1 w - Translate

◼ ရန်ကုန်မြစ်အတွင်းသဗ္ဗာန်တစ်စင်းနစ်မြုပ်၊ သုံးဦးပျောက်ဆုံး
ရန်ကုန်တိုင်း၊ ဒလမြို့နယ်သမ္မတကမ်းခြေမှ ဗိုလ်တထောင်ဆိပ်ကမ်းဘက်သို့မောင်းနှင်လာသောသဗ္ဗာန်တစ်စင်းသည် ယနေ့(ဇူလိုင် ၂၄ ရက်) နံနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်အတွင်းနစ်မြုပ်ခဲ့ပြီး သုံးဦးပျောက်ဆုံးလျက်ရှိကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှသိရသည်။
ယင်းသဗ္ဗာန်ပေါ်တွင် သဗ္ဗာန်မောင်းသူအပါအဝင် ခရီးသည် ၁၁ ဦးလိုက်ပါလာပြီး ဗိုလ်တထောင်ဆိပ်ကမ်းသို့မရောက်မီရေလယ်အကျော်တွင် လေဆင်နှာမောင်းတိုက်ခတ်ခံရကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ရာသို့သွားရောက်ကူညီခဲ့သည့် လင်းလက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
"ဆိပ်ကမ်းနဲ့နစ်မြုပ်တဲ့နေရာကသိပ်တော့မဝေးပေမယ့် အဲဒီအချိန်ကလှိုင်ဒဏ်လေဒဏ်တော့ရှိနေ တယ်။ ကယ်ဆယ်ရေးလုပ်ရတာလည်းခက်ခဲတယ်။ ရာသီဥတုလည်းမကောင်းတော့ ရေငုပ်ရှာဖို့ မလွယ်ဘူး။ အပေါ်ယံပဲရှာရတယ်မတွေ့ဘူး။ ပြီးတော့ရာသီဥတုကပိုဆိုးလာလို့ အခုရှာဖွေရေး ကိုရပ်ဆိုင်လိုက်ရပါတယ်" ဟု ၎င်းကပြောသည်။
သဗ္ဗာန်နစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ခရီးသည်ရှစ်ဦးအားအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီး သဗ္ဗာန်မောင်းသူအပါအဝင်သုံးဦးမှာပျောက်ဆုံးလျက်ရှိပြီး ယနေ့မွန်လွဲ ၂ နာရီခွဲအထိရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - လင်းလက်လူမှုကူညီရေးအသင်း

image