ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
tiktokနဲ့_စီးပွားဖြစ်တဲ့အမေရိကန်တွေ_ကြေကွဲရတဲ့နေ့
------------------------------------------------------------------------------
TikTok က သူတို့အကြိုက်ဆုံး ဗီဒီယိုတွေကို သိမ်းဆည်းဖို့ အီလေးဆွဲနေခဲ့တဲ့ အမေရိကန်သုံးစွဲသူတွေ ဇန်နဝါရီ ၁၉ ရက်မှာတော့ ရုန်းရင်းဆန်ခတ်..။
တရုတ်နိုင်ငံနဲ့ TikTok ဆက်ဆံရေးအပေါ် စိုးရိမ်မှုတွေကြောင့် တားမြစ်ပိတ်ပင်မှုကို သောကြာနေ့မှာ အမေရိကန်တရားရုံးချုပ်က အတည်ပြုခဲ့ပါတယ်။ အမေရိကမှာ တနင်္ဂနွေနေ့ 121 am ET အချိန်ရောက်ရင် TikTok အမှောင်ကျသွားလိမ့်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၈ ကစပြီး အမေရိကန်မှာ TikTok သုံးခဲ့တဲ့သူတွေ အထူးသဖြင့် TikTok နဲ့ အကျိုးဖြစ်ခဲ့တဲ့သူတွေ ဗျာများကုန်ပါတယ်။
ဖျော်ဖြေရေးကုမ္ပဏီ Lionsgate ဟာ "လောလောဆယ်ပျက်နေတယ်" ဆိုတဲ့ စာတန်းနဲ့ "The Hunger Games" ကို တည်းဖြတ်ခဲ့ပါတယ်။
ကုမ္ပဏီတစ်ခုအတွက် TikTok Content ဖန်တီးဖို့ မကြာသေးခင်က အလုပ်ခန့်ခံရတဲ့သူတစ်ဦးက “ငါ့ရဲ့ သူဌေးအသစ်ကို ဘယ်သူပြောမှာလဲ” လို့ ပို့စ်တင်လိုက်ပါတယ်။
Gatorade၊ Diet Coke၊ Disney on Ice နဲ့ Fanatics အပါအဝင် ကုမ္ပဏီ TikTok အကောင့်တွေ တာဝန်ယူရတဲ့ ဝန်ထမ်းတွေကတော့ TikTok ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြပါတယ်။
ဘိုင်ဒင်အစိုးရရဲ့ ဥပဒေတစ်ရပ်အရ TikTok ရဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDance အနေနဲ့ ဒီအက်ပ်ကို တရုတ်မဟုတ်တဲ့ ဝယ်သူတွေဆီ ရောင်းချနိုင်တယ် ဒါမှမဟုတ် ကန်သမ္မတက ရက် ၉၀ တစ်ကြိမ် သက်တမ်းတိုးပေးနိုင်ပါတယ်။
ဒါပေမယ့် ByteDance က မရောင်းဘူးလို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ByteDance ကို ရောင်းချဖို့ အချိန်ပိုရအောင် ထရမ့်က ရက် ၉၀ သက်တမ်းတိုးပေးနိုင်တယ်လို့ ထရမ့်က NBC News ကို စနေနေ့က ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်သမျှနည်းနဲ့ app ပြန်လာလိမ့်မယ်လို့ မျှော်လင့်ထားသူတွေ ရှိလာပါတယ်။
နက္ခတ္တဗေဒ" အခိုက်အတန့်တွေကို စုစည်းတည်းဖြတ်တင်ပြခြင်းနဲ့ follower 4.5 သန်း ရရှိထားတဲ့ Toronto က Gaetano ဟာ သူ့ရဲ့ အမေရိကန် Follower တွေကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်၊ သူ့ follower 75% လောက်က အမေရိကန်ကဖြစ်တာမို့ သူ့၀င်ငွေကို ထိခိုက်နိုင်ပြီး ကနေဒါမှာလည်း TikTok တားမြစ်ဖို့ ခြိမ်းခြောက်မှုတိုးလာမှာ သူ စိုးရိမ်နေပါတယ်။
သူ့လိုပဲ ဝင်ငွေဆုံးရှုံးမှာ စိုးရိမ်တဲ့ တခြားဖန်တီးရှင်တွေဟာ TikTok ပလက်ဖောင်းသုံးပြီး ငွေဘယ်လောက်ရလဲ ရှင်းပြတဲ့ ဗီဒီယိုတွေ လွှင့်တင်ထားပါတယ်။
Follower 305,000 ရှိတဲ့ ဆရာမဖြစ်ပြီး Amber Marie လို့ခေါ်တဲ့ ဖန်တီးသူဟာ 2024 ခုနှစ် ဇန်နဝါရီလတွင် $11,700 ၊ August မှာ $1,600 ရခဲ့တယ် ဆိုပါတယ်။ ဒီအက်ပ်နဲ့ရတဲ့ အပိုဝင်ငွေက သူမလို ဆရာမတစ်ယောက်ကို ခရီးထွက်နိုင် အိမ်ဝယ်နိုင်စေတယ်လို့ ဆိုပါတယ်။
