2 yrs - Translate

Customer တွေ​ကိုယ်တိုင်ရေးပေးတဲ့ Review တွေက သင့်ကိုကျိန်းသေပေါက်ရောင်းအားတက်စေပါတယ် ✅

Admin တို့တခါတလေမှာ Customer တွေဆီကနေ
" အရမ်းအဆင်ပြေပါတယ် "​ ဆိုတဲ့စကားသံမျိုး ခဏခဏကြားဖူးလိမ့်မယ်လို့ထင်ပါတယ်..

တကယ်တော့ အဲ့ဒါက မဟာအခွင့်အရေးကြီးပါ

Admin အများစုက ဒီအခွင့်အရေးကိုမမြင်မိကြပါဘူး

=====

Customer ဆီက အဆင်ပြေတယ်ကြားရတိုင်း
Review​ ရေးပေးဖို့ တောင်းဆိုကြည့်ပါ... ✅

လူတွေရဲ့သဘာဝကိုက မခိုင်းရင်မလုပ်တတ်ပါဘူး..

ကိုယ့်​ဘက်က ရေးပေးဖို့မတောင်းဆိုရင်လဲ
Customer က ရေးပေးမှာမဟုတ်ပါဘူးခင်ဗျ 😁

"အဆင်ပြေရင် Review ရေးပေးလို့ ရမလားခင်ဗျာ"​ ဆိုတဲ့ စာကြောင်းလေးပို့လိုက်ခြင်းက သင့်ရဲ့ Page အတွက် အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ် 💖

=====

Facebook ကိုယ်တိုင်​ကလဲ Review များများရှိတဲ့ Page တွေကို Reach များများပြပေးမယ်လို့ပြောထားပါတယ်..

Page ကြီးထွားဖို့အတွက်ဆို Customer တွေရဲ့ Good Review တွေလဲ လိုအပ်ပါတယ် ✅

Review ဆိုပေမဲ့ အကောင့်တုတွေရဲ့ Review အတုတွေကတော့ Reach မတက်စေပါဘူး.. ✨

Good Review က Page အတွက်တိုးတက်စေသလို Bad Review​ က Page ကို ပျက်စီးစေတာ သတိပြုပါ ✅

Customer ဆီက အဆင်ပြေပါတယ်လို့ကြားတိုင်း
Review ရေးပေးရန် တောင်းဆိုဖို့မမေ့ပါနဲ့နော်🤗✨

2 yrs - Translate

International လူလိမ် တယောက်ကို
ကြုံကြိုက်တုန်း အင်တာဗျူး ဖူးတယ်။

သူပြောသွားတာက လောဘကြီးတဲ့လူကို
လိမ်ရတာ အလွယ်ဆုံးဘဲ တဲ့။

လောဘ လည်းမရှိ၊
သူများဆီကလည်း ဘာမှ မလိုချင်၊
ဘယ်သူ့မှ မယုံတဲ့လူကို
လိမ်ရတာ စိတ်အညစ်ဆုံးဘဲတဲ့။

အဲဒီလိုလူတွေကို ကျတော့
လု မှဘဲရတယ်။
လိမ်လို့မရဘူးတဲ့။

" အဲဒီစကားက
လူလိမ် ပြောသွားတဲ့
မှန်သော စကားဘဲ။"

Online ငွေလိမ်တာတွေကို
ကြည့်လိုက်ရင် အဓိကအချက်က
လောဘကြောင့်ရယ် ၊ ပြီးတော့
ဘယ်ကမှန်းမသိတဲ့ လူတွေကို
ယုံမိရာက စတာဘဲ။

အပြင်မှာမသိ မမြင်ဖူးတဲ့
လူတယောက်က ပလိန်းကြီး
လိုင်းပေါ်ကနေ အလုပ်တွေ
လာပေးတယ်။

Fb မှာ လာအက်ပြိီး
အလုပ်အကိုင်တွေ
ရင်းနှီးမြှုပ်နှံမှုတွေ အကြောင်း
ဘလိုင်းကြီး လာပြောမယ်။

အပြင်မှာ လူချင်းသိတဲ့သူ
အချင်းချင်းတောင် လိမ်ကြလို့
ရုံးရောက် ရဲစခန်းရောက်တွေ
ဖြစ်နေကြတာ။

