2 နှစ်များ - ဘာသာပြန်ပါ။

"Absolutely no one"
me at 3am:

image
2 နှစ်များ - ဘာသာပြန်ပါ။

အဖေ က အပေါ်ထပ်ဘုရားခန်းမှာ
ဘုရားဝတ်ပြုဖို့ ပြင်နေတယ်။

အမေ က အောက်ထပ်မီးဖိုထဲမှာ
နံက်စာအတွက် ပြင်ဆင်နေတယ်။

တက္ကသိုလ်ကျောင်းသူ မိနွဲ့နှောင်းက ကျောင်းသွားဖို့
အလှပြင်နေတယ်။

ခဏနေလို့ အလှလည်းပြင်ပြီးရော အပေါ်ထပ်ကနေ

လှေခါးအတိုင်း တဒုန်းဒုန်းနဲ့
ပြေးဆင်းသွားရင်း
ပါးစပ်ကလည်း အော်သွားတယ်.. ...

'မေမေရေ၊ ကော်ဖီသောက်တော့မယ်.. ဒုန်း ဒုန်း ဒုန်း'

အဲဒီမှာ ဘုရားခန်းထဲက သူ့အဖေက လှမ်းခေါ်တယ်.. ...

'ဟဲ့ သမီး၊ အပေါ်ပြန်တက်ခဲ့စမ်း'

ရှုံ့မဲ့မဲ့နဲ့ ပြန်တက်လာတယ်။

သူ့အဖေက ဆူတာပေါ့... ...

'သမီးကို ဘယ်နှစ်ခါပြောရမလဲ၊
မိန်းကလေးပီပီသသ
နေပါထိုင်ပါလို့၊
လှေခါးဆင်းတာ
ဒီလောက်ကြမ်းရသလား၊

သွား.. ခုပြန်ဆင်း၊
ဘာသံမှ မကြားချင်ဘူး'

စကားနားထောင်ပုံရတယ်၊ ဘာသံမှမကြားလိုက်ရဘူး

မီးဖိုထဲရောက်လာတော့
အမေက မေးတယ်... ...

'ဖေဖေဆူတာလည်း စိတ်မညစ်ပါနဲ့ သမီးရယ်၊
သမီးကို အိနြေ္ဒ အမျိုးကောင်းလေး
ဖြစ်စေချင်လို့ပါ'

'သမီးနားလည်ပါတယ် မေမေ'

'အေးအေး၊ သမီးလေးက လိမ္မာပါတယ်ကွယ်၊

ဒါနဲ့ ခုနက ခြေသံမကြားအောင်
ဘယ်လိုများ
ဆင်းလာတာလဲ သမီးရဲ့'

'လှေခါးလက်ရမ်းကို ခွပြီး
လျောချလိုက်တာ...'


#crd_to_owner

image
2 နှစ်များ - ဘာသာပြန်ပါ။

ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်
ခဏကလေး ရပ်ကြည့်တာကအစ
ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး
ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ
ကမ္ဘာမှာ ပန်းတွေပွင့်တယ်ဆိုတာ
ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ။



Love is quite straightforward.
I don't dwell on receiving it in return.
Every opportunity I've let slip,
from watching it pass by
to allowing someone to find their own path,
is driven by my genuine desire to help them grow.
Fully bloomed flowers in the world,
they don't harm anyone, do they?

image
2 နှစ်များ - ဘာသာပြန်ပါ။

🚨🇭🇷: ခရိုးအေးရှားသားကြီး လူကာ မိုဒရစ်ဟာ ရီးရဲယ်မက်ဒရစ်မှာ လစာအများကြီး လျှော့ယူပြီး၊ အရန်ကစားသမားအဖြစ်နဲ့တော-င် ဆက်နေချင်ပေမဲ့လည်း အသင်းဘက်ကတော့ ၃၈ နှစ်သားကြီးကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

အဓိက,အကြောင်းအရင်းကတော့ လူငယ်ကစားသမားတွေကို ပိုပြီး နေရာပေးချိန်တန်ပြီလို့ ယူဆခဲ့တာကြောင့်ဖြစ်ပြီး၊ တူရကီကြယ်ပွင့်လေး အာဒါ ဂူလာက မိုဒရစ်ရဲ့နေရာကို အစားထိုးနိုင်လိမ့်လို့ ရီးရဲယ်က ယုံကြည်ထားပါတယ်။

