ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယူကရိန်းကို ထောက်ပံ့မယ့် နှစ် ၁၀၀ မိတ်ဖက်သဘောတူစာချုပ် ဗြိတိန်နဲ့လက်မှတ်ထိုး
ကိဗ်ယက်၊ ဇန်နဝါရီ ၁၇
ဗြိတိန်နဲ့ ယူကရိန်းတို့ဟာ ကာလရှည်ကြာ ဆက်ဆံရေးမြှင့်တင်မှုအဖြစ် နှစ် ၁၀၀ မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာနဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ကိဗ်ယက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒါဟာ ဗြိတိန်ဝန်ကြီးချုပ်စတာမာရဲ့ ပထမဆုံး ယူကရိန်းခရီးစဉ်ဖြစ်ပြီး သဘောတူညီချက်တွေထဲမှာ နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေပါဝင်ပြီး ဘောတစ်ပင်လယ်နဲ့ ပင်လယ်နက်တို့မှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ရှိနေပါတယ်။
ဝန်ကြီးချုပ် စတာမာနဲ့ သမ္မတဇီလန်စကီးတို့ဟာ ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးအောင်မြင်ပါက ယူကရိန်းမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွေချထားနိုင်ရေး ဖြစ်နို်ငခြေကိုလည်း ဆွေးနွေးခဲ့ပြီး ဒီလိုဖြန့်ကြက်မှုကို ဥရောပနိုင်ငံအချို့ကလည်း အဆိုပြုထားပါတယ်။
မိတ်ဖက်သဘောတူညီချက်အရ ဗြိတိန်ဟာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးနေမှာဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်သစ်တခုလည်း ယူကရိန်းကို ပေးအပ်မယ်လို့ ဝန်ကြီးချုပ် စတာမာက ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ နေတိုးအဖွဲ့မှာ ယူကရိန်းပါဝင်ရေးကို ဆန့်ကျင်မှုတွေရှိနေတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ ဒီနိုင်ငံတွေဟာ အမေရိကန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ ဂျာမနီတို့ဖြစ်ပြီး နေတိုးအဖွဲ့မှာ ယူကရိန်းကို မမြင်လိုကြဘူးလို့ သူကပြောပါတယ်။
ဝန်ကြီးချုပ်စတာမာရဲ့ ယူကရိန်းခရီးစဉ်နဲ့ နှစ် ၁၀၀ မိတ်ဖက်သဘောတူစာချုပ်ဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာမကျိန်ဆိုခင် ထွက်ပေါ်လာတာဖြစ်ပြီး ထရန့်တော့ သူသမ္မတဖြစ်ပြီး မကြာခင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
Ref:NHK
Photo:PA Media
#သတင်းဟင်းလေးအိုးကြီး
တရုတ်နှစ်သစ်ကူးကာလတွင် ခရီးသွား ၄ သန်း ထိုင်းကိုလာဖွယ်ရှိ
ဘန်ကောက်၊ ဇန်နဝါရီ ၁၇
တရုတ်နှစ်သစ်ကူး ကာလအတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသွား ၄ သန်းကျော် လာရောက်ဖွယ်ရှိသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုပမာဏသည် ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူး ကာလက ခရီးသွား အရေအတွက်ထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ခဲ့သည်။
ဇန်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အတွင်း တရုတ်ခရီးသွား ၇၇၀,၀၀၀ အပါအဝင် ပြည်ပခရီးသွား ၄ သန်းခန့် ရောက်ရှိလာဖွယ်ရှိကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျန်ရွန်ရန်ကစ် (Suriya Jungrungreangkit) က ပြောကြားခဲ့သည်။
ထိုတရုတ်ခရီးသွား အရေအတွက်သည် ပြီးခဲ့သည့်နှစ်က တရုတ်ခရီးသွား အရေအတွက်ထက် ၂၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်မှုဖြစ်သည်။
ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် သူရိယက ခရီးသွားများ လုံခြုံရေးနှင့် ဝန်ဆောင်မှု အရည်အသွေးကို မြင့်တက်စေရန် အရေးကြီးကြောင်း၊ လေဆိပ်ဝန်ထမ်း အရေအတွက်ကို တရုတ်နှစ်သစ်ကူး ကာလအတွင်း ပိုမိုတိုးမြှင့် ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းလေဆိပ်များ ကုမ္ပဏီ (Airports of Thailand - AOT) စီအီးအို ကီရာတီ ကစ်မာနာဝတ် (Keerati Kitmanawat) ကမူ တရုတ်နှစ်ကူး အားလပ်ရက် ကာလအတွင်း ခရီးသည်များ စောင့်ဆိုင်းရသည့် အချိန်ကို လျှော့ချရန် နိုင်ငံတကာလေဆိပ် ၆ ခုစလုံးကို ဖွင့်ပေးထားမည်ဟု ဆိုသည်။
တရုတ်နှစ်သစ်ကူး ကာလအတွင်း ထိုနိုင်ငံတကာလေဆိပ် ၆ ခုတွင် လေကြောင်းလိုင်း ပြေးဆွဲမှုသည် ၁၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ပြီး ခရီးသည်ပေါင်း ၄ ဒသမ ၀၃ သန်းဦး ဝင်ရောက်လာလိမ့်မည်ဟု AOT က ခန့်မှန်း ထားသည်။
ထို့ပြင် တရုတ်နှစ်ကူး ကာလအတွင်း နေ့စဉ် ခရီးသည် ၄၀၃,၁၈၂ ဦး၊ လေကြောင်းခရီးစဉ် ၁၂၄၀ ဝင်ရောက် လာမည်ဖြစ်ပြီး ထိုပမာဏသည် ပြီးခဲ့သည့် နှစ်ကထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်မှုဖြစ်ကြောင်း AOT က ခန့်မှန်းခဲ့သည်။
Source: The Nation
ပုံ - ထိုင်းလေဆိပ်မှာ ခရီးသွားများကိုတွေ့ရစဉ်
#centralnewsnaypyitaw