ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Australia နိုင်ငံမှာ သုတေသီတွေဟာ အဆိပ်ရှိတဲ့ ပင့်ကူမျိုးစိတ်သစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ ပြီးတော့ နာမည်ကို anti-hero spiderman villain ဖြစ်တဲ့ Venom နဲ့ ဗြိတိန်သရုပ်ဆောင် Tom Hardy တို့ရဲ့ နာမည်နှစ်ခုပေါင်းပြီး Venomious Tomhardyi ဆိုပြီးနာမည်ပေး
ခဲ့ပါတယ် ။
အခုလိုနာမည်ပေးရတဲ့ အကြောင်းရင်းကတော့ အဲ့ဒီပင့်ကူရဲ့ ဝမ်းဗိုက်အောက်မှာ ပါတဲ့ အမဲရောင် အစက်ပြောက်တွေဟာ Venom နဲ့တူလို့ပါတဲ့ ။ တွေးကြည့်ရင် အမဲရောင် တစ်ကိုယ်လုံးရှိတဲ့ ပင့်ကူကျ venom character လို့နာမည်မပေးဘဲ ခုကျမှ အမဲအစက်ပျောက်လေး တစ်ပျောက်နှစ်ပျောက်ပါမှ နာမည်လာပေးနေတာ သိပ်တော့ အဓိပ္ပါယ်မရှိလှပါဘူး ။ သေချာတာကတော့ နာမည်ပေးတဲ့ သုတေသီက marvel fan ပဲဖြစ်မှာပါ ။
ဘာပဲဖြစ်ဖြစ် သုတေသီတွေ တိရိစ္ဆာန် တွေကို အခုလို ရုပ်ရှင်ထဲက Character နာမည်တွေပေးတာ အခုမှလဲမဟုတ်ပါဘူး ။ ဟိုတစ်လောတုန်းကလဲ ပီရူးနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မြွေမျိုးစိတ်သစ်ကို Indiana Jones ကို ဂုဏ်ပြုပြီး Tachymenoides harrisonfordi လို့နာမည်ပေးခဲ့ပါသေးတယ် ။
အကယ် ၍ သင်ဟာ SeVen နဲ့ Zodiac Killer တို့လို ဘာသာရေးဆိုင်ရာ လူသတ်မှုရုပ်ရှင် တွေကို ကြိုက်ရင် True Detective Season 1 ကိုကြည့်ကိုကြည့်သင့်ပါတယ်။
Season 1 တစ်ခုလုံးကို Matthew McConaughey ( Rustin Cohle ) ရဲ့ လေယူလေသိမ်း ၊ အတွေးအခေါ် ၊ ကိုယ်ဟန်လှုပ်ရှားမှု တွေကပဲ Carry သွားတာပါ။
စုံထောက်စီးရီးစစ်စစ် ဖြစ်တဲ့အတွက် အမှုအသွားအလာ ၊ သဲလွန်စရှာဖွေတာတွေကို အဓိကထားရိုက်ကူးပြထားတာကြောင့် တိုက်တာခိုက်တာ ၊ ကြမ်းမှရမ်းမှကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး ။
အိမ်ဖြူတော်က Donald Trump ရဲ့ ဗလပုံတင်ပြီး Star Wars နေ့ကို ဂုဏ်ပြုခဲ့ပါတယ်။
မနေ့က Star Wars နေ့မှာ Donald Trump ကို AI နဲ့ ဖန်တီးထားတဲ့ ဗလနဲ့ Jedi ပုံကို အိမ်ဖြူတော်ရဲ့ တရားဝင် X နဲ့ Instagram အကောင့်တွေမှာတင်ထားပြီး May the 4th နေ့ ပျော်ရွှင်ပါစေဆိုပြီး Star Wars နေ့ကို ဂုဏ်ပြုခဲ့ပါတယ်။
အစွန်းရောက်သမားတွေ၊ Sith Lords၊ လူသ_တ်သမားတွေ၊ မူးယစ်ရာဇာတွေ၊ အန္တရာယ်ရှိတဲ့ အကျဉ်းသားတွေ၊ နာမည်ကြီး MS-13 ဂိုဏ်းသားတွေကို ကျွန်တော်တို့ ဖမ်းဖို့ ကြိုးစားသွားမှာပါလို့ပြောခဲ့ပါတယ်။ မင်းတို့က Rebellion မဟုတ်ဘူး၊ Empire ပဲလို့ Donald Trump က ပြောခဲ့ပြီး နိုင်ငံရေးပြိုင်ဘက်တွေကို “Star Wars” ထဲက ဗီလိန်တွေဖြစ်တဲ့ “Sith Lords” လို့လည်း ခေါ်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူကသာ နိုင်ငံရေးပြိုင်ဘက်တွေကို “Sith Lords” တွေလို့ခေါ်နေတာ သူကိုင်ထားတဲ့ lightsaber ကြီးက “Sith Lords” တွေကိုင်နေကြ အနီရောင် lightsaber ကြီးဖြစ်နေတာတစ်ခုပါပဲ။ သူကိုယ်တိုင်ကိုက “Sith Lords” ဖြစ်ချင်နေပုံရပါတယ်။