2 yrs - Translate

ဂျိုးဘိုင်ဒန်ရဲ့ ဥပဒေကို အယူခံဝင်ပြီး ပြန်ဖိုက်နေတဲ့ TikTok

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ TikTok ကို အမေရိကန် ပိုင်ရှင်တစ်ဦးဆီကို ရောင်းမှ အမေရိကားမှာ ဆက်ပြီး သုံးခွင့်ပေးမယ်ဆိုတဲ့ ဥပဒေကို TikTok ကိုလူထုမေတ္တာခံယူရင်း အယူခံဝင်နေပါတယ်။ လူထုမေတ္တာခံယူတယ်ဆိုတာကတော့ လူတွေက TikTok ကို မဘန်းဖို့ ဆန္ဒပြနေပါတယ်။

ထွက်လာတဲ့သတင်းတွေကတော့ တစ်ကယ်လို့ TikTok ကိုမရောင်းဖြစ်ရင်တောင် အမေရိကားမှာရှိတဲ့ အသုံးပြုသူတွေသီးသန့်သုံးနိုင်မယ့် For You Algorithm တစ်ခုကို ခွဲထုတ်ပြီး ကုမ္ပဏီဖွင့်ဖို့အတွက် ကြိုးစားနေလို့သတင်းထွက်လာပါတယ်။ ဒါပေမယ့် ဒါဟာ မူလ TikTok လောက်အဆင်ပြေပါ့မလား၊ လွယ်လွယ်ကူကူရောဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေက ရှိနေပါသေးတယ်။

လောလောဆယ်မှာတော့ TikTok ကိုရောင်းမယ်ဆိုတဲ့ သတင်းမှားတွေကို TikTok ဖက်ကအကုန်ငြင်းဆိုပြီး တစ်ခုချင်းစီလိုက်ရှင်းနေသလို တရုတ်မီဒီယာတွေကိုလည်း သတင်းတုတွေမဖြန့်ကြဖို့ သတိပေးထားပါတယ်။ TikTok ဖက်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင်လက်မှတ်ထိုးပြီး အတည်ပြုထားတဲ့ ဥပဒေကို ဖျက်သိမ်းနိုင်ဖို့အတွက် ဖက်ဒရယ်တရားရုံးမှာ ပြန်ပြီး တရားကြားနားဖို့ အမှုဖွင့်ထားပါတယ်။

တစ်ကယ်လို့ နောက်ထပ် ၆ လအတွင်း TikTok ကို အမေရိကန်ပိုင်ရှင် တစ်ဦးစီမရောင်းရင်၊ တရားခွင်မှာလည်း ရှုံးသွားခဲ့ရင် US မှာ TikTok သုံးစွဲခွင့် အပြီးပိုင် ပိတ်သိမ်းမှာပါ။

image

Papaya Salad

2 yrs - Translate

အာဆင်နယ် ဆေးအဖွဲ့ ၀င် မန်ချက်စတာ ယူနိက်တက် ကို ပြောင်းမည်။

မန်ချက်စတာ ယူနိက်တက် ကတော့ အာဆင်နယ် ရဲ့ ဆေးအဖွဲ့၀င် ကို ထပ်မံခေါ်ယူအုန်းမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ‌တော့ အားကစား ဆေး အဖွဲ့မှာ လူသိများပြီး အတော်ဆုံးထဲက‌ တစ်‌ယောက်ကိုခေါ်ယူမှာဖြစ်တယ်လို့ သတင်းမှာ ရေးသားလာခဲ့ပါတယ်။ ဆေးအဖွဲ့ဝင်နာမည်ကတော့ ဂျော်ဒန် ရိစ်လို့ခေါ်ပါတယ်။

imageimage
2 yrs - Translate

လူတွေ တစ်ယောက်နဲ့တစ်ယောက် အစပိုင်းအရမ်းချစ်ကြပြီး နောက်ပိုင်းဘာလို့ လမ်းခွဲသွားကြလဲဆိုတော့
တယောက်အရေးပါမှုကို တယောက်က သာမန်လို့ပဲထင်လာတဲ့အခါ
လှလား လို့ မေးရင်တောင် သာမန်လိုပဲပြုမူတတ်တဲ့အခါ
အမှတ်တရလေးတွေဖန်တီးဖို့ အလေးမထားလာကြတဲ့အခါ
အလုပ်တွေလုပ်ရင်း တကယ့် ဘဝ အလုပ်တွေက်ို မေ့လာတဲ့အခါ

