ပေါင်းတည်က အုပ်ချုပ်ရေးမှူးသားအဖ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး

ဒီဇင်ဘာ ၄

ပဲခူးတိုင်း(အနောက်ပိုင်း) ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ ရွာလှကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ဟာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ရွာလှအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ဖြစ်ပြီး နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

" မနက်၄နာရီကျော်လောက် အစောကြီးပစ်သတ်ခံရတာ။သူတို့အိမ်ထဲထိကို လာပစ်သွားတာ။ အဖေက အသက် ၆၂ နှစ်၊သားကအသက်၃၀ ပါ။အိမ်ကိုဝိုင်းထားပြီးကို ပစ်သွားတာလို့သိရတယ်။ သေနတ်နဲ့ ဆယ့်ငါးချက်လောက်ရှိမယ် "လို့ ဒေသခံကပြောပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ကလည်းပဲခူးအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ တောင်ရွာမရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကိုအောင်ထွန်းဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဓါးသွေးကျောက်ရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ သားနှစ်ယောက်လည်း သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဆန်စပါးစိုက်ပျိုးတဲ့လယ်သမားတွေအတွက် ထိုင်းအစိုးရ အမတော်ကြေးထောက်ပံ့မည်

ဒီဇင်ဘာ ၄

အခုနှစ်အတွင်း ထိုင်းနိုင်ငံတစ်ဝန်း ဆန်စပါးစိုက်ပျိုးတဲ့လယ်သမားတွေအတွက် အမတော်ကြေး (အစိုးရ ထောက်ပံ့ငွေ) ဘတ် ၄.၆ သန်း ထောက်ပံ့နိုင်ဖို့အတွက် ဘတ် ၃၈.၅၈ ဘီလျံ ထောက်ပံ့ဖို့ အစိုးရအဖွဲ့က ဆုံး ဖြတ်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး နာရူမွန်ပင်းယိုဆင်ဝတ်က ပြောပါတယ်။

အခုရန်ပုံငွေတွေကို အသုံးပြုပြီး လယ်တစ်ရိုင် (၁ ဧက = ၂.၅၂၉ ရိုင်) ကို ဘတ် ၁၀၀၀ နှုန်းနဲ့ မိသားစုတစ်စု ကို လယ် ၁၀ ရိုင်အထိ ထောက်ပံ့သွားမှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

အစိုးရအဖွဲ့က ဘတ်ဂျက်ကို တရားဝင်အတည်ပြုပြီးတာနဲ့ လယ်ယာစိုက်ပျိုးရေးတိုးချဲ့ဌာနက သတ်မှတ်စည်း ကမ်းချက်နဲ့ညီတဲ့ လယ်သမားတွေစာရင်းကို လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမဘဏ်ကို ပေးပို့သွားမှာဖြစ်ကြောင်း နာရူမွန်က ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမဘဏ်က သက်ဆိုင်ရာလယ်သမားတွေဆီကို ထောက်ပံ့ ကြေး ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

ထောက်ပံ့ကြေးရရှိရေး စည်းကမ်းချက်နဲညီဖို့အတွက် လယ်သမားတွေဟာ ၎င်းတို့လယ်ယာမြေတွေကို လယ် ယာစိုက်ပျိုးရေးတိုးချဲ့ဌာနမှာ မှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။

သတ်မှတ်စည်းကမ်းချက်နဲ့ညီညွတ်တဲ့ လယ်သမားတွေရဲ့အမည်စာရင်းကို လယ်ယာစိုက်ပျိုးရေးတိုးချဲ့ဌာနရဲ့ ဝက်ဆိုက်မှာ ဖော်ပြသွားမှာဖြစ်ကြောင်း နာရူမွန်က ပြောပါတယ်။

မှတ်ပုံတင်ချင်တဲ့ လယ်သမားအသစ်တွေအနေနဲ့ ၎င်းတို့ခရိုင်အတွင်းမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်မှတ်ပုံတင်ပြီး လယ်ယာစိုက်ပျိုးရေးတိုးချဲ့ဌာနရဲ့ဝက်ဆိုက်မှာ ၎င်းတို့နာမည်တွေကို စစ်ဆေးကြည့် ရှုနိုင်ကြောင်း နာရူမွန်က ပြောပါတယ်။

Ref: Cabinet approves 38.58 billion baht for rice farmers’ subsidies

#သတင်းဟင်းလေးအိုးကြီး

image
image
image

သမ္မတယွန်ဆောက်ယုန်ကို ရုံးတင်တရားစွဲဆိုဖို့ တောင်ကိုရီးယားလွှတ်တော်အမတ်တွေ တောင်းဆို

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄

အာရှတိုက်ရဲ့စတုတ္ထမြောက် စီးပွားရေးအင်အားအကောင်းဆုံး တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်း ပြီး အချိန်တိုအတွင်း ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ သမ္မတယွန်ဆောက်ယုန်ကို ရုံးတင်တရားစွဲဆိုဖို့ တောင်ကိုရီး ယားလွှတ် တော်အမတ်တွေက ဒီဇင်ဘာ ၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေကို ပိတ်ပင်ပြီး မီဒီယာတွေဆင်ဆာဖြတ်ဖို့ သမ္မတရဲ့ကြိုးပမ်းမှုကို လွှတ်တော်က ပယ်ချခဲ့ ပြီးနောက်မှာ အခုလို အံ့သြစရာကောင်းတဲ့ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေဟာ ဒီကနေ့မနက်ပိုင်း အစောကြီးမှာ သမ္မတနေရာချထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မီးသတ်ဆေးဘူးတွေနဲ့ ဖြန်းပက်ပြီး ခြံစည်းရိုးကိုကျော်ဖြတ်ကာ လွှတ်တော်ဝင်းထဲကို ဝင်ရောက်လာကြတာဖြစ် ပါတယ်။

သမ္မတယွန်ကို စွဲချက်တင်ဖို့အတွက် ဥပဒေကြမ်းတစ်စောင်ပြဋ္ဌာန်းရေး အဆိုပြုဖို့အတွက် ၎င်းတု့ိအနေနဲ့ စီစဉ် ထားပြီး အဲဒီအဆိုပြုချက်ကို ၇၂ နာရီအတွင်း မဲခွဲဆုံးဖြတ်သွားမှာဖြစ်ကြောင်း အတိုက်အခံအုပ်စုက လွှတ်တော် အမတ်တွေရဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

“တရားစွဲဆိုတဲ့ဥပဒေကြမ်းကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့အတွက် လွှတ်တော်အနေနဲ့ သမ္မတရဲ့လုပ်ငန်းဆောင်ရွက် ခွင့်တွေကို ချက်ချင်း ဆိုင်းငံ့ထားဖို့ အာရုံစိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အ မတ်တစ်ဦးဖြစ်တဲ့ ဝန်အန်ဟာက ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားနဲ့ မြောက်ကိုရီးယားလိုလားပြီး နိုင်ငံတော်ကို ဆန့်ကျင်နေ တဲ့အုပ်စုတွေရဲ့ရန်က ကာကွယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ စစ်အုပ်ချုပ်ရေး ပြ ဋ္ဌာန်းဖို့ လိုအပ်ကြောင်း ယွန်က ရုပ်သံမိန့်ခွန်းမှာ ပြောကြားပေမဲ့ ဘယ်လိုခြိမ်းခြောက်မှုတွေရှိနေတယ်ဆိုတာကို တော့ အသေးစိတ်ထည့်သွင်း ပြောဆိုခြင်း မရှိပါဘူး။

လွှတ်တော်အမတ် ၃၀၀ အနက် သမ္မတယွန်ရဲ့ ပါတီက လွှတ်တော်အမတ် ၁၈ ဦး အပါအဝင် လွှတ်တော်အ မတ် ၁၉၀ က စစ်အုပ်ချုပ်ရေးပြန်လည်ရုပ်သိမ်းဖို့ တညီတညွတ်တည်းထောက်ခံအဆိုတင်သွင်းခဲ့ပြီးနောက် သမ္မတက စစ်အုပ်ချုပ်ရေးကြေညာချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

သမ္မတယွန် နုတ်ထွက်တဲ့အထိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ထောင်ပေါင်းများစွာ ဆန္ဒပြသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂကြီးက ပြောကြားလိုက်သလို နောက်ထပ် ဆန္ဒပြပွဲတွေ လေးငါးခု ဖြစ်ပေါ်လာဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

