Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်နေ့ကို ပုံတစ်ပုံလောက်ရိုက်ပြီး သိမ်းထားကြည့်ပါ
ဖုန်းတွေ ခေတ်မစားခင် အရင်ခေတ်က
ဒိုင်ယာရီစာအုပ်ထဲမှာ တစ်နေ့တာအဖြစ်တွေကို ရေးထားကြဖူးတဲ့ ကိုယ်တို့ အဖေအမေ၊ အဖိုးအဖွားခေတ်ကလူတွေ
နေ့တွေကြာလို့ အသက်တွေရရင် အဲ့ဒိုင်ယာရီကိုဖတ်ပြီး ပြန်ပြီး တစ်နေ့တာကို ပြန်အမှတ်ရကြသလို
တစ်နေ့မှာ ပုံတစ်ပုံလောက်ရိုက်ပြီး
သိမ်းထားဖို့ ဒီနှစ်ပိုင်းတွေမှာ ကြိုးစားဖြစ်တယ်။
အထူးသဖြင့် Lu တို့တွေ တစ်သက်တာမှာ
အမှတ်တရဖြစ်ဖြစ် ထင်ကျန်ခဲ့တဲ့ နေ့ရက်တွေကလွဲရင် တစ်နေ့တစ်နေ့ ရှင်သန်လှုပ်ရှားနေရတာတွေက
တစ်ရက်ပြီးတစ်ရက်ပြီးဆုံးသွားတဲ့အခါ
ဘာမှ မယ်မယ်ရရ မရှိတော့သလို ဖြစ်နေရတတ်တယ်။
တစ်နေ့ပြီးတယ် အဲ့နေ့အကြောင်း နောက် ၂ ရက်ပြန်စဉ်းစားကြည့်ရင်ဘာမှစဉ်းစားမရတော့တာမျိုး ကြုံဖူးလား။
ဒါကြောင့် ပုံလေးတစ်ပုံ
ကော်ဖီဝယ်သောက်ဖြစ်ရင် ကော်ဖီခွက်ပုံ၊
ကြက်ကြော်ဝယ်စားရင် ကြက်ကြော်ပုံဖြစ်ဖြစ်
လမ်းဘေးမှာ ကြောင်လေးခွေးလေးချစ်စရာတွေ့ရင် ရိုက်ဖြစ်တာမျိုး
ပန်းပွင့်လေးပေါ်မှာ လိပ်ပြာလေးနားနေတာတွေ့လို့ ရိုက်ဖြစ်တာမျိုး လုပ်ကြည့်ပါ။
ကိုယ်တို့တွေ ရှင်သန်ရတဲ့ ရက်ပေါင်း
၂၅,၀၀၀ နီးနီးမှာ ကိုယ်တို့တကယ်မှတ်မိမယ့်
အမှတ်တရတွေ ရှိနေမယ့် ရက်တွေက
ဘယ်လောက်ရှိမှာမို့လို့လဲ။
ကိုယ်တို့က အဲ့ဒီရက်တွေက အဖြစ်အပျက်တချို့ကို
မေ့ပစ်ရင်ကျ နှမြောစရာမကောင်းဘူးလား။
(စာကြွင်း ဖုန်းပုံသိပ်မဆန့်သူများအတွက်ကျ
Storage မဆန့်ဘူးဆိုရင်တောင်
Telegram or Messenger မှာ ကိုယ့် Accကို
ပြန်ပို့တာမျိုး Save လုပ်ကြည့်ပါ။)
ဒါမှ တစ်ချိန်ပြန်ကြည့်ရင်
အဲ့နေ့ကတော့ ပန်းပွင့်ပေါ်လိပ်ပြာနားနေတာတောင်ငါပျော်နေခဲ့တာပဲ။ ကြက်ကြော်ကို စားနေခဲ့တာပဲ။
ရုပ်ရှင်ကို တစ်ယောက်တည်းကြည့်ဖြစ်ခဲ့တာပဲ စသဖြင့်ပေါ့...။
Lu တို့ကမ္ဘာမြေကြီးတစ်ခုလုံးအတွက်
တိတ်ဆိတ်အကျည်းတန်ခဲ့ပြီး
လူအချင်းချင်း ခပ်ကင်းကင်းနေခဲ့ရတဲ့
COVID ကာလ Home Stayအချိန်တွေမှာ
ဘာတွေလုပ်ဖြစ်ခဲ့လဲဆိုတဲ့ ပုံလေးတွေကို
ပြန်ကြည့်ဖူးလား။
အဲ့ဒီအချိန် ဘာတွေလုပ်ဖြစ်ခဲ့လဲ။
မိသားစုနဲ့နေပြီး ပျော်စရာအချိန်တွေဖန်တီးကြခဲ့တယ်မဟုတ်လား။ မုန့်တွေလုပ်စားရင်း၊ အတင်းတွေသတင်းတွေမျှရင်း၊ Tik Tok တွေကကြတယ်။
ဒါတွေဟာ အမှတ်တရတွေမဟုတ်လား။
အရင်ခေတ်တွေ ကင်မရာဖလင်တွေမှာတောင်
အမှတ်တရတွေကို အကန့်အသတ်နဲ့
ဖန်တီးခဲ့ကြသေးတာပဲ။
တို့တွေလက်ထဲမှာ ကိုယ်ပိုင်ကင်မရာနဲ့ ဖုန်းပြောလို့ရတဲ့မျက်မှောက်ခေတ်အတွင်း
တစ်ရက်မှာ ပုံတစ်ပုံဖြစ်ဖြစ် ရိုက်ကြရအောင်