လူနှစ်ဦး ပေါင်းစပ်မှုဟာ တနေ့တာလုံး အချိန်တွေပိုင်ဆ်ိုင်ထားမှမဟုတ်ဘူး
၂မိနစ်အချိန်ရလို့ အဲ့ဒီ ၂မိနစ်လေးမှာ တစ်ဦးပေါ်တစ်ဦး take care လုပ်ပေးနိုင်တာလဲ ချစ်ခြင်းမေတ္တာပဲ
သာမန်ဆိုတာ သူစိမ်းတွေမှ ဆက်ဆံတာပါ
ရင်နှီးချစ်ကျွမ်းဝင်မှုဟာ ကိုယ်တို့ ဘယ်လောက် attention ပေးသလဲနဲ့ ဆ်ိုင်ပါတယ်
အားလပ်ရက်တစ်ခုမှာ ကိုယ်တို့အပြင်သွားမယ်
အပြင်သွားရင်း ရုတ်တရက် ပန်းလေး လှမ်းခူးပြီး ပန်ပေးလိုက်တာကလဲ ချစ်ခြင်းမေတ္တာပေါ့

ကျနော်တို့တွေဟာ အချစ်ကိုတွေ့ရှိကာမှ
သာမန်လူတွေလိုသာ ဆက်ဆံနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာ မဟုတ်ဘူး
တစ်ဦးကိုတစ်ဦး သိတာလို့ပဲခေါ်တယ်
ချစ်သူတွေဆိုတာ အလေးထားရတယ်
ရင်ခုန်အောင်လုပ်ပေးတတ်ရတယ်
အဖိုးအဖွားတွေ အသက်-၈၀ကျော်တဲ့ထိ
အချစ်တွေခိုင်မြဲနေတယ်ဆိုတာကလေ
ရင်ရွှေ ချက်ပေးတဲ့ဟင်းလေးကမှ စားကောင်းတာပါဆ်ိုပြီး အဖွားရှေ့မှာ ပြောလိုက်ရင် အဖွားအချစ်တွေ အသစ်တဖန်မွေးဖွားခဲ့ပြီ

အချစ်က အမြဲသစ်နေဖို့လိုတယ်
Romantic ဆန်ရတယ်
ပျော်ရတယ်
ငြင်းခုန်ရမယ်
အမှတ်တရတွေ ဖန်တီးကြမယ်
တယောက်ခံစားချက်ကိုတယောက်က
နားလည်ပေးနိုင်ရမယ်
ဒါမှ ချစ်သူလို့ပဲသတ်မှတ်ကြတာပေါ့

ချစ်သူဘဝမှာ သာမန်လူတွေလိုပဲ
သွားချိန်တန်သွား၊ ဘာမှ romantic မဆန်
attention မပေးရင် အလကားပါပဲ

ညနေစောင်းမှာ ကော်ဖီတခွက် သောက်ပြီး
ဒီနေ့အရမ်းလှနေတယ်ဆိုတဲ့ စကားတခွန်းဟာ သိပ်အရေးပါတယ်နော်။

image
2 yrs - Translate

မခွဲမစိတ်ဘဲဆံပင်ဘယ်လိုအစားထိုးနိုင်မလဲ

မခွဲမစိတ်ဘဲဆံပင်ဘယ်လိုအစားထိုးနိုင်မလဲ။ ဆံပင်အစားထိုးစိုက်ခြင်းဟာ ခွဲစိတ်စရာမလိုဘဲ ဆံပင်ကျွတ်ခြင်းပြဿနာကိုဖြေရှင်းတဲ့ နည်းတစ်နည်းပါ။

အန္တရာယ်ကင်းတဲ့နည်းတစ်နည်းဖြစ်ပြီး လျှော်နိုင်တယ်၊ ဖီးနိုင်တယ်၊ ချွေးထွက်လည်းဖြစ်တယ်၊ နောက်ဆုံး ကိုယ့်ချစ်သူကလက်လေးနဲ့ သပ်ပေးတာကိုပါ တွန့်ဆုတ်စရာ၊ စိုးရိမ်စရာမရှိဘဲခံနိုင်ပါတယ်။ ထိုနည်းဟာ ဆံပင်ကပ်နေ၊ တာရှည်ခံနေမယ့် ဆေးနည်းတွေနဲ့ ရက်သတ္တပတ်အများကြီးကြာအောင် ခံပါတယ်။

