2 နှစ်များ - ဘာသာပြန်ပါ။

သတင်းထောက် - ဂျရမီ(ဖရင်ပေါင်)ရေ… ကျနော်တို့က အခုတိုက်ရိုက်ထုတ်လွှင့်နေတာပါ။ ခင်ဗျားကလည်း ကျနော့်နားရောက်လာပြီ၊ ကျနော့်ကို ရင်းရင်းနှီးနှီးနဲ့ အကျအနမှီထားပြီဆိုတော့ ကျနော်တို့ စကားနည်းနည်းပြောရအောင်ဗျာ…
ဖရင်ပေါင် - စိတ်မရှိပါနဲ့ဗျာ။ ဘီယာနံ့တွေ တအားထွက်နေမယ်ထင်တယ်…
သတင်းထောက် - ဟာ… ဟုတ်ပဗျာ။ ခင်ဗျားခေါင်းပေါ်မှာ ဘီယာတွေ အများကြီးပါလား…
ဖရင်ပေါင် - ကျနော့်ကို ဝိုင်းလောင်းကြတာလေဗျာ။ နည်းပြကြီးက ဗွေဆော်ဦးလောင်းထည့်လိုက်တယ်။ ပြီးတော့ တက်ပ်ဆိုဘာက ထပ်လောင်းတယ်။ အခု ဒီဘဲ ကျနော့်ကို နောက်တစ်ခါထပ်လောင်းဖို့ လိုက်ရှာနေပြန်ပြီ။ အဲ့ဒါကြောင့် ကျနော်ဒီဖက်ပြေးလာခဲ့တာဗျာ…
သတင်းထောက် - ဟာ… ဒါဆို အခု ခင်ဗျားက အင်တာဗျူးလာဖြေတာမဟုတ်ဘူးပေါ့။ လာပုန်းနေတာပေါ့ဗျ။
ဖရင်ပေါင် - ဟုတ်တယ်။ ဒါပေမယ့် ကျနော်ဖြေမယ်လေ။ အင်တာဗျူးလည်းဖြေမယ်…
သတင်းထောက် - ဟာ… ဒီလိုဆိုရင်တော့ ဝမ်းသာစရာပဲဗျာ။ ကျေးဇူးပါ…
ဖရင်ပေါင် - (သတင်းထောက် အင်္ကျီကို ကိုင်ကြည့်ပြီး) ဒါနဲ့ စကားမစပ် ကျနော်ပန်းရောင် တအားကြိုက်တယ်ဗျ…
သတင်းထောက် - ဟုတ်လား…
ဖရင်ပေါင် - ခင်ဗျားအင်္ကျီလည်းမိုက်တယ်ဗျာ…
သတင်းထောက် - ကျေးဇူးပါ ဘရို…
ဖရင်ပေါင် - လူလည်းမိုက်တယ်ဗျာ။ ခင်ဗျား ဥပဓိရုပ်က အတော်ခန့်တာပဲဗျ…
သတင်းထောက် - ကျနော့်ကို အဲ့လိုချီးကျူးတဲ့သူ အတော်နည်းတယ်ဗျာ။ ကျေးဇူးပါ ဘရို…
(ဖရင်ပေါင်ကတော့ အတော်လေးကောင်းနေပုံရပါတယ်… 🤣🤣)
#thesportsarena_brief

