ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်တွေ မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားဓာတ်တွေက micronutrients တွေဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီ ညီ လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ထားတဲ့ ဓာတ်ဆားဓာတ်တွေပါ။ ဒီဓာတ်ဆားဓာတ်တွေက လိုလို့လည်း မရသလို များသွားလို့လည်း မရပါဘူး။ ပုံမှန်အတိုင်းပဲ ရှိနေရပါမယ်။ ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ရေနဲ့ ဓာတ်ဆားတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ

ဆိုဒီယမ်၊ ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်မှာ နေ့တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးကြီးပါတယ်။ ဓာတ် ဆားဓာတ်တွေက သွေးအပါ အဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေမှာ ပျော်ဝင်နေပြီး သူတို့ရဲ့ သက်ဆိုင် ရာ အလုပ်တွေကို လုပ်နေကြတာပါ။ ဒီဓာတ်ဆားဓာတ်လေးတွေက ဘာတွေ လုပ်ပေးနေသလဲဆိုတော့ –
• သွေးနဲ့ ကိုယ်တွင်းအရည်တွေ မျှခြေပမာဏဖြစ်အောင် ထိန်းပေးပါတယ်။
• ခန္ဓာကိုယ်ရဲ့ အက်စစ်ဓာတ်တွေ နည်းလွန်း၊ များလွန်းတာတွေ မဖြစ်စေဖို့ ထိန်းပေးပါတယ်။
• နှလုံးခုန်တာကို ထိန်းပေးပါတယ်။
• ခန္ဓာကိုယ်က ကြွက်သားတွေ ကျုံ့ဖို့၊ ဆန့်ဖို့အတွက်လည်း သူတို့လိုအပ်ပါတယ်။
• နှလုံး၊ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေက အာရုံကြောလျှပ်စီးတွေ လွှတ်ဖို့ ကူညီပေးပါတယ်။
• သွေးတိတ်စေပါတယ်။
• တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေပါတယ်။

ဒီလိုအရေးကြီးတဲ့ အလုပ်တွေ လုပ်နေရတာကြောင့် ဓာတ်ဆားဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကမောက်ကမတွေ ဖြစ်ကုန်တာ ဖြစ်ပါတယ်။ ရေဓာတ်ဆိုရင်လည်း ခန္ဓာကိုယ်က သွေးထုထည်နဲ့ ကိုယ်တွင်းအရည်တွေ မျှတနေစေဖို့၊ ဇီဝဖြစ်စဉ်တွေ မှန်ကန်နေစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။

ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်း ရင်း

ရေနဲ့ ဓာတ်ဆားဓာတ်တွေ နည်းရတဲ့ အကြောင်း အရင်းတွေကတော့ အများကြီး ရှိပါတယ်။ စားသောက်နေထိုင်ပုံကြောင့်လည်း ဖြစ်နိုင်သလို ရောဂါတွေ၊ သောက်လက်စဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ –
• ဝမ်းလျှောတာ၊ အန်တာစတဲ့ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သလို
• ရေသောက်များလွန်းတာ၊ နည်းလွန်းတာ
• အာဟာရပြည့်ဝအောင် မစားတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
• ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်သလို
• စွဲသောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး (ဥပမာ ဆီးဆေး၊ သွေးထိန်းဆေး)တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ရေနဲ့ ဓာတ်ဆားဓာတ် နည်းနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက သာမန်နေထိုင်မကောင်းဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတာကြောင့် နည်းလို့ နည်းမှန်း သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ –

၁။ ကြွက်တက်တာ ။ ကြွက်တက်တယ်ဆိုတာက ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီဓာတ်ဆားဓာတ်တွေက ကြွက်သားတွေ ကျုံ့ဆန့်ဖို့အတွက် လိုအပ်တာကြောင့် မကြာခဏ ကြွက်တက်တာက ဒီဓာတ်တွေ ချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။