အမှတ်ရစရာ
အခိုက်အတန့်တွေဖန်တီးကြရအောင်
ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပဲ
လမ်းပြင်စေနိုင်မယ့်
ရွေ့လျားခုံးကျော်တံတား
လမ်းပြင်ရင် ယာဉ်ကြောပိတ်ဆို့တတ်တယ်ဆိုတဲ့ ပြဿနာကို ဆန်းသစ်တီထွင်မှုတစ်ခုကြောင့် ဖြေရှင်းနိုင်ခဲ့ပါပြီ။ ဆွစ်ဇာလန်နိုင်ငံ လမ်းပြုပြင်ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ရွေ့လျားခုံးကျော်တံတားကို အသုံးပြုပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် လမ်းပြင်သွားခဲ့တာပါ။
Astra Bridge လို့ အမည်ပေးထားတဲ့ ရွေ့လျားခုံးကျော်တံတားဟာ ၂၅၇ မီတာ ရှည်လျားပြီး ခုံးကျော်တံတားတစ်ခုလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ပြုပြင်စရာရှိတဲ့ လမ်းပိုင်းမှာ အဲဒီရွေ့လျားခုံးကျော်တံတားခင်းထားရင် ကားတွေက ခုံးကျော်ပေါ်ကနေ ဖြတ်သန်းမောင်းနှင်နိုင်ပြီး လမ်းပြင်သူတွေကလည်း ခုံးအောက်မှာ လမ်းပြင်နေနိုင်မှာ ဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မှာ မဟုတ်ပါဘူး။
Astra Bridge ပရောဂျက်ကို ဦးဆောင်သူကတော့ ဂျက်မာရီယန်လို့ အမည်ရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သြစတြီးယားမှာတွေ့တဲ့ ယာယီခုံးကျော်တံတားတစ်ခုကို သဘောကျသွားပြီး ဝယ်သုံးခဲ့ပေမဲ့ ခပ်နိမ့်နိမ့် ဖြစ်နေတာ၊ အသံဆူညံလွန်းတာ၊ ရွှေ့ပြောင်းလို့မလွယ်ကူတာ စတဲ့အချက်တွေကြောင့် သူ့ဘာသာ ပြန်လည်ဆန်းသစ်တီထွင်ဖို့ စိတ်ကူးရခဲ့တာပါ။
လမ်းအကျယ် ၅ မီတာ၊ အမြင့် ၃ မီတာရှိပြီး တစ်နာရီ မိုင် ၆၀ နှုန်း မောင်းနှင်ရာမှာ အဆင်ပြေချောမွေ့စေဖို့ လမ်းအခုံးကိုလည်း ပြေပြစ်အောင် တွက်ချက်ထားရပါတယ်။ ဆွစ်ဇာလန်မှာ အသုံးပြုနေတဲ့ ရွေ့လျားခုံးကျော်တံတားကို နော်ဝေ၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေကပါ စိတ်ဝင်စားနေပြီး ဆွစ်ဇာလန်နိုင်ငံဘက်ကလည်း အဲဒီနည်းပညာကို ဝေမျှပေးဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မှိုစိုက်သူ ၃ ယောက်
ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်ဆစ်လက်ရာ
တောထဲမှာ မှို သွားရှာတဲ့ ထိုင်းနိုင်ငံသား ၃ ယောက်ဟာ အမျိုးသမီးတစ်ဦးပုံကို လက်ရာမြောက်စွာ ထွင်းထုထားတဲ့ ကျောက်တုံးကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့က တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပြီး ပန်းဥယျာဉ်နဲ့ သစ်ပင်ပန်းမန် ထိန်းသိမ်းရေးဌာနမှ အရာရှိတွေက လာရောက်စစ်ဆေးခဲ့ကြပါတယ်။