Follower 45,000 နီးပါးရှိတဲ့ TikTok ဖန်တီးသူ Dana Donnelly က ပိတ်ပင်မှုသက်တမ်းကြာသွားရင် အက်ပ်အသစ်တစ်ခုက TikTok ကို နောက်ဆုံးမှာ အစားထိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် Follower တွေ လိုက်လာဖို့တော့ အာမခံချက် မရှိပါဘူး။
ကွင်းသစ်တစ်ခုထဲကို လျှောက်လှမ်းပြီး အဲဒီမှာ ပရိသတ်အသစ်ကို ရှာတွေ့ဖို့ပဲ မျှော်လင့်စရာ ရှိပါတော့တယ်တဲ့။
—
Crd

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက် လေ့လာနိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေကြောင်း သိရသည်။
ထို့ပြင် ယင်းနေရာတွင်ပင် (၁၇)ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့် ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်းထားရှိထားကြောင်း သိရသည်။
မြန်မာ့ရွှေသမင်များထားရှိရာ စန္ဒကူးတောသို့ ပုပ္ပားကျေးရွာမှ တောင်ကလပ်သို့ သွားရာလမ်း ပုပ္ပားတောင်ဥယျာဉ်အဝင်ဝမှ စတင်ဝင်ရောက်နိုင်ပြီး ပရဆေးဥယျာဉ်အနီးတွင် တည်ရှိကြောင်း၊ ဘေးမဲ့တောဥယျာဉ်ထဲတွင် ရွှေသမင်အမ (၁၁)ကောင်၊ အထီး (၄)ကောင်နှင့် ဆတ်အထီး (၁)ကောင်နှင့် အမ (၄)ကောင်တို့ရှိပြီး ရွှေသမင်များနှင့် ဓာတ်ပုံရိုက်ကူးနိုင်ကြောင်း သိရသည်။
ထို့ပြင် ရွှေသမင်များအား ဖွဲနု၊ မယားနင်းရွက်၊ ကြောင်ထောက်ရွက် (ကြောင်ရှာပင်မျိုးနွယ်)၊ ငှက်ပျောသီးတို့ကိုလည်း အစာပြေဖြစ်စေ၊ အဝဖြစ်စေ ဘူဖေးကျွေးမွေးနိုင်ပြီး ဘူဖေးတစ်ခါကျွေးလျှင် ကျပ် (၅၀၀၀၀)နှုန်းဖြင့် ကျွေးမွေးနိုင်ကြောင်းလည်း သိရသည်။
ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲသည် အကြိမ် (၂၀) မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကာ ဘာသာပြန်ပညာရှင်အဆင့်ကို ရည်မှန်း၍ ဂျပန်ဘာသာကို အဆင့်မြင့်လေ့လာနေသူများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။
ပြိုင်ပွဲကို “ကျွမ်းကျင်အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိ အခြေခံအဆင့်ဂျပန်ဘာသာလေ့လာနေသူများအတွက် “အငယ်တန်း အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဟူ၍ ခွဲခြားကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြိုင်ပွဲတွင်ဆုရရှိသူများကို ဂုဏ်ပြုလွှာနှင့်အတူ ဆုလက်ဆောင်များချီးမြှင့်ပေးအပ်သွားမည့် အပြင် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဂျပန်နိုင်ငံသို့ ဖိတ်ကြားခြင်းအစီအစဉ်များတွင်လည်း ပါဝင်ခွင့်ရရှိနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇန်နဝါရီလ (၃၁)ရက်နောက်ဆုံးထား၍ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (ကျွမ်းကျင်အဆင့်)https://forms.gleQGQuQoW5jwFgfytY7 ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်)https://forms.gle/65qVKDjKGGMpdzJE8 တို့တွင် အချက်အလက်များကို ဝင်ရောက်ဖတ်ကြည့်ရှုပြီး လျှောက်ထားနိုင်သည်ဟု သိရသည်။
ကြက်စွပ်ပြုတ် ပူပူလေး
ကိုယ်ခံအားရှိအောင် ကြက်စွပ်ပြုတ်ကို ချဉ်စပ်အရသာလေး ချက်စားဖြစ်ပါတယ်..