၂။ မကြာခဏ ခေါင်းကိုက်တာ ။ ခဏခဏ ခေါင်းကိုက်တတ်ပြီး ပျောက်ဖို့လည်း ကြာနေတယ်ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေ မျှတနေအောင် ထိန်းသိမ်းပေးတာကြောင့် ဒီဓာတ်တွေ နည်းနေရင် သွေးလည်ပတ်မှုကို ထိခိုက်ပြီး ခေါင်းကိုက်တတ်ပါတယ်။

၃။ နုံးပြီး အားမရှိခြင်း ။ မေ့တတ်တာ၊ အာရုံစူးစိုက်မရတာ၊ အားမရှိသလို ခံစားနေရတာက ဓာတ်ဆားဓာတ်တွေ ချို့တဲ့နေတာ၊ ရေဓာတ်နည်းနေတာစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ် ဆားဓာတ်တွေက ဦးနှောက်တွင်းက ဆဲလ်တွေ ချိတ်ဆက်မှု၊ သတင်းပို့မှုတွေအတွက် လိုအပ်တာကြောင့် ဓာတ်ဆားဓာတ်နည်းနေရင် နေလို့ ကောင်းမှာ မဟုတ်ပါဘူး။

၄။ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ။ အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာတွေကလည်း ရေနဲ့ ဓာတ်ဆားနည်းနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ ဥပမာ ဆိုဒီယမ်ဆိုရင် အူလမ်းကြောင်းအတွင်း အရည်စုပ်ယူမှုကို ထိန်းချုပ်ထားတာကြောင့် ဒီဓာတ်တွေ မမျှတရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ဖြစ်တတ်ပါတယ်။ ရေသောက်နည်းရင်လည်း ဝမ်းချုပ်တတ်ပါတယ်။

၅။ ရင်တုန်ခြင်း ။ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ တခြားဓာတ်ဆားဓာတ်တွေက နှလုံးခုန်တဲ့ လျှပ်စီးကြောင်းတွေကို ထိန်းညှိထားတာကြောင့် ဒီဓာတ်တွေ နည်းနေရင် ရင်တုန်တာ (အဆိုးဆုံးအခြေအနေမှာ နှလုံးရပ်တဲ့အထိ) ဖြစ်သွားနိုင်ပါတယ်။

#ဆက်ရန်

image
125 နှစ်များ - ဘာသာပြန်ပါ။

Paleontologists have discovered that a three-eyed sea moth predator lived on Earth half a billion years ago.

https://abcnews.go.com/US/pale....ontologists-learned-

image
125 နှစ်များ - ဘာသာပြန်ပါ။

A growing TikTok trend challenging users to insert hazardous objects into laptops, with some sparking fires or resulting in evacuations, has school districts and fire departments across multiple states sounding the alarm to parents, students and the general public.

https://www.goodmorningamerica.....com/living/story/sc

image
1 နှစ် - ဘာသာပြန်ပါ။

Six months after Missouri voters approved an abortion-rights amendment, Republican state lawmakers on Wednesday approved a new referendum that would seek the amendment's repeal and instead ban most abortions with exceptions for rape an incest.

https://abcnews.go.com/Politic....s/wireStory/missouri

image
125 နှစ်များ - ဘာသာပြန်ပါ။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၃ဝ,ဝ၀၀ ထုတ်လုပ်ရန် လျာထား
*****************
(စီးပွားရေး) မေ ၁၅
ကန်ကြီးထောင့်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၃၀,၀၀၀ ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)သည် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အိုးဘိုရွာ၊ အိုးဘိုအင်းအနီးတွင်တည်ရှိပြီး စတင်လည်ပတ်သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှစတင်ကာ ယနေ့အချိန်အထိ စုစုပေါင်း ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၆၃၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိတွင်လည်း ဓာတ်မြေဩဇာများကို ဆက်လက်ထုတ်လုပ်လျက်ရှိနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့များမှတစ်ဆင့် တောင်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။

