Instant cold coffee~

2 နှစ်များ - ဘာသာပြန်ပါ။

လူတွေကပြောကြတယ် တစ်ယောက်
ယောက်ကိုစောင့်နေရတာက နာကျင်ရတယ်တဲ့---"

တစ်ချို့လူတွေကတော့ တစ်ယောက်
ယောက်ကိုမေ့ဖျောက်ရတာက နာကျင်ရတယ်တဲ့---"

ဒါပေမယ့်ဘယ်အချိန်ကအနာကျင်ရဆုံးလဲ
မင်းသိလားစောင့်ရမလား မေ့ရမလားတောင်
သေချာမသိတဲ့အချိန်က အနာကျင်ရဆုံးပဲ---"😔💔

-CRD
-nyinyiaung /ကြေကွဲလူငယ်!!

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆုံစည်းမှုတိုင်းမှာ နှစ်မျိုးရှိတယ်
လူ့သက်တမ်းရှိသလောက် ဆုံနေရတာမျိုးနဲ့
ခံစားမှုသက်တမ်းရှိသလောက် ဆုံနေရတာမျိုး။ ။

-ညံလင်း-

image

image
2 နှစ်များ - ဘာသာပြန်ပါ။

ငါအမြဲစိုးရိမ်နေတာတစ်ခုရှိတယ်
ငါချစ်တဲ့သူဆီကမချစ်တော့တာကိုသိရမှာကိုပဲ
အဆုံးထိအတူတူသွားချင်ခဲ့တဲ့ခရီးရှည်ကြီးထဲ

ငါတစ်ယောက်ထဲပိတ်ကျန်နေမှာသိပ်ကြောက်တာပဲ....။

💌🍂
#tarmhyuunge
Feelings From The Heart

image

mini cat ❤

2 နှစ်များ - ဘာသာပြန်ပါ။

Wide Leg လောက်ထိမပွပေမယ့် အမျိုးသားတွေကြား hot ဖြစ်နေဆဲဘောင်းဘီအမျိုးအစားတစ်ခုကတော့ Cargo Pant တွေပါပဲ။ သူ့ကိုမှ တအားမကျပ်တဲ့ Wide Version ကို ပိုအသားပေးရွေးလိုက်ပါ။ Cargo Pant တွေကလည်း Streetwear တွေထဲ ပါနေတဲ့အပြင် အပေါ်က ဘာနဲ့တွဲတွဲအိုခေပြီး လတ်တလောမှာတော့ တီရှပ်တွေ ရှပ်တွေပေါ် cargo vest တွေထပ်ဝတ်တာဟာ အရမ်းကိုခေတ်စားနေပါတယ်။💕

image
2 နှစ်များ - ဘာသာပြန်ပါ။

ဖြစ်ချင်တာဖြစ်မလာသေးပေမဲ့
စိတ်ဓာတ်မကျဘူး
အကောင်းဆုံးမျှော်လင့်ထားသလို
အကောင်းဆုံးကြိုးစားတယ်။

သာမန်ခြေလှမ်းနဲ့လျှောက်လှမ်းနေပေမဲ့
အရူံးပေးခြင်းတို့မပါဘူး။

တစ်ယောက်မှဘေးနားမှာမရှိချင်လဲ
ရတယ် ကိစ္စမရှိဘူး
တစ်ယောက်တည်း နေသွားရသွားလည်း
အေးအေးဆေးဆေးပါပဲ။

လိုအင်ဆန္ဒတွေအများကြီးဆိုတာထက်
အေးချမ်းတိတ်ဆိတ်သောဘဝကိုပဲ မက်မောပါတယ်။

🖤☘️
#ဖားစည်ရည်ကျော်
28.5.2024

image
2 နှစ်များ - ဘာသာပြန်ပါ။

တစ်ခါတလေ စိတ်ပင်ပန်းမှုက
တော်တော်လေး ပြင်းထန်တယ်နော်
သီချင်းတွေလည်း မတိုးတော့ဘူး
စကားပြောဖော်လည်း မထိရောက်တော့ဘူး
အရာရာကနေ ခွဲထွက်ပြီး
တစ်ယောက်တည်း ‌ခွေနေဖို့ပဲ ရွေးချယ်ချင်တော့တာ။
#lionel Sn

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆုတောင်းရင် ပြည့်တယ်ဆို‌ပေမယ့်
သူ ပြန်ချစ်ပါစေလို့ ဆုမတောင်းဘူး
သူ့ရင်ထဲက ဖြစ်တည်လာတဲ့အတိုင်းလေးပဲ ဖြစ်စေချင်တယ်

မုန်းရင်လည်း ခံယူလိုက်မယ်
ချစ်ရင်လည်း ခံယူလိုက်မယ်
ဒါဟာ ရိုးသားခြင်းပဲ

ပြန်ချစ်အောင် ဘာဂါထာ ဘာမန္တာန်မှ မရွတ်ဘူး
ဖြူဖြူစင်စင်နဲ့ ပြန်ချစ်တာကိုပဲ လိုချင်တယ်

ဖန်တီးယူတဲ့အရာတွေက တစ်ချိန်ကျရင်
ပျက်စီးဦးမှာပဲ မဟုတ်လား

#han_phyo

image