26 w - Translate

Ribbon Tattoo 🎀

image
26 w - Translate

Ribbon Tattoo 🎀

image
26 w - Translate

Ribbon Tattoo 🎀

image
26 w - Translate

Ribbon Tattoo 🎀

imageimage
+5

နေပြည်တော်၊ ဘောဂသီရိကားဝင်းမှ
တောင်ကြီး၊ ပြင်ဦးလွင်၊ မုံရွာ၊ ချောက်၊
တောင်တွင်းကြီးမြို့များသို့ ပြေးဆွဲသည့်
ယာဉ်လိုင်း​နဲ့ ဖုန်းနံပါတ်များပါ။

#govjob

imageimage

ကမ္ဘာကျော်ကိတ်မုန့်တွေနဲ့ မလဲဘူး
မြန်မာ့ မုန့်စိမ်းပေါင်း 😋

image

ဟက်ထရစ်သွင်းခဲ့တဲ့ အာမတ်ကို အာမိုရင်ကျေးဇူးတင်

ဇန်နဝါရီ ၁၇

ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်း အတွက် နောက်ကျ ဟက်ထရစ် သွင်းခဲ့တဲ့ အာမတ်ကို နည်းပြအာမိုရင်က ကျေးဇူးတင်ခဲ့ပြီး သူ့ကြောင့် ဆာဂျင် ရက်ကလစ်ဖ်နဲ့ စကားပြောခဲ့တာမှာ ချောမွေ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ကျနော် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ၅ မိနစ်ကြာရှိခဲ့ပြီး ကွဲပြားခြားနားတဲ့ အကြောင်းအရာတွေကို ပြောခဲ့ ပါတယ်။ ဒါက ကောင်းမွန်တဲ့ပွဲ မဟုတ်ခဲ့ပေမယ့် ရလဒ်က စကားပြောဆိုမှုကို အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရဖို့က ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ပရိသတ်တွေက ပိုကောင်းတဲ့ ဘောလုံးပွဲကို ကြည့်ချင်တယ်ဆိုတာ သိပေမယ့် ပွဲတွေကို အနိုင်ရဖို့လိုပါတယ်။ အသင်းက နိုင်ပွဲရဖို့ ထိုက်တန်တဲ့အတွက် ကျနော်အလွန်ပျော်ပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အမှတ်ပေးဇယားအဆင့် ၂၀ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်အသင်းကို မိနစ် ၈၀ အထိ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာမတ်ဟာ ၁၂ မိနစ်အတွင်း ဟက်ထရစ် ဂိုးသွင်းပေးပြီး ယူနိုက်တက်အသင်းကို နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံး နေတာကိုလည်း အဆုံးသတ် နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ယူနိုက်တက်အသင်းနဲ့ ၅ နှစ် စာချုပ်သစ်ချုပ်ခဲ့တဲ့ အာမတ်ဟာ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနေပြီး သူ့ရဲ့စီနီယာ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်က အာမတ်ကို ချီးကျူးခဲ့ပြီး လာမယ့်ပွဲမှာလည်း သူ့ကိုလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “အာမတ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်ခဲ့ပြီး ယူနိုက်တက်အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာက လူငယ်ကစားသမားအတွက် အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်ပါ။ သူဟာ ကျနော်တို့ကို ကူညီခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုကို လုပ်ဆောင်နေပါတယ်။ သူ့ကို ကျနော်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။

ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တာကြောင့် အဆင့် ၁၂ နေရာအထိ တက်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - အာမတ် ဂိုးသွင်းနေစဉ်

#ဘောလုံးသတင်းစုံ

image
26 w - Translate

လူချစ်လူခင်များသော မိမိ ဘောလုံး၀င်ကန်သောအခါ

image
26 w - Translate

ယနေ့ မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွား

ယနေ့ ဇန်နဝါရီ (၁၇)ရက်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် မီးလောင်ကျွမ်းမှု(၂)ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက်အစောပိုင်း (၃)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့ ၊ ဘိုးရာဇာရပ်ကွက်အတွင်း မီးလောင်ကျွမ်းခဲ့သဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၄၇)မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။

အလားတူ မွန်းလွဲ (၁၂)နာရီ မိနစ်(၅၀)ခန့်အချိန်၌ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းရပ်ကွက် အောက်လမ်းမကြီး‌ပေါ်ရှိ SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ပြင်သို့ မော်လမြိုင်ခရိုင်၊မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၊ မည်သည့်အတွက် မီးလောင်ကျွမ်းရခြင်းနှင့် မီးလောင်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။

အဆိုပါ မီးလောင်ကျွမ်းမှုများအတွက် ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းများထံ ပေါ်ပြူလာနယူးစ်အနေဖြင့် ဖုန်းဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

"မော်လမြိုင်မြို့ SONY လျှပ်စစ်ပစ္စည်းဆိုင်မီးလောင်တာက မီးများပါတယ်။ မီးလောင်ချိန်လေကလည်းတိုက်နေတော့ ဘေးအိမ်ကိုပါ မီးကူးလောင်နေတာတွေ့ရပါတယ်။ ငြိမ်းနေတုန်းပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။

image

အိန္ဒိယသံအမတ်ကြီး ရခိုင်သွား၍ ကုလားတန်စီမံကိန်းကို လေ့လာ

ဇန်နဝါရီ ၁၇

အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်၍ ကုလားတန်မြစ်စီမံ ကိန်း ဆောင်ရွက်နေမှုကို ပြန်လည်သုံးသပ်လေ့လာခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။

သံအမတ်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ်သည် ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ ဖြစ်ပြီး India Ports Global Ltd(IPGL)မှ မန်နေဂျင်းဒါရိုက်တာလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယသံရုံးက “ လက်ရှိ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအား ပြန်လည်သုံးသပ်ခြင်းအဖြစ် သံအမတ်ကြီး Abhay Thakur သည် စစ်တွေမြို့ ကုလားတန်ဆိပ်ကမ်း စီမံကိန်းသို့ India Ports Global Ltd (IPGL) မှ မန်နေဂျင်းဒါရိုက်တာနှင့်အတူ ယမန်နေ့က သွားရောက်ခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တွေ့ဆုံ၍ ဒေသခံလူထု အသိုက်အဝန်း ထောက်ပံ့ရေး အစီအစဉ်နှင့် အနာဂတ်တွင် ချိတ်ဆက်ဆောင်ရွက်မှု တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ သံရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အိန္ဒိယနွယ်ဖွားများနှင့်လည်း တွေ့ဆုံပြီး India in Myanmar - Consulate General of India, Sittwe သို့ သွားရောက်ခဲ့သည်။

ကုလားတန်မြစ်စီမံကိန်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဖြတ်သန်း၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အား ချိတ်ဆက်ထားသော စီမံကိန်းဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်(AA) တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရပ်တန့်လျက်ရှိနေသည်။

လက်ရှိတွင် AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့်မြို့နယ်များကလွဲပြီး ကျန်မြို့နယ်များကို ထိန်းချုပ်သိမ်းပိုက်ထားသည်။

#centralnewsnaypyitaw

imageimage
+4