image
125 နှစ်များ - ဘာသာပြန်ပါ။

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်လှေများ၊ တရားမဝင်ကုန်ပစ္စည်းတင် ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
*****************
(ပြည်တွင်း) မေ ၁၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၁၂ ရက်တွင် နေပြည်တော်၊ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၃၃၆ တန်၊ အခြားသစ် ၃ ဒသမ ၇၆၅ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၉၂၄၉ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၃၁၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ငါးမျိုး၊ လူသုံးကုန်ပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၂၅၃၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၅၅၆၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၁၃ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ (၄)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လားရှိုးမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် 2457420 နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Toyota Alphard တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၅၇၄၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် မွန်ပြည်နယ်၊ သံလွင်တံတား(မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ မြေနီကုန်းကားဝင်း ရွှေစင်စင်္ကြာကားဂိတ်ရှေ့၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၄၈၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၃၂၃၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၄၃၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Iveco Delivery Van တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၄၃၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၈၂၀၈၃၀၀) ကိုလည်းကောင်း၊ မုတ္တမ ဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၁၈၈၁၉)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Yati ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၆၄၆၂၇၁၁၉ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားစက်လှေ ကိုးစင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၅၀၀၀၀၀)ကို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ထားဝယ်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁၀ တန်နှင့် ဆက်စပ်ပစ္စည်းလေးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄၀၀၀၀ ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄၄၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉၇၄၇၇၅၈၈) ကို ဖမ်းဆီးရရှိခဲ့ပြီး၊ တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ စက်သုံးဆီဈေးနှုန်းများ

image

တူရကီမှာကျင်းပမယ့် ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲ ပွဲတက်စာရင်းမှာ ပူတင်မပါဝင်
မော်စကို၊ မေ-၁၅-၂၀၂၅
မျိုးဆက်(VOM)
တူရကီမှာ ပြုလုပ်မယ့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လူကိုယ်တိုင် တွေ့လိုတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကမ်းလှမ်းထားပေမယ့် ကရင်မလင်က ထုတ်ပြန်တဲ့ ပွဲတက်စာရင်းမှာ သမ္မတပူတင်ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို သမ္မတရဲ့လက်ထောက်ဖြစ်သူ ဗလာဒီမာမက်ဒင်စကီးက ဦးဆောင်မယ်လို့ ရုရှားသမ္မတအိမ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ပူတင်သဘောတူမယ်ဆိုရင် မျက်နှာချင်းဆိုင် တွေ့လိုတယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲ တက်ရောက်နိုင်တယ်လို့ ရုရှားသမ္မတပူတင်က ယခင်က အရိပ်အမြွတ်ပြောဆိုခဲ့မယ့် သူရော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရော ဆွေးနွေးပွဲ တက်ရောက်ဖွယ်မရှိကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲကို ပူတင်တက်ရင် သူလည်း တက်ရောက်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပြီး ကြာသပတေးနေ့မှာ တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ရုရှားက ဘယ်သူတွေလာမလဲ စောင့်ကြည့်မယ်။ ပြီးရင် ယူကရိန်း အနေနဲ့ ဘယ်လိုလုပ်သင့်လည်းဆိုတာ ဆုံးဖြတ်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။ ပူတင်နဲ့ ဇီလန်စကီးတို့ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လူချင်းတွေ့ဆုံခဲ့ခြင်းမရှိပါဘူး။
အမေရိကန်ကတော့ ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲအတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒေရေ ဆိုင်ဘီဟာတို့လည်း မနေ့က တူရကီမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Ref:BBC