ဒါကြောင့် ၁၂ နှစ်ကြာကစားခဲ့ပြီးနောက် မိုဒရစ်ရဲ့ဘာနေဗျူးကစားသမားဘဝက ယခုရာသီကုန်မှာ အဆုံးသ-တ်တော့မှာပါ။

ရီးရဲယ်မက်ဒရစ်ကတော့ အသင်းရဲ့ဂန္ထဝင်ကြီးကို အကောင်းဆုံးနည်းလမ်းနဲ့ ခမ်းခမ်းနားနား ဂုဏ်ပြုနှုတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။

Source- ( Relvo 🏅)

image
2 နှစ်များ - ဘာသာပြန်ပါ။

Note 3 ခေတ်က Air Command တောင် Apple Pencil Pro ပေါ်ရောက်လာပြီပဲ😅

image
2 နှစ်များ - ဘာသာပြန်ပါ။

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား

ရှိပါတယ် . .

1။`အပြစ်တင်လွန်းတဲ့မိဘ´

ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့အသုံးမကျတာ
ကိုပဲ ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...

2 ။`ဘက်လိုက်တာ´

သားသမီးချင်းတူတု
ငါ့သမီးလေး …ငါ့သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘကသွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်
ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်..

3 ။`ဆဲဆိုလွန်းတာ´

နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်
ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲရေးပြီးမှလုပ်မယ်
ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်

4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´

"နင့် ယောက်ကျားကဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး …
သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ
သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ..
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်.
ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်...
ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို သတိထားသင့်ပါတယ်...

သားသမီးဆိုတာ မိဘကိုအစစအရာရာ ပြောပြချင်တဲ့အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...
ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်...

သားသမီးအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...

5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´

အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ...

စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး
အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်းပြော သင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုေတာ့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး
ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...…

မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘ်ို့ဆိုတာမလွယ်ကူပါဘူး

အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ ။

တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်

ရျိသေးတယ် အများကြီးပဲ မပြောတော့ပါဘူး

တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်...

အနီးမှာပဲနေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ

မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ...။

image
2 နှစ်များ - ဘာသာပြန်ပါ။

လကုန်ဖို့ရက် 20 ကြီးတောင်လိုသေးတယ်
တစ်ပြားမှမရှိတော့ဘူးးးး လုပ်ကြဦးးးး

#emma
#potterheadsinmyanmar

image
Phoo Wai သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
2 နှစ်များ

image
Phoo Wai သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

လူတိုင်းက အရင်ဆုံး သဘောကျပြီးတော့မှ
ချစ်သွားကြတာမလား ။
သဘောကျလို့ စတွဲကြရင်း တစ်ယောက်နဲ့တစ်ယောက်
ချစ်သွားကြတဲ့ ဇာတ်လမ်းလေးတွေ ရှိတယ်မလား။

သဘောကျရင်း သဘောကျရင်း. . .
သဘောကျလို့ စတွဲကြရင်း . . .
တွဲရင်းနဲ့ တွဲရင်းနဲ့ချစ်သွားတာမျိုးလေး ကို
သဘောကျတယ်။

သူ့အကြောင်း ကိုယ့်အကြောင်းကို
တစ်ဖြည်းဖြည်းချင်း သိပြီးတော့မှ ချစ်လာရတာ
ဘယ်လောက် ကောင်းလိုက်လဲ။

သူ့ရဲ့ အားနည်းချက် ၊ ကိုယ့်ရဲ့ အားနည်းချက်။
သူရဲ့ dark side ၊ ကိုယ့်ရဲ့ dark side
တစ်ဖြည်းဖြည်းချင်း နားလည်ပြီး ချစ်ကြတာဆိုတော့
နားလည်မှုတွေလည်း ပိုပေးနိုင်မယ်လို့ထင်တယ် ။

တွဲတာကြာလေလေ . . .
ပိုပြီး ချစ်လာလေလေ . . .
သံယောဇဉ်တွေ တိုးလာလေလေ . . .။

®ခဲတံ®

image