44 w - Translate

ဆနွင်းမကင်းမုန့်ကိုတော့လူတိုင်းသိကြမှာပေါ့။
နာမည်မှာသာ ဆနွင်းဆိုပြီးပါတာ တကယ်တမ်း
ဆနွင်းထည့်ဖို့လိုလားဆိုမလိုဘူးလေ။
ဥပမာ-သူ့ဘဝတွက်အရေးပါ ပါတယ်ဆိုပြီး ပါးစပ်ကတဖွဖွပြောနေပေမဲ့
တကယ့်လက်တွေ့မှာတော့ မလိုအပ်သလိုမျိုးပေါ့။
#စာတို

44 w - Translate

ဘယ်ပန်းကို ကြိုကိမိပါလဲရှင် 😘😘

image
44 w - Translate

ဘယ်ပန်းကို ကြိုကိမိပါလဲရှင် 😘😘

image
44 w - Translate

ဘယ်ပန်းကို ကြိုကိမိပါလဲရှင် 😘😘

imageimage
44 w - Translate

Beddua: The Curse 2018
အထက်တန်းကျောင်းတုန်းက သူငယ်ချင်းမလေး လေးယောက်သား ကျောင်းပြီးသွားပြီး
နှစ်ပေါင်းများစွာအကြာမှာ ဘဝကိုယ်စီနဲ့တစ်ယောက်တစ်နေရာစီ ရောက်နေကြတာပေါ့။ ဒါပေမယ့် အတိတ်က အိပ်မက်ဆိုးကြီးတစ်ခုက သူတိုကို အတူတူပြန်တွေ့ကြဖို အကြောင်းဖန်
လာပါတယ်။
အဲဒါကတော့ သူတိုလေးယောက်ထဲက အထက်တန်းတုန်းက အကြောသေသွားခဲ့တယ့် "မယ်လက်ခ်" ဆိုတဲ့ကောင်မလေးနဲ့သက်ဆိုင်နေပါတယ်။မယ်လက်ခ်တစ်ယောက်ဒီလိုအကြောသေသွားတာနဲ့ပတ်သက်ပြီး သူတိုရွာကစုန်းမကြီးတစ်ယောက်ကြောင့်ဆိုတာကလွဲပြီး ကျန်တဲ့အကြောင်းအကျိုးတွေကိုတော့ ဘယ်သူမှမသိကြပါဘူး။မယ်လက်ခ်တစ်ယောက်ဘာကြောင့်အဲဒီလိုဆိုးဝါးတဲ့ဝေဒနာတွေကို ခံစားနေရရှာတာလဲ၊အဲဒီအဖြစ်ဆိုးကြီးကကျန်တဲ့သူငယ်ချင်းသုံးယောက်အပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေဆက်ရှိလာမလဲ စတာတွေကို ခြောက်ခြားဖွယ်ရာ ရှုစားရမယ့်
ဇာတ်ကားလေးမို အားလုံးကြိုက်ကြမယ်လို ထင်ပါတယ်။
#horror

image

ဆင်မလိုက်ဆိပ်ကမ်းမှာ သင်္ဘောမီးလောင်ပေါက်ကွဲလို့ အင်ဂျင်နီယာမှူးသေပြီး နှစ်ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၃

ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဆိပ်ကမ်းမှာ ဇန်နဝါရီ ၂ရက်နေ့က ကွန်တိန်နာသင်္ဘောတစီး မီးလောင်ပေါက်ကွဲပြီး သင်္ဘော အင်ဂျင်နီယာမှူးသေဆုံးကာနောက်ထပ် အမျိုးသားနှစ်ယောက်လည်း ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့သိရပါတယ်။

" မနက် ၁၀ နာရီလောက်ဖြစ်တာ။ သင်္ဘောရဲ့ဆီကန်ထဲကနေ ဆီကိုစုပ်ထုတ်တာမှာ သင်္ဘောကိုယ်ထည်နဲ့ပန့်ပွတ်မိပြီး မီးပွင့်ပေါက်ကွဲတာလို့သိရတယ်။အင်ဂျင်နီယာမှူးဆိုသူကနေရာမှာပဲဆုံးတယ်။ကျန်တဲ့ဒဏ်ရာရတဲ့နှစ်ယောက်ကလည်း ဒဏ်ရာအတော်ပြင်းတယ်။တကိုယ်လုံးထိကြတာဆိုတော့ စိုးရိမ်ရတဲ့အခြေအနေပါ။မနေ့ကတည်းက ရန်ကုန်ဆေးရုံ ကြီးကိုပို့လိုက်တယ်။" လို့ ဒေသခံ လူမှုကူညီရေးသမားတယောက်ကပြောပါတယ်။

ပေါက်ကွဲမှုအတွင်းသေဆုံးခဲ့တဲ့ အင်ဂျင်နီယာမှူးက အသက် ၃၁ နှစ်အရွယ် ကိုရဲထွန်းဝင်းဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေက အသက်၂၁ နှစ်အရွယ် ကိုဝေလွင်ထွန်း အသက် ၃၄ နှစ်အရွယ်ကိုစိုးထွန်းနိုင်တို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

အဆိုပါ ပေါက်ကွဲခဲ့တဲ့သင်္ဘောက ရန်ကုန်-ကော့သောင်းပြေးဆွဲနေတဲ့ MV.MCL9 ကွန်တိန်နာသင်္ဘောဖြစ်ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သေဆုံးသူအင်ဂျင်နီယာမှူးကို အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။

မတ်လ ၁ရက်နေ့ကလည်း ရန်ကုန်၊ကြည့်မြင်တိုင်မြို့နယ်၊ဗားကရာဆိပ်ကမ်းအနီး ရန်ကုန် မြစ်ထဲမှာ ဆီတင်သင်္ဘောပေါက်ကွဲလို့လူသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
44 w - Translate

အသက်ငယ်ငယ်နဲ့ ပဲပြုတ်ရောင်းပြီး မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ ပဲပြုတ်သည် ညီမလေး မေပုလဲဟန်ကို သနားဂရုဏာ သက်မိလို့ ပရဟိတကိုထွန်းမင်းနဲ့ ပေါင်းပြီး အလှူငွေ သိန်း(၃၀) ကျော် ကူညီထောက်ပံ့ပေးခဲ့တဲ့ မင်းသားချောလေး တိုင်ရွန်💛💛💛

image
44 w - Translate

နှစ်သစ်မှာ အရာအားလုံး အဆင်ပြေကြပါစေရှင့် 🤗

image
Okpar changed her profile picture
44 w

image
44 w - Translate

Dri.....ve (2024) ဇာတ်ကားသစ်
မင်းသမီးချောလေး Park Ju Hyun က
အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့
နာမည်ကြီး YouTuber တစ်ယောက်ပါ။
သူ့ဘဝလေးက သာ‌ယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာဘယ်သူဘယ်ဝါမှန်း
မသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။
ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီး
တစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။
Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက်
ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။
ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို
ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

#crd

image