မွန်ရိုးရာ ငါးနှပ်သောက်ဆမ်းဟင်း
=============================

အခုတလောလေးမှာ စျေးဘက်ရောက် တိုင်း ငါးစျေးတန်းထဲမှာ ငါးနှပ်တွေ ရောင်း နေတာတွေ့တော့ ကျောင်းသားဘဝတုန်းက ဆယ်ဗလာရွာမှာစားခဲ့ရတဲ့ ငါးနှပ်မွန်ဟင်း ကို သတိသွားရမိပါတယ်။ ဘွဲ့ယူစာတမ်းဖြစ် တဲ့ ဓမင်းငါးဖမ်းကိရိယာအကြောင်းကို မွန် ပြည်နယ် ဘီလူးကျွန်း ၆၄ ရွာထဲက တစ်ရွာ ဖြစ်တဲ့ ဆယ်ဗလာရွာမှာ ကွင်းဆင်းပြီး ရေးရ တာပါ။

တစ်ရွာလုံးလိုလိုက ရေလုပ်ငန်းလုပ်ကိုင် တဲ့ မွန်တိုင်းရင်းသားတွေဖြစ်လို့ မွန်ရိုးရာ ဟင်းလျာတွေကို စားဖြစ်ရင်းက နှစ်နှစ် ခြိုက်ခြိုက် ကြိုက်သွားတာပါ။ ငါးနှပ်ဆိုတာက အကြေးခွံမပါတဲ့ အဖြူရောင်နောက်နောက် ပင်လယ်ငါးတစ်မျိုးပါ။ ငါးနှပ်ကို တန်းထိုးပြီး လှန်းလို့ ခြောက်သွားတဲ့ ငါးနှပ်ခြောက်ကို တော့ အာဗြဲခြောက်လို့လည်း ခေါ်ကြပါတယ်။

အဲဒီငါးနှပ်ကို မွန်ရိုးရာအတိုင်း အရည် ကလေးနဲ့ သောက်ဆမ်းချက်ထားရင် စားဖူး သူတိုင်း ကြိုက်နှစ်သက်သွားကြတာချည်းပါ။ ငါးနှပ်သောက်ဆမ်းချက်မယ်ဆိုရင် မပါမဖြစ် တာက မရမ်းပြားပါ။ မွန်ဟင်းတိုင်းလိုလိုမှာ အချဉ်အတွက်ဆို မရမ်းပြားသုံးကြပါတယ်။ ငါးနှပ်သောက်ဆမ်း ချက်တော့မယ်ဆိုရင် ငါးနှပ်ကို ခေါင်း၊ အမြီးနဲ့ ရေယက်များသန့်စင် ပြီး နှစ်ပိုင်းလောက်ပိုင်းကာ မျှင်ငါးပိနဲ့ နယ် ထားပါ။

စပါးလင် သုံးချောင်းလောက်ထုပြီး အသင့်ထုံးထားပါ။ ကြက်သွန်ဖြူ၊ နီ ရော ထောင်းပြီးရင်တော့ ဟင်းအိုးပြင်လို့ရပါပြီ။ သောက်ဆမ်းဟင်းချက်မယ့် အိုးကျယ်ကျယ် တစ်လုံးထဲကို အသင့်နယ်ထားတဲ့ ငါးနှပ်ပိုင်း များ ထည့်။ ဆား၊ နနွင်း သင့်ရုံခပ်။ ကြက်သွန် ထောင်းပြီးသား အရောထည့်ကာ အထက် အောက် နှံ့အောင်မွှေ။ ဆီပါလေကာဝေ့ဆမ်း။ ငါးမြုပ်သည်အထိ ရေထည့်ပြီး ဖိုပေါ်တည် ပါတယ်။

ဟင်းအိုးပွက်ပွက်ဆူလာတဲ့အခါ ပွလာ အောင် ရေစိမ်ထားတဲ့ မရမ်းပြားများကို ဆယ်ပြီးထည့်ပါ။ ငါးမကြေသွားအောင် အိုးကို လှည့်ပြီး လှုပ်ရုံလှုပ်ပေးပါ။ ဟင်းရည်ပေါပေါ အနေမှာ ပွက်ပွက်ဆူလာရင် အသင့်ပြင်ထား တဲ့ ငရုတ်သီးစိမ်းတောင့် ခွဲခြမ်းနဲ့ လှီးဖြတ် ထားတဲ့ ရှမ်းနံနံအုပ်၊ ငရုတ်ကောင်းမှုန့်ခပ်ကာ အပေါ့အငန်မြည်းပြီး ဖိုမှချပါ။ ငါးနှပ်အရသာ ချိုမြမြမှာ စပါးလင်နံ့လေးသင်းနေတဲ့ ပူပူ လောင်လောင်၊ ချဉ်ချဉ်စပ်စပ် မွန်ရိုးရာ ငါးနှပ် အရည်သောက်ဟင်းလျာကို ဧကန်မုချ ကြိုက်ကြမှာပါ။

image
50 w - Translate

ရော်နယ်ဒို တစ်ဂိုးသွင်း ဘန်ဇီးမားတစ်ဂိုးသွင်း
အယ်နယ်ဆာကတော့ မိနစ် 90 အသည်းခွဲဂိုး
ရူံးနိမ့်ခဲ့ပါပီ အယ်နယ်ဆာမှာဆော်ဒီက ကစားသမားတွေရောင်းထုတ်သင့်နေပီ
ဇယားထိပ်က အယ်ဟီတီဟတ်နှင့်
11 မှတ်ကွာသွားပီဖြစ်တာကြောင့်
အမှတ်ပေးဖလားကို လက်ပြနူတ်ဆက်နေပါပီ

ဖလားလိုချင်လို့ဇယားထိပ်ဆုံးအသင်းတွေကို ပြောင်းနေသော်လည်း ဖလားနဲ့အလှမ်းဝေးနေဆဲ🥹

image
50 w - Translate

မိမိရဲ့ ငယ်ဘဝအိပ်မက်မှာ လေယာဉ်မောင်ဖြစ်ချင်ပါသော်လည်း
တကယ်တမ်း လက်တွေ့ဘဝမှာ ကားစပါယ်ယာဖြစ်လာသောအခါ… 🥹

image
50 w - Translate

မနာကြ၊င်ချင်ရင်
ကိုယ်ကဦးအောင် ဖော၊က်ပြန်

image
50 w - Translate

ကျနော်နှင့်အမေ အတင်:ပြောရာနေရာ

image
50 w - Translate

Pancake with Chocolate 🍫

image
50 w - Translate

Pancake with Chocolate 🍫

image
50 w - Translate

Pancake with Chocolate 🍫

image
50 w - Translate

Pancake with Chocolate 🍫

image
50 w - Translate

Pancake with Chocolate 🍫

image