1 y - Translate

Z Flip7 ကတော့ ပိုမိုက်လာပြီ
Cover Display ကိုတော့ ပုံစံအသစ်နဲ့ Full View ပုံစံပြောင်းလိုက်တာ 4.1” ဖြစ်သွားတယ်
အမြင်ဆန်းတယ် ၊ ပိုမိုက်တယ်
မြန်မာမှာ Z Flip7 ရောင်းမယ့် စျေးကလည်း 4,930,000 ပါတဲ့
ပြန်ဆက်ရရင် FlexWindow ကိုသုံးတာများတဲ့ သူတွေဆိုရင် Cover Display ပိုကြီးလာတဲ့ အချက်က မျက်စိကျစရာပဲ
မေ့တော့မလို့ 120Hz Refresh Rate ကိုပါ Cover Display အထိ ထပ်တိုးပေးထားသေးတယ် ဆိုတော့ Z Flip7 မှာ Cover Display ကို Samsung ဘယ်လောက်အထိ အသားပေးထားလဲ မြင်နေရပါပြီ
ဖုန်းကတော့ Size လဲပိုကြီးတယ် Battery လဲပိုကြီးတယ်
Main Display က 6.7” ကနေ 6.9” ဖြစ်သွားပြီး
Battery ကတော့ 4000 mAh ကနေ 4300 mAh ဖြစ်သွားတယ်
Samsungက ဒီနှစ် Foldable တွေမှာ မျက်လှည့်ပြထားတယ် Size ပိုကြီး Battery ပိုပါတာတောင် 187g ကနေ 188g ပဲဆိုတော့ 1g ပဲပိုလေးအောင် လုပ်ပြထားတယ်
ဒီနှစ် Z Flip7 နဲ့ Z Fold7 မှာ ထူးခြားတာဆိုရင် Software Version က OneUI 8.0 နဲ့လာမယ် Android 16 ပေါ့ Update ထပ်စောင့်နေစရာမလိုတာ အားသာချက်ပဲ
နောက်ပိုင်းမှာလည်း Google Android Release တွေနဲ့ သိပ်မကွာပဲ OneUI Update တွေရမယ်လို့ Samsung က ပြောထားတယ် ဒါကတော့ ဖြစ်သင့်တာကြာပြီပေါ့
SoC မှာတော့ Exynos 2500 ကိုသုံးထားတယ် ပြောပါတယ်

image
1 y - Translate

Z Flip7 ကတော့ ပိုမိုက်လာပြီ
Cover Display ကိုတော့ ပုံစံအသစ်နဲ့ Full View ပုံစံပြောင်းလိုက်တာ 4.1” ဖြစ်သွားတယ်
အမြင်ဆန်းတယ် ၊ ပိုမိုက်တယ်
မြန်မာမှာ Z Flip7 ရောင်းမယ့် စျေးကလည်း 4,930,000 ပါတဲ့
ပြန်ဆက်ရရင် FlexWindow ကိုသုံးတာများတဲ့ သူတွေဆိုရင် Cover Display ပိုကြီးလာတဲ့ အချက်က မျက်စိကျစရာပဲ
မေ့တော့မလို့ 120Hz Refresh Rate ကိုပါ Cover Display အထိ ထပ်တိုးပေးထားသေးတယ် ဆိုတော့ Z Flip7 မှာ Cover Display ကို Samsung ဘယ်လောက်အထိ အသားပေးထားလဲ မြင်နေရပါပြီ
ဖုန်းကတော့ Size လဲပိုကြီးတယ် Battery လဲပိုကြီးတယ်
Main Display က 6.7” ကနေ 6.9” ဖြစ်သွားပြီး
Battery ကတော့ 4000 mAh ကနေ 4300 mAh ဖြစ်သွားတယ်
Samsungက ဒီနှစ် Foldable တွေမှာ မျက်လှည့်ပြထားတယ် Size ပိုကြီး Battery ပိုပါတာတောင် 187g ကနေ 188g ပဲဆိုတော့ 1g ပဲပိုလေးအောင် လုပ်ပြထားတယ်
ဒီနှစ် Z Flip7 နဲ့ Z Fold7 မှာ ထူးခြားတာဆိုရင် Software Version က OneUI 8.0 နဲ့လာမယ် Android 16 ပေါ့ Update ထပ်စောင့်နေစရာမလိုတာ အားသာချက်ပဲ
နောက်ပိုင်းမှာလည်း Google Android Release တွေနဲ့ သိပ်မကွာပဲ OneUI Update တွေရမယ်လို့ Samsung က ပြောထားတယ် ဒါကတော့ ဖြစ်သင့်တာကြာပြီပေါ့
SoC မှာတော့ Exynos 2500 ကိုသုံးထားတယ် ပြောပါတယ်