image

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ကဏ္ဍသစ်အတွက် ဘရာဇီး၏ စောစီးစွာသတင်း ထုတ်ပြန်မှုကို နည်းပြ အန်ဆယ်လော့တီ ဝေဖန်
လက်ရှိရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ၎င်း၏အခန်းကဏ္ဍသစ်နှင့်ပတ်သက်၍ ဘရာဇီးဘောလုံးအဖွဲ့ချုပ်၏ စောစီးစွာအတည်ပြု သတင်းထုတ်ပြန်မှုအပေါ် နှစ်သက်ခြင်းမရှိကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် မကြားသေးမီကပင် အန်ဆယ် လော့တီအနေဖြင့် ၎င်းတို့၏လက်ရွေးစင်အသင်းကို မေ ၂၆ ရက်တွင်တရားဝင်စတင်ယူမည်ဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းသို့စောစီးစွာအတည်ပြုမှုကို အီတလီလူမျိုးနည်းပြက ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အန်ဆယ်လော့တီက “ဒီသတင်းစာရှင်းလင်းပွဲကိုသာ မလုပ်ခဲ့ရင်ဒီနေ့ဟာ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါ။ အခုတော့ ဒီပွဲမှာ ကျွန်တော်ရှင်းမပြချင်တဲ့ အရာတွေကိုရှင်းပြရတော့မယ်။ ၂၅ ရက်အထိ ကျွန်တော်အင်မတန်မှလေးစားရတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ဂျာစီကိုဝတ်ထားမယ်။ ကျွန်တော်ဒီဂျာစီကို လေးစားပြီး နောက်ဆုံးနေ့အထိ အလေးအနက်ထားချင်တာကြောင့် အခြား အကြောင်းအရာတွေကို ဘယ်သူ့ကိုမှမပြောချင်မိဘူး။ ကျွန်တော့်ပတ်ဝန်းချင်က အရာတွေနဲ့ ပျော်ရွှင်နေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဘက်ကတော့ ကျွန်တော့်ရဲ့ထွက်ခွာမှုကို သူတို့ဆန္ဒရှိတဲ့အခါ အတည်ပြုသတင်းထုတ်ပြန်မှုပြုလုပ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ဘာပြဿနာမှမရှိပါဘူး”ဟု ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီသည် ၂ဝ၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဘရာဇီးအသင်းကို တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကာ ၎င်းသည် ဘရာဇီးအသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသော နိုင်ငံခြားသားနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရပ်ဝန်းနှင့်လမ်းအစီအစဉ် သဘောတူညီချက် တရုတ်နှင့်ကိုလံဘီယာ လက်မှတ်ထိုး
ရပ်ဝန်းနှင့်လမ်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ် ၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို တရုတ်နှင့် ကိုလံဘီယာနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက မေ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုတို့ ပေကျင်းမြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရပ်ဝန်းနှင့်လမ်းအစီအစဉ်၌ ပူပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို တရုတ်နှင့်ကိုလံဘီယာတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း များ အားကောင်းလာမှုကြောင့်တရုတ်အစိုးရအနေဖြင့် လက်တင် အမေရိကနှင့် ကာရစ်ဘီယံဒေသနိုင်ငံများ၌ ဩဇာတည်ဆောက်နိုင်ရေးအတွက် အခွင့်အလမ်းများရရှိခဲ့သည်။
အဆိုပါဒေသနှစ်ခုသည် တရုတ်နိုင်ငံ၏ပြိုင်ဘက် အမေရိကန် ပြည်ထောင်စုအတွက်လည်း မဟာဗျူဟာအရ အရေးကြီးသောဒေသများဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုလံဘီယာ နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
တရုတ်သမ္မတ ရှီကျင်ပင်းက ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သော ရပ်ဝန်းနှင့်လမ်း အစီအစဉ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်လျက်ရှိသည်။
ယင်းနိုင်ငံများထဲတွင်လက်တင်အမေရိကဒေသမှ နိုင်ငံပေါင်း ၂ဝ ကျော် ပါဝင်လျက်ရှိသော် လည်း ယခုနှစ် ဖေဖော်ဝါရီလတွင်မူ ပနားမားနိုင်ငံက ရပ်ဝန်းနှင့်လမ်း အစီအစဉ်မှနုတ်ထွက်ခဲ့သည်။
ရိုက်တာ

image