လိုင်းပေါ်ကလူဆို ပိုဆိုးတာပေါ့။

တကယ်မှန်ကန်တဲ့ အလုပ်တွေက
Viber တွေ FB တွေကနေ
ရှယ်ယာခေါ်မနေဘူး။

မြတ်နေမှတော့ သူ့ဟာသူ
ပိုက်ဆံချေးပြီး လုပ်နေပြီ။

ဘယ်သူကမှ ဒီလုပ်ငန်းကြီးက
အကျိုးမြတ် အရမ်းများနေလို့
လိုင်းပေါ်ကလူတွေ စားဝတ်နေရေး
အဆင်ပြေဖို့ဆိုတဲ့ စေတနာနဲ့
လိုက်ပြီးရှယ်ယာ ခေါ်မနေဘူး။

မသိတဲ့လူက မက်ဆေ့ပို့လာပြီး
အလုပ်အကြောင်း ငွေအကြောင်း
ပြောနေပြီဆိုရင် လိမ်ဖို့က
၁၀၀% ဘဲ။

အလိမ်မခံရချင်ရင် -

✅သိသိမသိသိ ဘယ်သူ့ကိုမှ မယုံနဲ့။

✅ဘယ်သူ့ကိုမှ အားမနာနဲ့။

✅ကိုယ်နားမလည်တဲ့အလုပ် မလုပ်နဲ့။

✅သူများဟာလည်း အလကားမလိုချင်နဲ့

✅ ဖွန်ကြောင်ပြီး ငွေမကျွံစေနဲ့။

✅ လိုင်းပေါ်က ဘာ Investment မှမယုံနဲ့။

အဓိက ကတော့ လောဘဘဲ။
သူများဆီက ဘာမှမလိုချင်မိအောင်နေပါ။
လောဘ သတ်ပါ။

အဲဒါတွေ လိုက်နာနိုင်ရင် လိမ်ခံရတာတွေ
တော်တော်နဲ သွားပြီး
လာလိမ်မယ့်သူတောင် ပြန်ပြီး
စိတ်ညစ်ရတဲ့သူမျိုး ဖြစ်လာပါလိမ့်မယ်။

Joshua Garcia changed his profile picture
2 yrs

image
2 yrs - Youtube

2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၂ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၀၆ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၆၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်

image
2 yrs - Translate

https://www.straitstimes.com/l....ife/style/new-japan-

New Japan stores, new brand look: Charles & Keith splashes out on global expansion | The Straits Times
www.straitstimes.com

New Japan stores, new brand look: Charles & Keith splashes out on global expansion | The Straits Times

Singapore's most successful fashion export aims higher with a new Shibuya store, premium line and celebrity partnerships. Read more at straitstimes.com.

Decoration

2 yrs - Translate

Marketing ကို ဘက်စုံအောင်လုပ်နေပေမဲ့
ရောင်းအားဆက်တိုးမလာရင်
ဖြစ်နိုင်ချေ 2 ခု ရှိပါတယ် ✨✌🏻

=====

1. ရောင်းနေတဲ့အရာမှာ လိုအပ်ချက်ရှိနေတာ
2. စျေးကွက်က ထပ်ချဲ့လို့မရတော့တာ
နှစ်ခုထဲက တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်

=====

1. ရောင်းနေတဲ့အရာမှာ လိုအပ်ချက်ရှိနေတာ

ပစ္စည်းတစ်ခုက သူမတူအောင်ထူးခြားနေတယ်ဆိုရင် ကျွန်တော်တို့ ထပ်ခါထပ်ခါပြန်လာဝယ်လေ့ရှိပါတယ်..

သူမတူအောင်ကောင်းတယ်ဆိုတာ
- ဒီလိုပစ္စည်းမျိုး ဘယ်မှာမှမရနိုင်တဲ့အခါ
- ဒီလိုဝန်ဆောင်မှုမျိုး ဒီမှာပဲရနိုင်တဲ့အခါ
- ဒီလိုစျေးနှုန်းမျိုး ဘယ်မှာမှမရတဲ့အခါ
- ဒီနေရာကနေ ဝယ်လို့ရတာ ဒါပဲရှိတဲ့အခါ
- ဒီလိုပုံစံကြော်ငြာနေတာ ဒီတစ်မျိုးပဲရှိတဲ့အခါ
ကျွန်တော်တို့ နောက်တခါပြန်လာဝယ်လေ့ရှိပါတယ်

=====

ထူးခြားမှု​မရှိပဲ ဆိုင်တိုင်းမှာ ဝယ်လို့ရတဲ့အရာမျိုး
ရောင်း​မယ်ဆိုရင်တော့ သင့်ရဲ့ Page ဆီကို
နောက်တစ်ခါပြန်လာဝယ်ဖို့ Chance နည်းပါတယ်

ဒါ့ကြောင့်​ Design အသစ်မထွက်တဲ့ သာမန်​ Clothing Page တွေဟာ Customer​ အဟောင်းတွေ ထပ်လာဝယ်အောင်လုပ်ဖို့ ခက်ခဲလေ့ရှိပါတယ်..

