ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
IMDb-6.2/10
(Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ)
2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို
Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီးတွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး
တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့
ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တိုက
ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။
အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ
လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။
အမျိုးသမီးတွေအနေနဲ့ သူတိုလက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ
သူတိုကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။
ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့
အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။
An+++im+++al [ 2+0/2+3 ]
-------------------------------------------
ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်
သရုပ်ဆောင်တွေအနေနဲ့ကတော့ ရန်ဘီးနဲ့ သိပ်ချစ်ဖိုကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ၊ ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တိုပါဝင်ထားပါတယ်။
ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိင်းလေးတစ်ယောက်။
ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။
ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။
ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။
အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့
အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။
ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့…