image
image
image
image

Escape from Suffering
ဆင်းရဲဒုက္ခမှ လွတ်မြောက်ချင်ရင်
ပထမဆုံး လုပ်ရမယ့်အလုပ်က
မမျှော်လင့်ပါနဲ့ မတောင့်တပါနဲ့
မရည်ရွယ်ပါနဲ့ မမျှော်မှန်းပါနဲ့
ကိုယ်လုပ်သင့်တာ မှန်သမျှကိုသာ လုပ်သွားပါ ။
#ra_tha

image
1 y - Translate

🔥🔥🔥 ဝိညာဉ်တိုကြီးစိုးရာမြေ လောကမှာ ထူးဆန်းအံ့ဩဖွယ်ရာတွေနဲ့အတူ ဓားတစ်စင်းနဲ့ လူတစ်ယောက် ပေါ်ထွက်လာပါတယ်

7️⃣ လပိုင်း 12 ရက်နေ့မှာ တူတူ စောင့်ကြည့်ကြရအောင်
https://t.me/soulanimedom36

image

အချစ်ဆိုတဲ့ သဘောဟာ ဆန်းတယ်... နိုင်
ရိုးရိုးအချစ်သဘောကပဲ ဆန်းလှပြီ
မေတ္တာကဲလွှမ်းတဲ့ အချစ်သဘောက
ပိုင်ဆိုင်လိုမှု ကင်းတာမို့ ပိုဆန်းတယ်...
သူ့ရခြင်းအတွက် ကိုယ့် မရခြင်းကို ပမာမပြုဘဲ
ပျော်ပျော်ကြီးမဟုတ်တောင် ဘ၀မှာ
ဆောက်တည်ရာမိမိ အဓိပ္ပါယ်ရှိရှိနဲ့
သက်သက်သာသာလေး နေနိုင်သွားရမယ် ...
ဆိတ်သုဉ်းခြင်းကို
သတိပြုမိနေဆဲမှာပင်
လွတ်လပ်မှုတစ်မျိုးကိုလဲ
ခံစားနေရသလိုပေပဲ....
ဘဝမှာတကိုယ်တည်းနေနိုင်သူဟာ
နှလုံးသားပျော်မွေ့ဖို့
ကျက်စားစရာနယ်မြေတစ်ခုခုရှိရတယ်....တဲ့
သြော်...
တွယ်တာမိသောအရာတွေက
ဘယ်လောက်ခိုင်မြဲပါသလဲ..?
ဟော့ဒီ ကောင်းကင်ကြီး
ဟော့ဒီ လွင်ပြင်ကျယ်
ဟော့ဒီ တောင်တန်းကြီးများ
အဲ့သည်ဟာတွေလောက်
ခိုင်မြဲပါသလား?
မတားသာပါ...
သွားမှာကို ဘယ်သူ တားနိုင်လိမ့်
သနားကာ ထားချန်ဖြစ်တယ်ထင့်
ကျန်ရစ်မြေ နွေမဆိတ်ပါလား
နိမိတ်ပုံ တသီတတန်းရယ်နှင့်
စိတ်ဝိညာဉ် ပန်းချီခန်းမှာ
(နွေဦးရေ) လွမ်းပျော်မွေ့ကြီး...။
#မျက်ရည်လောကများ၏ဟိုမှာဘက်