image
2 နှစ်များ - ဘာသာပြန်ပါ။

တောင်ကျချောင်း
တောင်ကျချောင်းဆိုတာ ပေါ့သေးသေးတော့မဟုတ်ဘူးနော်

2 နှစ်များ - ဘာသာပြန်ပါ။

In-game name for boys
မဆိုးပါဘူး

2 နှစ်များ - ဘာသာပြန်ပါ။

2017 ခုနှစ်မှာ ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ နေမာနေရာကို အစားထိုးဖို့ဆိုပြီး ယူရို 105 သန်းနဲ့ ဘာဆာကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ လောက်လောက်လားလား ခြေစွမ်းမျိုးမပြနိုင်ခဲ့ဘူး။ ရာသီတိုင်းမှာ ပွဲ 20 ပြည့်အောင်ကန်ဖို့တော-င် အနိုင်နိုင်ဖြစ်ခဲ့ပြီး၊ အချိန်အများစုကို ဒ-ဏ်ရာပြသာနာတွေကြောင့် ဆေးရုံမှာပဲ အချိန်ကုန်ဆုံးနေခဲ့ရတယ်။
ဒီလိုနဲ့ ဘာဆာမှာ 6 ရာသီကြာဖြ-တ်သန်းခဲ့ပြီးတဲ့နောက် ဇာဗီရဲ့လက်အောက်မှာ ပြန်လည်တောက်ပလာကစ ရှိနေတုန်းမှာပဲ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး၊ ယူရိုသန်း 50 တည်းနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တယ်။
ပြီးခဲ့တဲ့အပတ်မှာ အသင်းဟောင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာပြန်တွေ့တော့ သူ ဘာဆာကို ဂိုးသွင်းပြီး အောင်ပွဲခံတယ်။ ဒုတိယအကျော့ကျတော့လည်း သူထပ်သိပ်ပြန်တယ်။
နောက်ဆုံး သူရဲ့အသင်းဟောင်းကို ချန်ပီယံလိဂ်ကနေထွက်ခွာဖို့ သေချာသလောက် ဖြစ်သွားစေမဲ့ပယ်နယ်တီကိုပါ ဖန်တီးပေးခဲ့တယ်။
ပယ်နယ်တီရသွားချိန်မှာ သူ့ရဲ့အောင်ပွဲခံနေဟန်၊ ပွဲချိန် 88 မိနစ်မှာ သူ့ကိုလူစားလဲလိုက်တော့ အရန်ခုံတန်းက သူ့ရဲ့ပြုံးပျော်နေပုံက ဘာဆာပရိသတ်တွေကို ခံပြင်းစရာဖြစ်စေခဲ့တယ်။ ပွဲပြီးတော့လည်း အကောင်းဆုံးကစားသမားအဖြစ်နဲ့ ကတ်တလန်မြေကနေ ထွက်ခွာသွားခဲ့တယ်။
ဒီတစ်ရာသီလုံးမှာ 3 ဂိုးပဲသွင်းထားနိုင်တဲ့ ဒမ်ဘီလီက အဲ့ထဲက 2 ဂိုးက အသင်းဟောင်း ဘာစီလိုနာဘက်ကိုတဲ့....
ဘာဆာဖန်တွေတော့ ဒမ်ဘီလီကို တော်တော်လေး ကြည့်မရဖြစ်နေမှာ အသေအချာပါပဲ။ ဒါပေမဲ့မခံချိမခံသာဖြစ်ရုံကလွဲပြီး၊ ဘာမှလည်း တတ်နိုင်မှာမဟုတ်ပါဘူး။
ဒမ်ဘီလီကတော့ အသင်းဟောင်းနဲ့ပြန်တွေ့တဲ့ နှစ်ကျော့စလုံးမှာ အကောင်းဆုံးကစားသွားခဲ့ပြီး၊ အသင်းဟောင်းကိုရော၊ ပရိသတ်တွေကိုပါ အသည်းခွဲသွားခဲ့ပါတယ်။
#footballcorner

image
2 နှစ်များ - ဘာသာပြန်ပါ။

Friendship and love
တရားသူကြီးကလည်း သူငယ်ချင်းအပေါ် လေးစားမှု စာနာမှုရှိတယ်။
တရားခံကလည်း ကိုယ့်အမှားကို ကိုယ်သိတယ်။
လှပလိုက်တဲ့ လေးစားမှု၊ စာနာမှု၊ မေတ္တာတရား

2 နှစ်များ - ဘာသာပြန်ပါ။

Respect!
If you want to be respected, respect others!

2 နှစ်များ - ဘာသာပြန်ပါ။

စတုဂတ်အသင်းအတွက် တစ်ရာသီအတွင်းဘွန်ဒက်စ်လီဂါ သွင်းဂိုးအများဆုံးစံချိန်တင်ခဲ့တဲ့ ဂူရက်ဆီ

စတုဂတ်အသင်း၏ ဂီနီတိုက်စစ်မှူး ဆီရောက်ဂူရက်ဆီသည် ယခုတစ်ပတ် စတုဂတ် (၃-၀)ဖရန့်ဖတ်ပွဲတွင် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ ဘွန်ဒက်စ်လီဂါတွင် သူ၏သွင်းဂိုးမှာ (၂၅)အထိရှိလာခဲ့သည်။ဂူရက်ဆီအနေဖြင့် ဘွန်ဒက်စ်လီဂါ (၂၃)ပွဲကစားခဲ့ရာတွင် (၂၅)ဂိုးသွင်းနိုင်ခဲ့ပြီး သူ၏ ဂိုးသွင်းနှုန်းမှာ တစ်ပွဲ ပျမ်းမျှတစ်ဂိုးအထက်တွင်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယခင်က စတုဂတ်အသင်းတွင် တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်ခဲ့သူမှာ ဂျာမန်တိုက်စစ်မှူး မာရီယို ဂိုးမက်ဇ်ဖြစ်ပြီး (၂၀၀၈-၀၉)ဘောလုံးရာသီက တစ်ရာသီအတွင်း (၂၄)ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။ပြင်သစ်ကလပ် ရန်းစ်အသင်းမှရောက်ရှိလာသော ဂူရက်ဆီသည် ပြီးခဲ့သည့်ရာသီက အသင်းတွင် အငှားစာချုပ်ဖြင့်သာ ကစားခဲ့ခြင်းဖြစ်ပြီး (၂၀၂၃) နွေရာသီတွင် အသင်းက သူ့အား (၃)နှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဂူရက်ဆီ ကို လာမည့်ရာသီမှာ ဘယ်အသင်းမှာ မြင်တွေ့ရနိုင်မလဲ❓

image
2 နှစ်များ - ဘာသာပြန်ပါ။

London, United Kingdom ❤❤❤

image
2 နှစ်များ - ဘာသာပြန်ပါ။

ပလေး ခံ ရတာ များသွားလို့🥵

image