#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရပ်ဝန်းနှင့်လမ်းအစီအစဉ် သဘောတူညီချက် တရုတ်နှင့်ကိုလံဘီယာ လက်မှတ်ထိုး
ရပ်ဝန်းနှင့်လမ်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ် ၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို တရုတ်နှင့် ကိုလံဘီယာနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက မေ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုတို့ ပေကျင်းမြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရပ်ဝန်းနှင့်လမ်းအစီအစဉ်၌ ပူပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို တရုတ်နှင့်ကိုလံဘီယာတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း များ အားကောင်းလာမှုကြောင့်တရုတ်အစိုးရအနေဖြင့် လက်တင် အမေရိကနှင့် ကာရစ်ဘီယံဒေသနိုင်ငံများ၌ ဩဇာတည်ဆောက်နိုင်ရေးအတွက် အခွင့်အလမ်းများရရှိခဲ့သည်။
အဆိုပါဒေသနှစ်ခုသည် တရုတ်နိုင်ငံ၏ပြိုင်ဘက် အမေရိကန် ပြည်ထောင်စုအတွက်လည်း မဟာဗျူဟာအရ အရေးကြီးသောဒေသများဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုလံဘီယာ နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သည်။
တရုတ်သမ္မတ ရှီကျင်ပင်းက ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သော ရပ်ဝန်းနှင့်လမ်း အစီအစဉ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်လျက်ရှိသည်။
ယင်းနိုင်ငံများထဲတွင်လက်တင်အမေရိကဒေသမှ နိုင်ငံပေါင်း ၂ဝ ကျော် ပါဝင်လျက်ရှိသော် လည်း ယခုနှစ် ဖေဖော်ဝါရီလတွင်မူ ပနားမားနိုင်ငံက ရပ်ဝန်းနှင့်လမ်း အစီအစဉ်မှနုတ်ထွက်ခဲ့သည်။
ရိုက်တာ