image

ပျော့ညံတာဟာ ဘယ်သူ့ဆီမှာ အညံ့ခံဖို့အတွက်ပါလဲ
မြေပျော့တော့ ခြေရာကျန်တယ် ။ စိတ်ပျော့တော့ ဒဏ်ရာကျန်တယ် တဲ့ ။
ဒါပေမဲ့ ဘဝမှာတော့ လောကဓံက ကြမ်းတမ်းလို့ပဲ ဖြစ်ဖြစ် ၊ ဘဝပေးကံက မကောင်းလို့ပဲဖြစ်ဖြစ် ခါးသီးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရရင် သင့်မှာသင်ပဲရှိတာမို့
သင်က သန်မာနေရပါမယ် ။
လူတစ်ယောက် နဲ့ တစ်ယောက်မှာ စိတ်ဓာတ်သန်မာမှုအတိုင်းအတာတွေ ၊ လောကဓံဓါတ်ကို ရင်ဆိုင်နိုင်တဲ့ အတိုင်းအတာတွေ မတူညီကြဘူးဆိုပေမဲ့ လိုအပ်တာ တစ်ခုကတော့ ဘဝမှာ အမှတ်သည်းခြေရှိတတ်ဖို့ ၊ မဟုတ်မခံတတ်ဖို့ ၊ သတ္တိရှိတတ်ဖို့ပါပဲ ။
လူတွေက လုပ်လို့ရတဲ့လူကိုပဲ လုပ်ကြတာ ၊ အနိုင်ကျင့်လို့ရတဲ့လူကို ပိုအနိုင်ကျင့်တယ် ၊ ပြောလို့ရတဲ့လူဆို ပိုပြောတယ် ၊ ကိုယ့်ကို တစ်ခါလောက်ထိတာနဲ့ ပြန်ပြီး တုန့်ပြန်တတ်တဲ့လူ မဟုတ်မခံတတ်တဲ့လူဆို ဘယ်သူက မှလာပြီး အနိုင်ကျင့်မှာ မဟုတ်ဘူး ။ ဒါကြောင့်ဘဝမှာ မာနတွေ သတ္တိတွေ ရှိဖို့ လိုတယ် ။ တချို့အရမ်းကြောက်တတ် သည်းခံတတ်တဲ့ လူမျိုးတွေ မြင်ဖူးတယ် ။ အဲ့လူတွေက သူများ အနိုင်ကျင့်လည်း သူတို့ပဲ ခံရတယ် ။ သူများ စည်းပိုးလည်းခံရတာပဲ ။
အိမ်ထောင်ရေးတွေမှာဆိုလည်း အဲ့လိုပဲ တချို့တွေအိမ်ထောင်ဖက်ရဲ့ အနွံတာကို တစ်သက်လုံး ခါးစည်းပြီး ခံသွားရတာတွေ ရှိတယ် ၊ အိမ်ထောင်ဖက်က ရိုက်နှက်တာတွေ ၊ ဖောက်ပြန်တာတွေကို ဆိုးမှန်းသိရဲ့နဲ့ အဲ့လူကို မစွန့်ပစ်နိုင်ဘဲ တစ်သက်လုံး သည်းခံသွားတဲ့လူတွေ တွေ့ဖူးတယ် ။
လူတွေကလည်း ခံတဲ့လူမှလုပ်ကြတာ ခွင့်လွှတ်တဲ့လူကိုမှထပ်ခါတလဲလဲ ညာကြတာ ၊ အမှတ်မရှိတဲ့လူကိုပဲ လက်လွတ်စပယ် ဆက်ဆံတတ်ကြတာ ၊ ဒါကြောင့် ကိုယ့်ဘဝမှာသာ ကိုယ့်ဘာသာ မကောင်းတဲ့လူတွေနဲ့ ကြုံနေရပြီ အခက်အခဲတွေ ရင်ဆိုင်နေရပြီဆို ဝဋ်ကြွေးတွေ ကြေပါစေတော့ဆိုပြီးပဲ လုပ်နေလို့မရဘူး ။ ကိုယ်တိုင်ပြတ်သားမှ ရုန်းထွက်မှ သန်မာမှ တော်ရာကျပါလိမ့်မယ် ။
#အချိန်မီစတင်ခြင်း #nayvel (နေဗလ်)

image

ချစ်ရခြင်းအားဖြင့် dignity ကျရတယ်ဆိုရင်
အဲဒီအချစ်မျိုးပေးဖို့ မတန်ဘူးလို့ ယူဆတယ် ။ လူတွေ စိတ်နှလုံးမသာမယာနဲ့ တစ်သက်လုံး နေသွားရတာ ဘာကြောင့်လဲသိလား ။ ကိုယ်ကိုယ်တိုင်က ချို့တဲ့နေလို့ပါ ။ ကိုယ်က ရယူချင်တဲ့နေရာက နေလို့ပါ ။
ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းဖို့ဆိုတာ လက်လွှတ်လိုက်ရမယ် ဆိုရင်တောင် ဆုံးရှုံးတယ်လို့ မခံစားရတဲ့ထိ တည်ငြိမ်တဲ့ကိုယ်ရည်ကိုယ်သွေး ကိုယ့်မှာ ရှိရပါတယ် ။ ကိုယ်ကသာ တန်ဖိုးရှိတဲ့ဘဝကို နေထိုင်ပြီး ချစ်ခြင်းမေတ္တာအပေါ် ဂုဏ်သိက္ခာနဲ့ အကောင်းတရားသာ ဖြစ်ထွန်းပါစေ ။ ချစ်မေတ္တာတွေ ဝိုင်းဝိုင်းလည်လို့ဆိုတာ ဖြစ်ချင်လည်း ဖြစ်မယ် ။ ဒါမှမဟုတ် အဲဒါတွေ ရခြင်း မရခြင်း အပေါ်ဘယ်လိုမှ မနေတော့တာလည်း ဖြစ်ချင်ဖြစ်မယ် ။ အဲဒီတော့ နောက်ထပ် ဘာလိုသေးလို့လဲ ။
တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတယ်ဆိုတာ သူလည်း သူစိတ်သူ ချမ်းသာအောင် ထားနိုင်တယ် ။ ကိုယ်လည်း ကိုယ့်စိတ်ကိုယ် ချမ်းသာအောင် ထားနိုင်တယ် ။ အဲလိုလူနှစ်ယောက် ချစ်ကြတယ်ဆိုရင် အဲဒါ တကယ်ချစ်ကြတာလို့ ပြောလို့ရမယ် ။ ဉာဏ်ပညာတွေ ဆည်းပူးရရှိဖို့၊ အလှတရားကို ခံစားနိုင်ဖို့၊ စိတ်ဓာတ် ရင့်ကျက်ဖို့ ၊ ချစ်စရာတွေကို ဆက်လက်ချစ်နိုင်ဖို့ ကိုယ့်အတွက် အလေးအမြတ်ထားစရာဆိုလို့ ဒီအသည်းလေး တစ်ခု ရှိတာ
ရူးကြောင်မူးကြောင်အဖြစ်နဲ့တော့ အကွဲမခံနိုင်ပါဘူးကွယ်။ မတန်ပါဘူး။

