ခင်ဗျားတို့ဘဝမှာ အချစ်ဦးနဲ့လွဲခဲ့ဖူးလား။
90%သောလူတွေက အချစ်ဦးနဲ့လွဲဖူးကြတယ်။ဒါဟာ မနူးမနပ်အရွယ်မှာ ရင်ထဲကိုနစ်ဝင်ခဲ့တဲ့ ဆူးတစ်ချောင်းကို မကိုင်တွယ်တတ်ခဲ့လို့ပေါ့လေ။
ဒါဆို အချစ်ဆုံးကိုရော.....
ဒီနေ့ ကျွန်တော်တို့ EIMကနေ ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ You are the apple of my eyesဆိုတဲ့ Taiwanရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားက ကျွန်တော်တို့ ငယ်ဘဝကို ပြန်လွမ်းဆွတ်စေတဲ့ ဇာတ်ကားတစ်ကားဆိုမမှားပါဘူး။ အဲ့ခေတ်အဲ့အခါက အသုံးအဆောင်တွေ ပုံစံတွေက ငယ်ဘဝကို ပြန်လွမ်းစေမှာ အမှန်ပဲ။တကယ်တော့ ဇာတ်ကားက ရိုးရှင်းပါတယ်။စာကလွဲပြီး အကုန်စိတ်ဝင်စားတဲ့၊ ပေါက်ကရတွေလုပ်မယ်သူငယ်ချင်းတွေနဲ့ ပျော်ပါးမယ်ဆိုတဲ့အတွေးပဲရှိတဲ့ ဆယ်ကျော်သက်လူငယ်လေး ခိုကျင့်ထောင်တစ်‌ေယာက် စာတော်ပြီးရုပ်‌ေချာတဲ့ ကောင်မလေး ချန်ကျားယွီကို ချစ်မိသွားတယ်‌ေပါ့ဗျာ။နောက်တော့ သူတို့နှစ်ယောက်ကြားက ြပဿနာတွေ ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားမှုတွေ၊ ပျော်စရာတွေ ဝမ်းနည်းစရာတွေအကြောင်းရိုက်ထားတဲ့ ရိုးရှင်းတဲ့ Coming of age movieတစ်ပုဒ်ပါပဲ။
"လူတိုင်းရဲ့ အချစ်ဦးတစ်နည်းအားဖြင့် ပထမဆုံးအချစ်တွေကဂန္တဝင်ရုပ်ရှင်ကားတွေလိုပဲ ကြီးကျယ်ခမ်းနားတယ်"လို့ပြောကြတယ်။ဒီဇာတ်ကားကတော့ ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်မျိုးမဟုတ်ပေမယ့် ဆယ်ကျော်သက်အရွယ် အချစ်ဦးကို ဂန္တဝင်မြောက်အောင် ခမ်းခမ်းနားနား လှလှပပ တင်ဆက်ပြသထားနိုင်တယ်။အဲ့ဒီသာမန်ဇာတ်လမ်းလေးကပဲ ကျွန်တော်တို့ရင်ထဲကို ထုတ်ချင်းပေါက်ဝင်ရောက်လာနိုင်ခဲ့တယ်။ဒါဟာ စိတ်ကူးယဉ်ရုပ်ရှင်တွေထက် လက်တွေ့ဘဝနဲ့နီးစပ်ပြီး realistic ဖြစ်တဲ့ ထိုင်ဝမ်ရုပ်ရှင်တွေရဲ့ အားသာချက်တစ်ခုပဲလို့ပြောလို့ရပါတယ်။
ငယ်ငယ်က အတန်းထဲမှာ ကိုယ်သဘောကျရတဲ့ ကောင်မလေးကို တိတ်တိတ်လေး ခိုးကြည့်ခဲ့ရတာ၊စာလိုက်ပေးခဲ့ရတာတွေကို မှတ်မိသေးလား။အဲ့အချိန်တွေက ဖြူဖြူစင်စင်နဲ့ချစ်ခဲ့တဲ့ အချစ်ရဲ့ သက်သေပဲပေါ့ဗျာ။မျက်လုံးချင်းဆုံရင်ကို ရင်ခုန်နေရတဲ့ အခိုက်အတန့်မျိုးပေါ့။ကိုယ်သဘောကျတဲ့ကောင်မလေးဆီကနေ အထင်ကြီးခံရဖို့ အမျိုးမျိုးကြိုးစားဖူးကြမှာပါ။ဆရာပါပီယွန်စကားနဲ့‌ေပြာရရင် မိန်းကလေးတစ်‌ေယာက်ဆီက အထင်ကြီးမှုကိုခံရတာဟာ အလက်ဇန္ဒား သယ် ဂရိတ်ရဲ့ ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်တဲ့ ခံစားချက်မျိုးကိုး‌ဗျ။ဒါဟာလူတိုင်းခံစားဖူးတဲ့ ငယ်ဘဝအမှတ်တရမျိုးပေါ့လေ။
ဒီဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ဘယ်လောက်ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ကားပေါ့။ခုချိန်မှာ ပြန်ပြီး ခံစားကြည့်လည်း မရိုးနိုင်ဘူးဆိုတာ သေချာပါတယ်။ဒီဖက်ခေတ်ကလေးတွေရဲ့ ကျောင်းသားဘဝနဲ့မတူညီပဲ အရင်ခေတ်ဟောင်းကျောင်းသားဘဝကို ပြန်ခံစားစေရမှာပါ။ဒါဟာလည်း ဒီဇာတ်ကားရဲ့ ဒါရိုက်တာဟာ သူ့ဘဝတစိတ်တပိုင်းကို ပြန်ပြီးရိုက်ကူးထားတာမို့ ကျွန်တော်တို့တွေ ရင်ဘတ်ချင်းနီးစပ်ဖို့ မခက်ခဲ့ဟန်တူပါတယ်။
"မိန်းကလေးတွေက ယောက်ျားလေးတွေထက်ပိုပြီး မြန်မြန်ရင့်ကျက်ကြတယ်"တဲ့။အကယ်၍ ခိုကျင့်ထောင်သာ ဒီထက်ပိုပြီး စောစောရင့်ကျက်ခဲ့ရင် ချန်ကျားယွီနဲ့ ပေါင်းဖက်နိုင်ကြမလား။ဒါမှမဟုတ် သူတို့နှစ်ယောက်ဟာ အချိန်မှား၊နေရာမှားခဲ့ကြလေသလား။
ခင်ဗျားတို့ရော အချစ်ဦးနဲ့လွဲခဲ့ဖူးလား။ဒါမှမဟုတ် အချစ်ဆုံးနဲ့လား။ ကံဆိုးစွာနဲ့ပဲ နှစ်ယောက်စလုံးနဲ့လား။
ခင်ဗျားတို့ရဲ့ ချန်ကျားယွီကရော ခုချိန်မှာ ခင်ဗျားတို့ရင်ထဲမှာ ကျန်နေသေးလား။ Commentမှာ ပြောသွားကြပါဦးဗျ။

image

And suddenly aftar a while you realised that it was all about that unexpressed love <br>?- In The Mood for Love (2000)

"90's bornတွေရဲ့ Education ရုပ်ရှင် အကြောင်း"
90's born လိုရေးထားပေမဲ့ အခုကျွန်တော်က 87's born ပါ။ ဒီနေ့ကတော့ American Pie Franchise ကိုစပ်မိစပ်ရာရေးလိုက်ပါမယ်။ Teen, s-ex, comedy, romance, drama vibe အပြည့်နဲ့ပေါ့။ အခွေစဝယ်‌ပြီး ကြည့်တော့ ဘေးနားမှာ အဖေနဲ့ကြည့်တာဗျ မကြာပါဘူး ဇာတ်လမ်အစမှာတင် အဆူခံရပါလေကော်၊ မင်းက ဘာရုပ်ရှင်တွေဝယ်လာတာလည်း၊ ဘာညာပေါ့။ ဒီရုပ်ရှင်က education လိုလို၊ ဘာလိုလိုဗျ၊ အဲ့ခေတ်က ၂၀၀၁။ တက်တဲ့ ကျောင်းမှာ မိန်းကလေးတွေက အစအကုန် ဒီရုပ်ရှင်ကိုကြည့်ဖူးနေကျတယ်။ အဲ့ခေတ်ကဆိုလည်း pop punkတွေရဲ့ ခေတ်ကောင်းချိန် Blink 182, Sum41, Offspring, Avril lavinge တို့လိုပေါ့ ဒီရုပ်ရှင်မှာ သူတို့သီချင်းတွေ ပါလာတော့ mtv တွေကြည့် သူတို့ fashion တွေကိုအတုခိုးပြီး Jorts, baggy အပွတွေ ကို မီးပူမတိုက်ပဲ ဝတ်ရတာလည်းအမောပါပဲ။
ဒီရုပ်ရှင် ဇာတ်လမ်းက အစမှာတင် နည်းနည်း ÷တယ်ဗျ။ Highschool ပြီးမဲ့ ကျောင်းသားတွေ ကျောင်းနောက်ဆုံးနေ့ prom ပြီးရင် ကောင်မလေး တစ်ယောက်စီနဲ့ အိပ်ကြဖို့ ကတိတောင်းရာကနေ တလွဲတွေဖြစ်၊အလွဲတွေနဲ့ တော်တော်တိုင်ပတ်တဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်က ကိုယ်တွေဘဝနဲ့လည်း ထပ်တူကြတော့ အဲ့ခေတ်က ၁၆,၁၇ တွေ အသေကြိုက်ခဲ့ရတာပေါ့။ သရုပ်ဆောင်တွရဲ့ အပြင်အသက်ကလည်း ခပ်ငယ်ငယ်ဆိုတော့၊ ပိုပြီးစီးမျှောစေတယ်။ Pie scene ဆိုရင် အခုထိ တစ်သက်မမေ့ပါပဲ။ (ကျောင်းမှာ ဘော်ဒါ‌ေတွနဲ့ အဲ့ခေတ်က အဲ့လို challenge လုပ်ရတဲ့အထိပါပဲ) ကျွန်တော်တို့ ဘော်ဒါတွေအသဲစွဲဆိုရင် Nadia ပေါ့ Czech နိုင်ငံကနေပြောင်းလာတဲ့ ကျောင်းသူပေါ့။ အဲ့ဒီ Scene နဲ့ Every Time I look at you- Blink 182 သီချင်းက လုံးဝ perfect ပဲ ခနခနပြန်ကြည့်ရတယ်။ အဲ့မှာ Jim ကို တော်တော် တောက်ခေါက်မိတယ် ဒီကောင်တော့ ဘာတွေကြောက်နေတာလည်းဘာညာဆိုပြီး။ ဒီရုပ်ရှင်ကိုကြည့်ပြီး Jennifer Coolidge ကိုကြိုက်တဲ့ လူလည်းသပ်သပ်ရှိတယ်ဗျ။ ဒီရုပ်ရှင်ကနေ စလိုက်တာ ညီကိုတို့ Chrome မှာကြည့်နေကျ "MILF" ဆိုတာ ဖြစ်ပေါ်လာတယ်ပြောရမယ်။ ဘာလည်းဟ MILF ဆိုတာဆိုပြီး နောက်မှနားလည်တော့မှပဲ သဘောပေါက်တော့တယ်။ အဲ့ရုပ်ရှင်က castတော်တော်များများကလည်း ကျောင်းမပြီးသေးတဲ့ လူတွေများတယ်။ အကြိုက်ဆုံးကတော့ ပါတီဘွိုင်း၊ သူငယ်ချင်းတွေရဲ့အချစ်တော် Stifler ကိုပါပဲ။ stifmeister ဆိုတာကြီးလည်း တော်တော်စားပါတယ်။ အဲ့ဘဲကိုရူးပြီး ၉တန်းကနေ ၁၂တန်းအထိ Sausage Party ကို အိမ်မှာ လုပ်ဖူးတယ်။ ဒီပါတီကြောင့်ပဲ ညားတဲ့သူကညားနဲ့ တွဲတဲ့သူကတွဲ၊ ပွင့်တဲ့သူကပွင့်နဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော်က Stifler ထက်ပိုလည်ခဲ့တယ်ပြောရမယ်။ အမေ့ကို အရင်ဆုံး သူ့သူငယ်ချင်းအိမ် အရင်ပို့ပြီးမှ ညလုံးပေါက် ကျင်းပခဲ့တာ။
ဖြစ်နိုင်ရင် Original ၄ကားလုံးကိုပဲကြည့်စေချင်တယ်။ American Reunion မှာသူတို့လည်းအိမ်ထောင်ကျ ကိုယ်လည်းအိမ်ထောင်ကျ ကလေးအဖေဖြစ်ပြီး အသက်ကြီး အလုပ်တွေပိနဲ့၊ American Reunion ကိုကြည့်ပြီး တော်တော်ခံစားလိုက်ရတယ် ပြောရမယ် 1999 ကနေ 2012 အထိ ဒီရုပ်ရှင်ကြောင့်ပဲ ရည်းစားရ၊ စော်လိုက်နည်း၊ ဟိုနည်းတွေသဘောပေါက် Nostalgia ပြန်ဖြစ်မိတယ်။ လူငယ်တိုင်းကိုကြည့်စေချင်တယ်။ 00's era ကဘယ်လောက် မိုက်ပြီး၊ ဆန်းတယ်ဆိုတာ သိစေချင်တယ်။ ညီကိုတို့ဒီရုပ်ရှင်ကြည့်ပြီးရင် Blink-182, Sum41 တို့ကိုလည်းနားထောင်စေချင်ပါတယ်။ MILF ရဲ့ရာဇဝင်ကိုလည်း ကောင်းကောင်းသိရတာပေါ့။ ဒီရုပ်ရှင်က တစ်ခြား teenage, s-ex ရုပ်ရှင်တွေနဲ့တော့ ကွဲတယ်ဗျ။ "မင်းတို့က လူငယ် မင်းတို့ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာလုပ်၊ အသက်ကြီးရင် မရတော့ဘူး ဒီဘဝက၊ လူငယ်ဆန်ပြီး လူငယ်အလုပ်ကို အပြည့်ဝ လုပ်နေလိုက်" အဲ့လို အဓိပ္ပာယ်ပါပဲ။

image

\ကိုယ့်ရဲ့ လက်ကျန်ဘဝတစ်ခုလုံးသိအောင် လုပ်လို့ရတယ်လေ\ <br>-Big Fish(2003)

" တစ်ခါတလေ ဝိဉာဉ်တွေက
သူတို့ချစ်တဲ့သူအနားမှာနေချင်ကြရုံလေးပဲ ရှိတာပါ "
Shutter (2004)

image

image

ဘေးရန်ခပ်သိမ်း
ဒေါသခပ်သိမ်း
သောကခပ်သိမ်း
ငြိမ်းတော်မူသော
မြတ်စွာဘုရား🙏🙏🙏
သတ္တဝါအားလုံးတို့
ဘေးရန်ခပ်သိမ်း
ဒေါသခပ်သိမ်း
သောကခပ်သိမ်း
ငြိမ်းကြပါစေ။
8.5.2025
ဗုဒ္ဓဟူးနေ့

image

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏
#ဒကာကြီး
#ဘုရား?
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။
( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
"#ဒေါင်းယောင်ဆောင်သော__ကျီး\"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....
( ၅ ) #သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
#ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
#ဤ__သစ္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏

image

ါရမီဆိုတဲ့ အဓိပ္ပါယ်က မြင့်မြတ်သူတို့ရဲ့
အလုပ်လို့ပြောတာ။ မြင့်မြတ်သူဖြစ်ချင်ရင်
အဲဒီအလုပ်ကိုလုပ်။ လုပ်ရင် အလုပ်ကနေ
ကိုယ့်ကို role တင်ပေးလိမ့်မယ်။
မြင့်မြတ်သူ ဖြစ်သွားလိမ့်မယ်။

ပရမတ္တဧသာ ပါရမီ မြင့်မြတ်သူရဲ့
စိတ်နေသဘောထား မြင့်မြတ်သူရဲ့လုပ်ငန်း
ဒါကို ပါရမီလို့ခေါ်တာ ဖြစ်ပါတယ်။
ကိုယ်ကိုယ်တိုင် မြင့်မြတ်ချင်ရင်
မြင့်မြတ်တဲ့အလုပ်ကို လုပ်ကြရမှာ ဖြစ်တယ်။

နိမ့်ကျတဲ့ အလုပ်လုပ်ရင်
ကိုယ်ဟာဘယ်လောက်ပဲ မြင့်မြတ်သူ
ဖြစ်ချင်သော်လည်း နိမ့်ကျ သူပဲ ဖြစ်မယ်။
အလုပ်က ကိုယ့်ကို စံ သတ်မှတ်သွားလိမ့်မယ်။
စိတ်နေသဘောထားတွေက စံ
သတ်မှတ်သွားလိမ့်မယ်။

စိတ်ထားမြတ်မှ လူဟာ မြင့်မြတ်တာ
ဖြစ်တယ်ပေါ့။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

#ကုသိုလ်ကောင်းမှုနေ့တိုင်းပြု
#မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

image
46 w - Translate

ယမန်နေ့က ဖြစ်ပွားခဲ့‌သည့် မတော်တဆမှုကို စုံစမ်းစစ်ဆေးနေကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA) ထုတ်ပြန်

မြန်မာအမျိုးသား လေကြောင်းခရီးစဉ်တစ်ခု၌ မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း (MNA) အနေဖြင့် စုံစမ်းစစ်ဆေးမှုများ စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်း မေ ၇ ရက်က ယင်းလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ မေ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြိုမှ ရန်ကုန်မြိုသို စတင်ထွက်ခွာခဲ့ရာ ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သော အချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှူးမှ ပြေးလမ်းပေါ်တွင် ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ထိုသိုပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည်။

ထိုနောက် ကျန်ရှိသော လေယာဉ် ဘီးများကောင်းမွန်ပြီး လေယာဉ် ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ပြီး လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ် အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ကာ ခရီးသည်များ နှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နား နေဆောင်သို ပိုဆောင်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုအပြင် မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ် တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြိုသို အစားထိုးလေယာဉ်များဖြင့် ပိုဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ မြန်မာအမျိုးသားလေကြောင်းမှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

NOM