#ပြည်တွင်းသတင်း
◾️ ရက်သတ္တပတ်နှစ်ပတ်အတွင်း မီးလောင်မှုအကြိမ် ၄၀ ကျော်ရှိ
ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်တချို့၌ ယခုလ(ဖေဖော်ဝါရီ ၁ ရက်မှ ၁၃ ရက်)အထိ မီးလောင်မှု ၄၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် နေအိမ်များ၊ စက်မှုဇုန်များနှင့် စက်သုံးဆီဆိုင်တို့တွင် မီးလောင်မှုများနေ့စဉ်နှင့်အမျှ ဖြစ်ပေါ်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်အရသိရသည်။
မီးလောင်မှုအများဆုံးဖြစ်ပေါ်ခဲ့သည့်တိုင်းတိုင်းဒေသကြီးနှစ်ခုမှာ ရန်ကုန်တိုင်းတွင် မီးလောင်မှုအကြိမ် (၂၀)၊ မန္တလေးတိုင်းတွင် (၁၀) ကြိမ်ဖြစ်ပြီး ရှမ်းပြည်နယ်တွင်လေးကြိမ်၊ မွန်ပြည်နယ်တွင်နှစ်ကြိမ်နှင့် ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့်နေပြည်တော်တို့တွင် မီးလောင်မှုတစ်ကြိမ်စီဖြစ်ပေါ် ခဲ့သည်။
ယခုကဲ့သို့ မကြာခဏမီးလောင်မှုများ ဖြစ်ပေါ်နေသောကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ဖယောင်းတိုင်မီး၊ ဂတ်စ်မီးဖိုနှင့် မီးစက်မောင်းခြင်း၊ စသည့်မီးလောင်မှုဖြစ်ပေါ်စေနိုင်သည့် ကိစ္စရပ်များ ကိုသတိပြုဆင်ခြင်ကြရန်လိုအပ်ကြောင်း လူမှုကူညီရေးဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်ပြောဆိုထားသည်။
