32 ပတ် - ဘာသာပြန်ပါ။

ဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများဆုံးအသင်းအဖြစ် မန်စီးတီးရပ်တည်

ဖေဖော်ဝါရီလ ၅

မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စပိန်ကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်ကို ပေါ်တိုအသင်း ကနေ ခေါ်ယူပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများကြီးသုံးစွဲတဲ့အသင်းအဖြစ် ထိပ်ဆုံး ရပ်တည်ခဲ့ပါတယ်။

Transfermarkt က မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူမှုအတွက် ပေါင်သန်း ၁၈၀ အထိအသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

ရလဒ်ဆိုးတွေကြောင့် ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်ဖို့ ကစားသမားသစ်တွေအားဖြည့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့အသုံးစရိတ်သုံးစွဲမှုဟာ ကျန်တဲ့ပရီးမီးယားလိဂ် ၁၉ သင်းပေါင်းရဲ့ အသုံးစရိတ်ထက် ပမာဏပိုပြီးများခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့မှာ စံချိန်တင် အသုံးစရိတ်သုံးစွဲတဲ့အသင်းအဖြစ် ချယ်လ်ဆီးအသင်းက ထိပ်ဆုံးရပ်တည်နေပြီး ၂၀၂၃ ခုနှစ်မှာ ပေါင် ၂၇၄ သန်း သုံးစွဲခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ ဒီ ဇန်နဝါရီအသုံးစရိတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၃ ခုနှစ်ကအသုံးစရိတ်ပြီးရင် ဒုတိယ မြောက်အများဆုံးအဖြစ်ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နီကိုဂွန်ဇာလက်ဇ်အပြင် ခူဆာနော့ဗ်၊အိုမာမာမော့ရှ်၊ဗစ်တာရိုက်စ်နဲ့ ဂျူမာဘာတို့ကို ခေါ်ယူထားပြီး ဂျူမာဘာကိုတော့ လန်းစ်အသင်းထံ အငှားပြန်ချခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲခဲ့ပေမယ့် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းဟာ လူသစ်ခေါ်ယူခဲ့ခြင်းမရှိသလို အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်း ကိုအားဖြည့်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ကစားသမားအများအပြားကို အငှားချခဲ့ပြီး ယူနိုက်တက်အသင်းက လက်ချီအသင်း နောက်ခံလူ ဒေါဂူနဲ့ အာဆင်နယ်အသင်းလူငယ် ဟီဗန်တို့ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။

ဒဏ်ရာထိုးနှက်ချက်တွေ ရှိနေတဲ့ စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းက မာသီးတဲလ်ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး ရက်ရှ်ဖိုဒ့်ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ပီအက်စ်ဂျီအသင်းက အဆန်စီယိုနဲ့ ချယ်လ်ဆီးအသင်းက ဒီဆာဆီတို့ကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရန်ကို ပေါင် ၆၄ သန်းပေးပြီးခေါ်ယူခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ မန်စီးတီးအသင်းပြီးရင် ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများဆုံးသုံးစွဲတဲ့အသင်းအဖြစ် ဒုတိယနေရာ မှာရပ်တည်ခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia

#ဘောလုံးသတင်းစုံ

image
Apu Lay မျှဝေသည်။ ပို့စ်  
32 ပတ်

32 ပတ်

ဆောင်းအကုန် နွေအကူးမှာပွင့်တဲ့ Daffodil ပန်းလေး✨️
သူရဲ့အဓိပ္ပါယ်လေးက "မင်းနဲ့အတူရှိနေရင် နေရောင်ခြည်တွေက အမြဲတမ်း တောက်ပနေပါတယ်" တဲ့ 💛💐
ပန်းလေးဟာ Marchလရဲ့မွေးလပန်းလေးဖြစ်သလို နွေဦးကိုရောက်ရှိလာခြင်းရဲ့သင်ကေတတစ်ခုပါပဲ။ 💜
Daffodil ပန်းလေးတွေကို လက်ဆောင်ပေးမယ်ဆိုရင်တော့ အစည်းလိုက်ပေးရပါတယ်နော် တစ်ပွင့်တည်းပေးရင် ကံဆိုးတတ်ပါတယ်တဲ့။
ဒီပန်းလေးကို လက်ခံရရှိရင် "သေချာပေါက် ပျော်ရွှင်ပါစေလို့" ပြောစကားလေးပါးလိုက်တာပါပဲ...🫶