Vintage Clothing Page လောက်သာ
Customer အဟောင်းတွေ ပြန်လာဝယ်တာမျိုးရှိတာပါ

ဒါတောင်​မလွယ်ပါဘူး..

Marketing ပိုလုပ်ပေမဲ့ Customer တိုးမလာဘူးဆိုတာ Customer အဟောင်းတွေက တစ်ခါဝယ်ပြီးနောက် ထပ်လာမဝယ်တော့တာမျိုးတွေကြောင့်ဖြစ်နိုင်ပါတယ် ✅

=====

2. စျေးကွက်က ထပ်ချဲ့လို့မရတော့တာ

ဥပမာ ကတုံး 10 ယောက်​ရှိတဲ့ အခန်းထဲမှာ
ဆံပင်တုရောင်းမယ်ဆိုရင် အများဆုံးရောင်းအား
ဘယ်နှယောက်စာရမယ်ထင်လဲ?

သေချာတာ 10 ခုထက်တော့ပိုမရောင်းရပါဘူး

အဲ့ဒီ 10ယောက်အခန်းထဲမှာ ဒီပုံစံဆံပင်တုကိုပဲ
Marketing စရိတ်တွေအများကြီးသုံးပြီး
ထပ်ခါထပ်ခါ ကြော်ငြာမယ်ဆိုရင်ကော
ရောင်းအားတိုးလာနိုင်သလား?

သေချာပေါက်ကို ထပ်တိုးမလာနိုင်ပါဘူး ✅
စျေးကွက်က ထပ်ချဲ့မရတော့ဘူးမလို့ပါ

=====

ဒီလိုမျိုးစျေးကွက်က ထပ်ချဲ့လို့ မရတော့ဘူးဆိုရင်
စျေးကွက်ပြောင်းရောင်းတာမျိုးလုပ်ရပါတယ် ✅

ဥပမာ စောနက ကတုံးတွေကို ဆံပင်တုအစား
ဆံပင်ပေါက်ဆေးပြောင်းရောင်းတာမျိုး၊

ဆံပင်လေးတွေပေါက်လာပြီးဆိုရင် ဆံညှပ်လေးတွေ၊ ခေါင်းစီးကြိုးလေးတွေ ပြောင်း​ရောင်းတာမျိုးဆိုရင် ရောင်းအားက အမြဲလိုလိုတိုးနေမှာဖြစ်ပါတယ်..

=====

စျေးကွက်​ပြောင်းရောင်းဖို့ဆိုရင်
- ကိုယ့် Customer​ တွေရဲ့အထာကို သိဖို့လိုသလို၊
- စျေးကွက်ရဲ့ အပြောင်းအလဲတွေ၊
- အရွေ့တွေကို သေချာတွက်ချက်ဖို့လိုပါတယ်

Marketing = စျေးကွက်စီးပွားရေး ဆိုတဲ့အတိုင်းပဲ

Marketing လုပ်မယ်ဆိုရင် စျေးကွက်ရဲ့အပြောင်းအလဲတွေကို စောင့်ကြည့်နေဖို့လိုပါတယ် ✅

စျေးကွက်ရဲ့အပြောင်းအလဲတွေအကြောင်းကိုတော့ နောက်မှသက်သက်ရှင်းပြပေးပါ့မယ် ✨🤗

=====

လုပ်ငန်းတစ်ခုအောင်မြင်ဖို့
1. Marketing နဲ့
2. Innovation လိုအပ်ပါတယ် 💖

Marketing သေချာလုပ်နေပေမဲ့ ရောင်းအားတက်မလာတော့ဘူးဆိုရင် Innovation (တီထွင်ဆန်းသစ်မှု)​လုပ်ဖို့ လိုအပ်နေတာဖြစ်နိုင်ပါတယ်

1. ပစ္စည်းကို သူမတူထူးခြားအောင် ပြောင်းရင်ပြောင်း
2. စျေးကွက်အသစ်ကို ပြောင်းရင်ပြောင်း
သင့်တော်သလို စီမံနိုင်မှ ရေရှည်တည်တံ့မှာပါ ✅🤗

ရှေးရိုးပဲစွဲနေပြီး ဘာအပြောင်းအလဲမှ မလုပ်ဖြစ်ရင်
လှုပ်လေနစ်လေ လုပ်ငန်းတစ်ခု ဖြစ်လာပါလိမ့်မယ်

Cook

?