ဒီရုပ်တုနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး ထွက်ပေါ်လာတဲ့အနက် တချို့တွေက ဒွာရဝတီနိုင်ငံ ထွန်းကားခဲ့စဉ် ၆ ရာစုလက်ရာလို့ ဆိုကြပါတယ်။ အဲဒီကျောက်တုံးကြီးကို တွေ့ရှိရာနေရာကလည်း (ယနေ့ခေတ် ထိုင်း - ကမ္ဘောဒီးယားနယ်စပ်) ဒွာရဝတီနိုင်ငံ တည်ရှိခဲ့တဲ့နေရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒွာရဝတီခေတ် တခြားလက်ရာတွေနဲ့ နှိုင်းယှဉ်ကြည့်တော့လည်း မတူသလို ဖြစ်နေပြန်ပါတယ်။
တချို့တွေကတော့ ဗုဒ္ဓဘုရားရဲ့မိခင် မယ်တော်မာယာပုံလို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရုပ်တုထဲက အမျိုးသမီးဟာ ဗောဒိညောင်ပင်ရဲ့ အကိုင်းအခက်ကို ကိုင်ထားသလို ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ တချို့တွေကလည်း ဒီအယူအဆ နှစ်ခုလုံးကို မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ကြပြီး မျက်မှောက်ခေတ် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ထွင်းထုခိုင်းတာမျိုး ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။
အဲဒီကျောက်တုံးကြီးတွေ့ရာကနေ တစ်မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိနေပါတယ်။ ဘယ်အယူအဆက အမှန်ပဲဖြစ်ဖြစ်၊ လက်ရာမြောက် ကျောက်ဆစ်ရုပ်တု တွေ့ရှိတာကို တာဝန်သိသိ သတင်းပို့ခဲ့ကြတဲ့ မှိုရှာသူ ၃ ယောက်ကို ဂုဏ်ပြုဆု ချီးမြှင့်သင့်တယ်လို့ တချို့တွေက မှတ်ချက်ပေးကြပါတယ်။
Ref: Mushroom Hunters Stumble Upon Mysterious Stone Sculpture in Thai Forest

Doge Coin ရဲ့အမှတ်သင်္ကေတ Shiba Inu ခွေးလေး ဖြစ်တဲ့ Kabosu က ဒီတစ်ပတ်ထဲမှာ သေဆုံးသွားတယ်လို့ သိရပါတယ်
Kabosu အကြောင်းကို ပြောရရင်တော့ Internet Favourite Dog (ဒါမှမဟုတ်) Cele Dog လို့ပဲပြောရမလားပဲ အင်တာနက်ပေါ်မှာ သူ့ရဲ့ပုံတွေက နာမည်ကြီးတာဆိုရင် ၁၄ နှစ်နီးပါးရှိပါပြီ
သူ့ရဲ့သခင် ပြောပြပုံအရတော့ May 24 နေ့မှာ အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ Kabosu က အိပ်နေရင်းညင်ညင်သာသာပဲသေဆုံးသွားတယ်လို့ပြောပါတယ်
သူ့ရဲ့နာမည်ကြီးလာပုံကတော့ ဂေဟာကနေ မွေးစားအပြီးမှာ သူ့ရဲ့ ပုံကို Blog Post မှာတင်လိုက်တာကနေ Reddit ပေါ်ရောက်ပြီးနာမည်ကြီးသွားတာပါတဲ့ Meme ဖြစ်သွားတာပေါ့
နောက်ပိုင်း Cryptocurrency တစ်ခေတ်မှာ Doge Coin Logo မှာထည့်သုံးတဲ့အခါ တစ်ဖန်ပြန်လည် နာမည်ပိုကြီးလာခဲ့ပါတယ်
နောက်ပိုင်း Elon Musk ကိုယ်တိုင်ကလဲ Doge Coin အကြောင်းတင်တာတွေအပြင်
X Platform (ယခင် Twitter) ရဲ့ icon ကို Doge ရဲ့ ပုံကိုပြောင်းခဲ့တာတွေကလဲ နာမည်ပိုကြီးစေခဲ့တာဖြစ်ပါတယ်။
Tech World