#flowers

*စာနယ်ဇင်းတို့၏ လုပ်ငန်းတာဝန်
စာနယ်ဇင်းတို့သည်
၁။ သတင်းအချက်အလက်များ၊ သုံးသပ် ဝေဖန်ချက်များအားဖြင့် အများပြည်သူကို တိုင်းပြည်ရေးရာနှင့် စပ်လျဉ်း၍ အသိပေးသည်။
၂။ အစိုးရရေးရာများကို ဖော်ပြခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဝေဖန်ထောက်ပြခြင်းများ အားဖြင့် အုပ်စိုးသူတို့အား မိမိတို့ လုပ်ရပ်များနှင့် စပ်လျဉ်း၍ တာဝန်ယူမှု ရှိစေသည်။
၃။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော အရေးကိစ္စများ၊ ဒေသအသီးသီးရှိ ပြဿနာများနှင့် စပ်လျဉ်း၍ အများသူငါတို့ ရှုထောင့် အဖုံဖုံမှ ဆွေးနွေး ဝေဖန်နိုင်ကြရန် နေရာထိုင်ခင်း ဖန်တီးပေးသည်။
တစ်နည်းပြောသော်၊
စာနယ်ဇင်းတို့သည် အစိုးရတို့၏ လုပ်ဆောင်ချက်များကိုအများပြည်သူ သိရှိအောင် တင်ပြပေးသကဲ့သို့၊ ထိုသိရှိမှုတွင် အခြေခံကာ တိုင်းရေးပြည်ရာ ဆုံးဖြတ်ပိုင်းခြားရာများ၌ အများပြည်သူ ပါဝင်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် ဒီမိုကရေစီအစိုးရ (ပြည်သူ့အစိုးရ) စနစ် ပီပြင်အောင် အထောက်အကူ ပြုသည်ဟု ဆိုနိုင်သည်။

32 ပတ် - ဘာသာပြန်ပါ။

ကန်၏ ဒေါ်လာ ၁၇၅ ဘီလျံမှ ဒေါ်လာ ၇၆ ဘီလျံသာရဟု ဇာလန်းစကီးပြော

ဖေဖော်ဝါရီ ၅

ယူကရိန်းသည် အမေရိကန်ထံမှ အကူအညီ ဒေါ်လာ ၇၆ ဘီလျံသာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (volodymyr zelenskyy) က ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်၏ အကူအညီ ၂၀၀ ဘီလျံ ရှိခဲ့သည်ဆိုသည့် သတင်းများနှင့် ကွဲလွဲနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D Vance) တို့ကမူ ကျန်သည့်ငွေများ မည်သည့်နေရာသို့ ရောက်သွားသနည်းဟု မေးခွန်းထုတ်နေကြပြီး ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြရန် တိုက်တွန်းနေကြသည်။

၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်လွှတ်တော်သည် ဒေါ်လာ ၁၇၅ ဘီလျံကို ခွင့်ပြုပေးခဲ့ပြီး ထိုငွေများထဲမှ အများစုသည် အမေရိကန်စက်မှုလုပ်ငန်းများကို အကျိုးရှိစေခဲ့သည်။

စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စေ့စေ့စပ်စပ် စိစစ်မှုများ မြင့်တက်နေမှုနှင့် အတူ အမေရိကန်၏ ယူကရိန်းအကူအညီများ မြင့်တက်နေမှုအပေါ် ငြင်းခုံမှုများ ထွက်ပေါ်နေကြသည်။

ဇာလန်းစကီး ပြောသလိုဆိုပါက ကျန်သည့် ထောက်ပံ့ငွေများ ဘယ်ရောက်သွားသနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

ပုံ - ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ

ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက စစ်ရှောင် ဒေသခံပြည်သူ ၃၀၀၀ လောက်အထိ အရေပြားရောဂါ ဆိုးရွားစွာကူးစက်ခံနေရပြီး ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေ ဆီကသိရပါတယ်။

အရေပြားရောဂါကူးစက်ခံထားရတဲ့အထဲမှာ ကလေးငယ်တွေက ပိုများပြီး လူဦးရေ၂၀၀၀ လောက်ရှိကြောင်း ၊ ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါဖြစ်ပွားမှုနူန်းကလည်း အချိန်တိုအတွင်းမှာ လူထောင်ချီတဲ့အထိ ဖြစ်ပွားလာတာဖြစ်တယ်လို့သိရပါတယ်။

