2 yrs - Translate

မကြိုးစားရသေးခင် လွယ်လွယ်လက်မလျှော့ပါနဲ့

တစ်ခါတုန်းက လူတစ်ယောက်က ဆင်စခန်းနားကနေ ဖြတ်သွားပါတယ်။ ဆင်တွေရဲ့ ခြေထောက်တစ်ဖက်မှာ ကြိုးသေးသေးလေးနဲ့ ချည်ထားတာကို တွေ့လိုက်တယ်။ လှောင်အိမ်နဲ့ ထားတာမဟုတ်သလို သံကြိုးတွေနဲ့လည်း ချည်နှောင်ထားတာမဟုတ်ပါဘူး။ ဒါပေမယ့် ဆင်တွေက ဘာလို့ ထွက်မပြေးတာလဲ။ ဒီကြိုးလောက်ဆိုရင် သူတို့ အလွယ်တကူ ရုန်းနိုင်မှာပဲမဟုတ်လား။

သူ့ အနေနဲ့ ထူးဆန်းသွားပြီး ဆင်စခန်းက ဆင်ထိန်းကို အဲ့ဒီအကြောင်းသွားမေးတာပေါ့။ အဲ့ဒီအခါ ဆင်ထိန်းက သူတို့အနေနဲ့ ဆင်တွေကို ဆင်ပေါက်လေးတွေဘဝကတည်းက အဲ့လိုကြိုးကလေးနဲ့ ချည်ထားတာပါ။ အဲ့ဒီအရွယ်တုန်းကတော့ ဒီကြိုးလေးတွေက သူတို့ထွက်ပြေးသွားလို့ မရအောင် ချည်နှောင်ထားနိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဆင်လေးတွေကနေ ဆင်အကြီးကြီးတွေဖြစ်လာပေမယ့် သူတို့ စိတ်ထဲမှာ သူတို့ ရုန်းထွက်လို့ မရနိုင်ဘူး။
ဒီကြိုးလေးတွေက သူတို့ကိုထွက်ပြေးလို့ မရအောင် ချည်နှောင်ထားနိုင်မှာဖြစ်တယ်လို့ ယုံနေကြပြီး မရုန်းကြဘူးလို့ပြောပြလိုက်ပါတယ်။

ဆင်ထိန်းရဲ့ အဖြေမှာ သူအရမ်းအံ့ဩသွားတာပေါ့။ တကယ်ဆိုရင် သူတို့ ခွန် သူတို့အားနဲ့ဆိုရင် ဒီကြိုးလေးက အလွယ်တကူရုန်းထွက်နိုင်မှာပါ။ ဒါပေမယ့် သူတို့ကလေးဘဝက သူတို့ကို ထွက်ပြေးလို့မရအောင် ချည်နှောင်ထားတယ်ဆိုတဲ့အသိနဲ့ ဒီလိုထွက်မပြေးပဲနေရသလားလို့ တော်တော်အံ့ဩသွားပါသတဲ့။

ဒီဇာတ်လမ်းလေးလိုပါပဲ။ လူတွေမှာလည်း မကြိုးစားကြည့်သေးပဲမဖြစ်နိုင်ဘူးဆိုပြီး ကြိုတင်လက်လျှော့လိုက်တာတွေက ဒုနဲ့ဒေးပါ။ ငါမလုပ်နိုင်ပါဘူး။ ဒါက အရမ်းခက်တယ်။ ငါလုပ်ရင် အောင်မြင်မှာမဟုတ်ပါဘူး ဆိုပြီး စစ်မရောက်ခင်မြားကုန်တတ်တဲ့သဘောသဘာဝက လူတော်တော်များများမှာ ရှိတတ်ကြပါတယ်။ အဓိကပြောချင်တာက ကြိုးစားကြည့်ပါ။ တကယ် ကိုယ်ထင်ထားသလို လုံးဝမဖြစ်နိုင်ဘူးဆိုတာကတော့ မရှိနိုင်ပါဘူး။ ပူပန်ကြောက်ရွံ့မှုထက် ကြိုးစားအားထုတ်မှုတစ်ခုက ပိုပြီး ထိရောက်တဲ့ရလဒ်တစ်ခုကို ရရှိစေနိုင်မှာပါ။ ဘယ်လောက်ခက်ခဲမယ်လို့ ထင်ရပါစေ။ ပထမဆုံး ခြေလှမ်းကိုတော့ အရင်ရုန်းထွက်ကြည့်ပြီး ကြိုးစားကြည့်ပါလို့ တိုက်တွန်းပါရစေ။

imageimage
2 yrs - Translate

Your message is not just a message, it's my happiness.

image
2 yrs - Translate

Your message is not just a message, it's my happiness.

image
2 yrs - Translate

Your message is not just a message, it's my happiness.

imageimage
2 yrs - Translate

me: အဲ့လောက်ဂရုမစိုက်တာပြတ်ကျတာပေါ့
also me:

image
2 yrs - Translate

London,United Kingdom

image

image
2 yrs - Translate

အသည်းကွဲတဲ့နေ့ရက်တွေမှာ
အိမ်တွင်းပုန်းပြီး နေ့နေ့ညည
ကိုးရီးယား ဒရမ်မာကားတွေ ကြည့်တယ်။
ကြည့်ရင်း မျက်ရည်ရွဲလဲ နှပ်ရွဲလဲပေါ့။

ကြည့်ရင်း ဘဝဆိုတာ ပြဇာတ်ပါလားလို့ ထင်တယ်။

ကြည့်ရင်း အမှန်တကယ်တည်ရှိနေတဲ့ လက်တွေ့ဘဝကိုတောင် မယုံတော့ဘူး။

ကြည့်ရင်း ငိုရင်း မောလာတော့ ဆိုဖာပေါ် အိပ်ပျော်သွားတယ်။

နိုးလာတော့ ပြန်ဆက်ကြည့်တယ်။
နောက်တော့.. ... သိပ် အခံရမခက်တော့သလိုပဲ။
ဒါဟာ အသည်းကွဲခြင်းကို ကိုးရီးယားကားနဲ့ 'ကုသ' လိုက်တယ်လို့ ဆိုနိုင်မလား...
ဘယ်လိုနည်းနဲ့ပဲ ကုကုပေါ့....
ပြန်ရှင်သန်လာဖို့က အဓိကပါ။
လူ့ဘဝမှာ ဖြတ်ကျော်လို့မရနိုင်တဲ့အရာဆိုတာ မရှိပါဘူး။

--- Amy Cheung

💌

#နိုင်းနိုင်းစနေ

image
2 yrs - Translate

မိမိတို့သူငယ်ချင်းတသိုက် စာကျက်ဖို့စာအုပ်ကိုင်လိုက်သောအခါ

image
2 yrs - Translate

ဖိရင်လည်း ပြန်ကြွရမယ် ။
လဲရင်လည်း ပြန်ထရမယ် ။
ရည်းမှန်းချက်တွေ မပြည့်မချင်းတော့
ခရီးဆုံးတဲ့အထိ
ဒီခြေထောက်တွေ သန်မာနေဖို့လိုတယ် !!

#ဉာဏ်

image