Naver Corp နဲ့ LG Electronics Inc အပါအဝင် ကုမ္ပဏီတချို့ကလည်း ၎င်းတို့ ကုမ္ပဏီဝန်ထမ်းတွေကို မိမိတို့ နေအိမ်တွေမှာပဲ အလုပ်လုပ်ဖို့ ပြောကြားထားပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ ကိုရီးယားဝန်ငွေ ဈေးနှုန်းက တစ်ဒေါ်လာကို ၁၄၁၈ ဝန်မှာသာရှိနေပေမဲ့ ကိုရီးယားစတော့အိပ်ချိန်း ရှယ်ယာဈေးနှုန်း ၂% လျော့ကျသွားခဲ့ပါတယ်။

သမ္မတယွန်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာလိုက်ပြီးနောက်မှာ လွှတ်တော်နဲ့ နိုင်ငံရေးပါတီက တက်ကြွ လှုပ်ရှားသူတွေကို ပိတ်ပင်လိုက်ပြီး မီဒီယာနဲ့ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်အုပ်ချုပ်ရေးအ မိန့်အောက်မှာ ထိန်းချုပ်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားတပ်မတော်က ပြောပါတယ်။

ဦးထုပ်ဆောင်းထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက လွှတ်တော်ဝင်းထဲကို ဘယ်သူမှ မဝင်နိုင်အောင် ယာယီတား ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ဝန်ထမ်းတွေက စစ်သားတွေကို မီးသတ်ဆေးဘူးတွေ နဲ့ ဖြန်းပက်တွန်းဖယ်ပြီး လွှတ်တော်ထဲကို အတင်းဝင်ရောက်သွားတာဖြစ်ပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီကတော့ ၁၉၈၀ ပြည့်နှစ်ကတည်းက ဒီကနေ့အချိန်အထိ ပထမ ဦးဆုံးအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေးကိုကြေညာခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ သမ္မတ ယွန်ကို ရာထူးကနုတ်ထွက်သွားဖို့ ဒါမှမဟုတ် ရုံးတင်တရားစွဲဆိုတာကို ရင်ဆိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။

“စစ်အုပ်ချုပ်ရေးဥပဒေ ပြန်ရုပ်သိမ်းလိုက်ရင်တောင်မှ သူ့အနေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်ကို ရှောင်လွှဲ လို့ မရပါဘူး။ ဒါဟာ သမ္မတယွန် နိုင်ငံကို ပုံမှန်ဆက်ပြီးမအုပ်ချုပ်နိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ထုတ် ဖော်ပြသလိုက်တာပဲဖြစ်တယ်။ သူ သမ္မတရာထူးက ဆင်းသွားသင့်ပါတယ်။” လို့ ဒီမိုကရက်တစ်ပါတီရဲ့ ထိပ် တန်းလွှတ်တော်အမတ်ဖြစ်တဲ့ ပတ်ချန်ဒေးက ပြောပါတယ်။

တောင်ကိုရီးယားလွှတ်တော်အနေနဲ့ လွှတ်တော်အမတ် သုံးပုံနှစ်ပုံက ထောက်ခံရင် နိုင်ငံတော်သမ္မတကို ရုံး တင်တရားစွဲဆိုနိုင်ပါတယ်။ အဲဒီလို တရားစွဲဆိုပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက စစ်ဆေးကြားနာသွား မှာဖြစ်ပြီး တရားသူကြီး ၉ ဦးအနက် ၆ ဦးက ထောက်ခံရင် တရားရုံးဆုံးဖြတ်ချက်အတည်ဖြစ်ပါတယ်။

ကိုရီးယားလွှတ်တော်ထဲမှာ လွှတ်တော်အမတ် ၃၀၀ ရှိတဲ့အနက် သမ္မတယွန်ပါတီက လွှတ်တော်အမတ် ၁၀၈ နေရာကို အနိုင်ရရှိထားပါတယ်။

“တောင်ကိုရီးယားဟာ ကျည်ဆန်ကို ရှောင်နေရတဲ့နိုင်ငံဖြစ်ပေမဲ့ သမ္မတယွန်ကတော့ သူ့ခြေထောက်သူ သေ နတ်နဲ့ ပြန်ပစ်ခဲ့တဲ့သူဖြစ်တယ်။” လို့ အမေရိကန်ပြည်ထောင်စုရှိ Asia Society Policy Institute ပညာရှင်အဖွဲ့ က ဒုတိယဥက္ကဋ္ဌ ဒန်နီရပ်ဆဲလ်က ပြောပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းချက် ပြန်လည်ရုပ်သိမ်းလိုက်တဲ့ သမ္မတယွန်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြိုဆိုလိုက်ပါတယ်။

“နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိမ့်မယ်လို့ ကျွန်တော်တို့ ဆက် ပြီး မျှော်လင့် နေပါတယ်။” ဘလင်ကန်က ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံမှာ အ မေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ဝန်းကျင်ခန့် တပ်စွဲထားပါတယ်။

Ref: South Korean lawmakers call to impeach President Yoon after martial law rescinded

#centralnewsnaypyitaw

image
image
image
image
23 w - Translate

၁၄ နှစ်အရွယ် အိုဒီဂတ်လက်သစ် ကစားသမားကို အာဆင်နယ် ခေါ်ယူလေ့ကျင့်

အာဆင်နယ်အသင်းဟာ အကယ်ဒမီအသင်းက အသက် ၁၄ နှစ်အရွယ် ကစားသမားကို စီနီယာအသင်းကြီးနဲ့အတူ ပူးပေါင်းလေ့ကျင့်စေခဲ့ပါတယ်။

မက်ဒေါ်မန်လို့ ခေါ်တဲ့ ၁၄ နှစ်အရွယ် လူငယ်ကစားသမားဟာ အရပ် ၅ ပေ ၇ လက်မ အမြင့်ရှိပြီး သူ့ရဲ့အသက်အရွယ်ထက် ပိုမို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိသူပါ။

အသင်းခေါင်းဆောင် အိုဒီဂတ်လို ကစားဟန်ရှိတာကြောင့် အိုဒီဂတ်လက်သစ်လို့လည်း ခေါ်ကြပြီး အင်္ဂလန် ယူ-၁၇ လက်ရွေးစင်အသင်းမှာလည်း ပါဝင်နေသူပါ။

စပို့တင်းလစ္စဘွန်း ယူ-၁၉ နဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ လူငယ်လိဂ်မှာ မက်ဒေါ်မန်က အိုဒီဂတ်လိုမျိုး အသင်းရဲ့ ကွင်းလယ်ညာခြမ်းမှာ ပွဲထွက်ကစားခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ ၁၅ နှစ်ပြည့်မယ့် မက်ဒေါ်မန်ကို တခြား ပရီးမီးယားလိဂ် အသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
DVB
Photo: Reuters

image
23 w - Translate

သိစေချင်တာ
အောမေလေးတို့သိဘို့😃

23 w - Youtube

23 w - Translate

M6 မှာအသက်အငယ်ဆုံးကစားသမား
တော်တော်များများက Daxx လို့ထင်နေကြပေမယ့်
အသက်အငယ်ဆုံးကစားသမားက
Team Sprit က Hiko ပါ။
အသက် ၁၆ နှစ်သာရှိသေးပေမယ့်
လက်စွမ်းကလဲမခေလှပါဘူး။
M6 မှာလည်း ပထမဆုံး Savage ရထားသူပါ။
AAMG

image
23 w - Translate

ဆော့ဝဲလ်အသစ်
သူ မာယာများ....🤣

23 w - Translate

Get the repellent 😎

image
23 w - Translate

အာဆင်နယ်နှင့်ပွဲအပါအဝင် ပွဲတိုင်းက စမ်းသပ်မှုဖြစ်ဟု မန်ယူနည်းပြ အာမိုရင်ပြော

အာဆင်နယ်နဲ့ ကစားရမယ့် ပွဲစဉ်အပါအဝင် ပွဲစဉ်အားလုံးက အသင်းကို စမ်းသပ်ပေးမယ့် ပွဲစဉ်တွေဖြစ်ကြောင်း မန်ယူနည်းပြသစ် အာမိုရင်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ ဒီဇင်ဘာ ၅ ရက်မှာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။

အာဆင်နယ်နဲ့ပွဲအပါအဝင် ပွဲတိုင်းက စမ်းသပ်ခံရမယ့် ပွဲစဉ်တွေဖြစ်ပြီး အာဆင်နယ်က လက်ရှိ အချိန်အထိ ယှဉ်ပြိုင်ကစားခဲ့သမျှ အသင်းတွေထဲမှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။

လေ့ကျင့်ချိန်အများကြီး မရရှိသေးဘဲ ကစားသမားတွေအားလုံးကို စီမံခန့်ခွဲနေရတာက ခက်ခဲတာကြောင့် ပွဲစဉ်တိုင်းက စမ်းသပ်မှုတွေဖြစ်တယ်လို့ နည်းပြအာမိုရင်က ပြောသွားပါတယ်။
DVB
Photo-Reuters

image