"အခုစစ်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှဖြစ်တာကိုအခုပွားလာတာပေါ့။စစ်ရှောင်ရင်းနဲ့ဖြစ်ကြတာ။ခုလောလောဆယ်ဖြစ်နေတဲ့လူနာက ၃၀၀၀ လောက်ရှိပါတယ်။ရွာတွေက အကုန်လိုလိုပါပဲ။ စစ်ရှောင်နေတဲ့ရွာတွေမှာ။ လူကြီးကလေးအကုန်ဖြစ်တာကို ကလေးတွေမှာပိုဆိုးတာပေါ့။ " လို့ အရေပြားရောဂါ ခံစားနေရတဲ့ပြည်သူတွေကို အကူအညီပေးနေသူတယောက်ကပြောပါတယ်။

လက်ရှိ ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားတာဖြစ်တဲ့အတွက် နစကဘက်မှလည်း ေဝါးပစ္စည်းတွေသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ဂွမြို့နယ် အတွင်း ဆေးဝါးဝယ်ယူရခက်ခြင်း၊ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်ခြင်း၊ ဆေးဝါးဝယ်ယူဖို့ငွေကြေးအင်းအားလိုအပ်ချက်ရှိခြင်း စတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါ ကုသဖို့အတွက်ဆေးဝါးတွေမလုံလောက်မှုဖြစ်ပေါ်နေရပါတယ်။

ဒါကြောင့် စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်နေသူတွေက အရေပြားရောဂါ ခံစားနေရသူတွေအတွက် လိုအပ်တဲ့ဆေးဝါးဝယ်ယူနိုင်ဖို့ရာ ငွေကြေးဖြစ်စေ၊ဆေးဝါးဖြစ် အကူအညီတွေ ပေးကြဖို့ ပြောဆိုထားပါတယ်။

တကယ်လို့သာ လုံလောက်တဲ့ဆေးဝါးကုသမှုတွေမပြုလုပ်နိုင်ပါက လက်ရှိအရေပြားရောဂါဝေဒနာခံစားရသူတွေမှာလည်း ရောဂါအခြေအနေပိုဆိုးရွားလာနိုင်တဲ့အပြင် ရောဂါကူးစက်ခံရမှုနူန်းလည်း ထပ်တိုးလာနိုင်တယ်လို့ဆိုပါတယ်။

"တပ်တော် စစ်ဘက်ဆိုင်ရာကလည်း သူတို့ဆေးတွေနဲ့ကူညီပေးနေပါတယ်။ဒါပေမယ့်ဒီမှာလူနာအင်အားကများတော့ကျွန်တော်တို့လည်းကူပေးနေတာပါ။ရောဂါကူးစက်မှုကိုမထိန်းနိုင်ရင်တော့ထပ်တိုးလာနိုင်တာပေါ့။ဆေးပစ္စည်းကလည်းဝယ်ရတာခက်ခဲတယ်။ဒီဘက်မှာလည်းမရဆိုတော့အဆင်ပြေတဲ့နေရာတွေကနေဝယ်ယူစုဆောင်းရပါတယ်။ဆေးဝါးလိုအပ်ချက်တွေရှိနေလို့ကျွန်တော်တို့လည်းအလှူခံနေရပါတယ်။" လို့ သူကထပ်မံပြောပြပါတယ်။

ဂွမြို့နယ်က စစ်ရှောင်ပြည်သူတွေမှာ အရေပြားရောဂါဖြစ်ပွားမှုက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလမှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အချိန်နှစ်လလောက်အတွင်းမှာပင် ကူးစက်မှုကများပြားလာတာဖြစ်တယ်လို့သိရပါတယ်။

အဓိကတော့ လူဦးရေများပြားခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ လေထုမသန့်ရှင်းခြင်း၊မသန့်ရှင်းတဲ့ရေကိုသုံးစွဲရခြင်း၊လုံလောက်တဲ့ဆေးဝါး သုံးစွဲနိုင်မှုမရှိခြင်းစတဲ့အခက်အခဲတွေကြောင့် အရေပြားရောဂါကူးစက်မှုများလာတာဖြစ်တယ်လို့သိရပါတယ်။

ဂွမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ AA နဲ့ နစကအကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူအများအပြားရှိခဲ့တဲ့အတွက် စစ်ရှောင်တွေမှာ လက်ရှိခံစားနေရတဲ့ အရေပြားရောဂါအပြင် အခြားသော နာတာရှည်ရောဂါသည်တွေအတွက်လည်းဆေးဝါးတွေလိုအပ်နေပါတယ်။

ဂွမြို့နယ်ကို AA ကထိန်းချုပ်ထားပေမယ့်လည်း ဒေသခံအများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ စစ်ရှောင်စခန်းတွေနဲ့ရွာတွေမှာသာ နေထိုင်ရဆဲဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေအတွက် ဆန်နဲ့အခြားစားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။

Photo - ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage