်း ရှိပါတယ်။ ဆေးဘဲဥကို နှစ်သက်စွာစားသုံးနေသူများအတွက် လွန်စွာအန္တရာယ်ရှိသည်လို့ ဆိုရမှာ
ဖြစ်ပါတယ်။ ရိုးရိုးဆေးဘဲဥနှင့်
ဘိလပ်မြေဖြင့်ပြုလုပ်ထားသော
ဆေးဘဲဥကို ခွဲခြားနိုင်သည့် နည်း
လမ်းမှာ ဆေးဘဲဥအနှစ်၏ အရောင်ပင်ဖြစ်ပါတယ်။ ပုံမှန်ဆေးဘဲဥအနှစ်မှာ လိမ္မော်ရင့်အရောင်ဖြစ်ပြီး နှစ်ချီထားသောဆေးဘဲဥ၏အနှစ်အရောင်မှာ အမဲရောင်ဖြစ်ကာ
ခန္ဓာကိုယ်အတွက်လည်း ပို၍
ဆေးဖက်ဝင်သော အစားအစာ
တစ်မျိုးလည်းဖြစ်ပါတယ်။ သို့ပေ
မယ့် ယခုခေတ် ဘိလပ်မြေနှင့် ပြုလုပ်သော ဆေးဘဲဥအနှစ်၏အရောင်မှာလည်း အမဲရောင်ဖြစ်နေပါတယ်။ ထိုအခြေနေနှစ်ခုတွင် နှစ်ချီထားသော ဆေးဘဲဥနှင့် ဘိလပ်မြေဖြင့်
ပြုလုပ်သော ဆေးဘဲဥကို ခွဲခြားရန်လည်း အခက်အခဲရှိနေနိုင်ပါတယ်။

ဆေးဘဲဥ၏ ဆေးဖက်ဝင်ပုံ

ဆေးဘဲဥကို စားသုံးခြင်းဖြင့် အဆုတ်ရောဂါ၊ တီဘီရောဂါ၊ ပန်းနာရင်ကြပ် ရောဂါများကို ကာကွယ်နိုင်သလို အသည်းကို အားကောင်းစေပါတယ်။ ခန္ဓာကိုယ်မှာလိုအပ်သော ဗီတာမင် အေ၊ ဘီနှင့် ဘီတွဲလ် (B12) ဓာတ်များကိုလည်း ရရှိစေပါသည်။

အလင်းအိမ်အနေဖြင့်လည်း
ကျန်းမာရေးနှင့် ညီညွတ်ပြီး
ဆေးဖက်ဝင်သောဆေးဘဲဥများကို
စားသုံးသူလက်ဝယ်ရောက်ရှိနိုင်ရန်
အတွက် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။

ကျန်းမာသောအစားအစာများကို
စားသုံးခြင်းဖြင့် ပျော်ရွှင်သောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

image

အိန္ဒိယစတိုင်လ် ဘဲဥဟင်း
==================
ပါဝင်ပစ္စည်း

ဘဲဥ ၄လုံး
ကုလားပဲခြမ်း ၂ဇွန်း
ကြက်သွန်နီ ၁လုံး
ခရမ်းချဉ်သီး ၂လုံး
ကြက်သွန်ဖြူ ၃မွှာ
ချင်းပါးပါး ၂ချပ်
အိန္ဒိယမဆလာ ၁ဇွန်း tsp
သကြား ၁ဇွန်း tsp
ဆား,ဟင်းခတ် အနည်းငယ်စီ
နနွှင်း အနည်းငယ်
ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်
ပျဉ်းတော်သိမ်ရွက် ၁၀ရွက်
ငရုတ်သီးအခြောက်တောင့် ၄တောင့်
နံနံပင် အနည်းငယ်

ပြုလုပ်နည်း

-ကုလားပဲကိုနူးအောင်ပြုတ်ထားပါ။
-ကြက်သွန်နီ,ဖြူ,ချင်း ကိုညက်အောင်
ထောင်းထားပါ။
-ဒယ်အိုးထဲမှာ ဆီထည့်၍ နနွင်းအနည်း
ငယ်နှင့်ထောင်းထားသည်များကို ထည့်၍
ဆီသတ်ပါ။
-ကြက်သွန်တွေနွမ်းသွားရင် ငရုပ်သီး
အစိမ်းမှုန့်ထည့်ပါ။
ဆား,ဟင်းခတ်မှုန့်ထည့် ပေးပါ။
အားလူးကိုအတုံးသေးလေးတွေတုံး
ပြီး၃မိနစ်လောက် ဆက်ပြီးဆီသတ်ပါ။
မဆလာထည့်ပါ ။ရေအနည်းငယ်ထည့်
၁မိနစ်လောက်ကြာရင် ခရမ်းချဉ်သီးထည့်
ပါ။ ဘဲဥပြုတ်ပြီးသားများကိုအခွံခွာပြီး အရ
သာဝင်အောင်ဓါးနဲ့မွှန်းပြီးထည့်ပါ။
ပြုတ်ထားသောကုလားပဲခြမ်းများထည့်ပါ။
ဟင်းအနည်းငယ်ပျစ်သွားသည့်အထိ
မီးအေးအေးနဲ့၅မိနစ်လောက်ချက်ပေးပါ။
ပြီလျှင် မန်ကျည်းသီးမှည့်အရည်ကို အနည်းငယ်ခပ်ပြီး အရသာအနေတော်ရင်
ငရုပ်သီးခြောက်ကြော်နဲ့နံနံပင်အုပ်လိုက်
၍သုံးဆောင်ပါ။

image