image
1 y - Translate

ဒီဓာတ်ပုံကတော့ ကင်မရွန်းနိုင်ငံက Sanaga-Yong ချင်ပန်ဇီ ကယ်ဆယ်ရေးစခန်းမှာ ချင်ပန်ဇီတွေရဲ့ ဝမ်းနည်းဖွယ် စိတ်ခံစားမှု အခိုက်အတန့်တစ်ခုကိုရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်

နှစ်ပေါင်းများစွာ ကယ်ဆယ်ရေး ဂေဟာမှာ နေထိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ချင်ပန်ဇီမကြီး Dorothy ဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ် သူ့ကို ပြုစုစောင့်ရှောက်သူတွေက သူ့ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို တွန်းလှည်းနဲ့ အပြင်ကို သယ်ထုတ်သွားတဲ့အခါ တခြားချင်ပန်ဇီတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာ လာရောက် စုဝေးပြီးကြည့်နေခဲ့ကြပါတယ်

ချင်ပန်ဇီတွေရဲ့ ငြိမ်သက်စွာ ဝမ်းနည်းပူဆွေးမှုကိုတွေ့မြင်ရပြီး တစ်ချို့ ချင်ပန်ဇီတွေဆိုရင် တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်ထားတာကိုတောင် တွေ့ရပါတယ် ဒါဟာ သူတို့ကြားမှာရှိတဲ့ ဝမ်းနည်းပူဆွေးမှုနဲ့ စာနာမှုတွေဖြစ်ပြီး လူတွေလိုဘဲ မျှဝေခံစားတတ်ကြောင်းကို ဖော်ပြနေပါတယ်

#knowledge #ဗဟုသုတ

image
1 y - Translate

အမှတ်တမဲ့ကြည့်လိုက်ရင် အနုပညာလက်ရာတစ်ခုလို့ ထင်ရပေမဲ့ ဒါဟာ တကယ်တော့ ရေသန့်ဘူးတစ်ဘူးရဲ့ ပုံဖြစ်ပါတယ် Acqua di Cristallo Tributo a Modigliani လို့ အမည်ရတဲ့ ဒီရေသန့်ဘူးဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရေသန့်ဘူးအဖြစ် စံချိန်တင်ထားပြီး ၇၅၀ ml တစ်ဘူးကို ဒေါ်လာ ၆၀,၀၀၀ တန်ဖိုးရှိပါတယ် ဒီလို ဈေးကြီးရတာက ရေကြောင့် မဟုတ်ဘဲ ၂၄ ကာရက် ရှိတဲ့ ရွှေ ရယ် အကောင်းစားသားရေနဲ့ပြုလုပ်ထားတဲ့ ရေဘူးခွံကြောင့်ဖြစ်ပါတယ်

ဒါဟာ ရေသောက်ရုံသက်သက် မဟုတ်ဘဲ အလွန်ချမ်းသာကြွယ်ဝသူတွေအတွက် ဖက်ရှင်တစ်ခုလိုပါဘဲ ပန်းပုဆရာ Amedeo Modigliani ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဒီဘူးက အနှစ်အရသာထက် အသွင်အပြင်ကို ပိုဦးစားပေးထားပါတယ် ဒါဟာ မရှိမဖြစ်လိုအပ်တာနဲ့ ဇိမ်ခံပစ္စည်းကြားက ခြားနားချက်ကို ထည့်သွင်းထားကာ ရေလို ရိုးရှင်းတဲ့အရာတောင် ဇိမ်ခံပစ္စည်း ဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်

#knowledge #ဗဟုသုတ

image
1 y - Translate - Youtube

ကြိုက်တာယူ မြန်မာငွေ ၄၀၀ ကျပ် မောင်စမတ် Discount ပွဲတော်ကြီး | Everything costs 400 kyats in GTA V