ချက်ရတာ အင်မတန် လွယ်ကူလှတာမို့ ကိုယ်ချက်စားဖြစ်တဲ့အတိုင်းချက်နည်းလေးပါ ထဲ့ရေးပေးထားပါတယ်..
ကြက်အသားအရိုးများကို ဆေးကြောသန့်စင်ထားပါ..
စပါးလင် တစ်ပင်ကို ခပ်ဖွဖွထုထောင်းပြီး အစည်းစည်းကာ ချက်မည့်အိုးအောက်ခြေတွင်ထဲ့ပါ
ဂျင်း လက်တစ်ဆစ်စာလောက်ကို ခပ်ဖွဖွထုထောင်းပြီးထဲ့ပါ
နံနံပင် အမြှစ်အနည်းငယ်ထဲ့ပါ ( မထဲ့လည်းရ)
ကြက်သွန်ဖြူ ဥသေးတလုံးကို အခွံအကုန်မခွာပဲ ခပ်ဖွဖွထုထောင်းကာ ထဲ့ပါ.,
ကြက်သားထဲ့ပါ
ငါးငံပြာရည် အနည်း ဆားလိုသလောက် ခန့်မှန်းထဲ့ပေးပါ..
ရေကို ကြက်သားဖုံးအောင်ထဲ့ပြီး မိနစ် ၂၀ ခန့် အဖုံးဖုံးပိတ်ပြီး ချက်ပါ.. ချက်တဲ့အခါ မြေအိုးကို သုံးတာက အသားတွေကို ပိုမိုနုညံ့စေပါတယ်..
အနေတော်လှီးထားတဲ့ မုန်လာဥနီ အာလူး ကြက်သွန်နီဥကို ၈ စိတ်စိတ်ပြီး ထဲ့ပေးပါ..
ရေနွေးထပ်ထဲ့ကာနောက်ထပ် ၁၀ မိနစ်ခန့် အိုးအဖုံးပိတ်ပြီး ချက်ပေးပါ..
အရသာ အပေါ့အငံမြည်းပြီး မီးခွင်ပေါ်မှာပဲ ဆက်တည်ထားပေးပါ..
မြေအိုး သုံးထားတာဆိုရင် မီးခွင်အပူချိန် အိုးအပူရှိနက်တင် အသားတွေကို ပိုမိုနူးအိစေပါတယ်..
ငရုပ်သီးအစိမ်း/အနီတောင့်ရောပြီး ဆားအနည်းငယ် ပုဇွန်ခြောက်မှုန့် အနည်းငယ်ဖြင့် မညှက်တညှက်ထောင်းထားပါ..
စားပွဲပြင်နည်း
ကြက်သားစွပ်ပြုတ်ပူပူလေးကို စားမည့်ခွက်တွင် ထဲ့ပြီး ထောင်းထာတဲ့ ငရုပ်သီးကို ကိုယ်စားနိုင်မည့် အစပ်ပမာဏ ရအောင်ထဲ့ပါ..
နံနံပင် ကြက်သွန်မိတ် ထဲ့ပါ.
သံပုရာရည် ညှစ်ထဲ့ပါ..
ဒါဆိုရင်တော့ ကြက်စွပ်ပြုတ် ချဉ်စပ်အရသာ ရပါပြီးရှင်..
ချဉ်စပ် မစားချင်သူတွေက ငရုပ်သီး မထဲ့ပဲ နံနံပင်လေး ထဲ့ကာ အချိုအရသာ သုံးဆောင်နိုင်ပါတယ်..
ကြက်စွပ်ပြုတ်မှာ ဘာအရသာမှုန့် အချိုမှုန့်မှ မသုံးပဲ အချိုဓါတ်ရရှိပါတယ်နော်..