ဆံပင်ကပ်ခြင်း

ယာယီဆံပင်စိုက်ခြင်းနည်းတစ်နည်းဖြစ်တယ်။ ဆေးတစ်မျိုးသုံးကာ ဆံပင်ပါးနေသော၊ မရှိသော ဦးရေပြားနေရာမှာ ဆံပင်အသစ်များကို ကပ်ခြင်းဖြစ်တယ်။ ထိုကပ်မည့်ဆံပင်အပိုကို အရောင်၊ အထူ၊ အဖြောင့်၊ အကောက် စသည်ဖြင့် မူလဆံပင်နဲ့ အဆင်ပြေမှာကို ရွေးချယ်ပြီးကပ်လေ့ရှိပါတယ်။ လွယ်ကူပြီး ရိုရှင်းသောအဆင့်များသာပါဝင်တယ်။ ပထမအဆင့်က မူလဆံပင်နမူနာယူကာ သဘာဝကျကျတူအောင် ရွေးခြင်းဖြစ်တယ်။ ထို့နောက် ဆန္ဒရှိသည့်၊ မျှော်လင့်ထားသည့်အတ်ိုင်းရအောင်စီကာ ဦးရေပြားပေါ် မူရင်းဆံပင်များကြားစိုက်ခြင်းဖြစ်တယ်။ ဆံပင်နောက်တစ်ခါပြန်ညှပ်ရမယ့်အချိန်ခန့် လေးပတ်မှခြောက်ပတ်ခန့်အကြာမှာ ပြန်ပြင်ရပါတယ်။ ဆံပင်ထူစေရန်အပြင် ပုံမှန်ဆံပင်ထဲ အရောင်ထည့်ရန်လည်း သုံးလို့ရပါတယ်။ လူတိုင်းမှာ ဆန္ဒအမျိုးမျိုးရှိနိုင်တာကြောင့် သေချာဆွေးနွေးဖို့က အရေးကြီးဆုံးပါ။

ဆံပင်စိုက်ခြင်း

ခွဲစိတ်စရာမလိုပဲ ထိပ်ပြောင်ခြင်းကိုဖုံးကာရန်၊ ဆံပင်ပိုထူစေရန် ဦးရေပြားမှာဆံပင်များထည့်သွင်းစိုက်ခြင်း ဖြစ်တယ်။ ထိုဆံပင်အပိုများကို ဦးရေပြားမှာတိုက်ရိုက်ထည့်ကပ်ခြင်းဖြစ်ပြီး မူလရှိသောဆံပင်နှင့် ကိုက်ညီသည့်ဆံပင်များသာသုံးပါတယ်။ နည်းအမျိုးမျိုးသုံးကာ ထည့်သွင်းစိုက်လေ့ရှိပြီး မူရင်းဆံပင်များနှင့် ယှက်ဖြာပြီးစိုက်ခြင်းက နောက်ဆုံးနည်းဖြစ်တယ်။ ဆံပင်များကို တင်းကြပ်နေအောင် ကျစ်တာကြောင့် ဆံပင်ပေါက်များရောင်ရမ်းကာ ဆံပင်ကျွတ်ခြင်းပိုဆိုးနိုင်ချေရှိသောကြောင့် ထိုနည်းကိုရှောင်တာကောင်းပါလိမ့်မယ်။

ဆံပင်ဆက်ခြင်း

ဆံပင်အထူအပြင် အရှည်ပါတိုးစေသောနည်းဖြစ်တယ်။ မူရင်းရှိသောဆံပင်တွင် နောက်ထပ်ဆံမျှင်များကပ်ခြင်းဖြစ်ပြီး ဆံပင်အရောင်ဆိုးလိုသည့်အခါ၊ ဆံပင်ပုံစံအသစ်စမ်းထားချင်သည့်အခါ ဆံပင်လည်းမပျက်စီးအောင် အသုံးပြုနိုင်သော နည်းတစ်နည်းဖြစ်ပါတယ်။ဆံပင်ဆက်ခြင်းဟာ ခုဆိုရင် လူအများကြားမှာ ခေတ်စားလာသောနည်းတစ်နည်းဖြစ်ပြီး တိုးတက်လာသော နည်းပညာတွေအလျောက် ဆက်လိုက်သောဆံပင်ရဲ့ အမြင်နဲ့ခံစားရသောခံစားချက်ကလည်း တဟုန်ထိုးပြောင်းလဲလျက်ရှိပါတယ်။ ဆံပင်ညီညီပါးသူများနှင့် ထိပ်ပြောင်သောဧရိယာ မများသူများမှာ သုံးတတ်ပါတယ်။

ဆံပင်များကိုအနုစိတ်ယှက်သွယ်စိုက်ခြင်း

နာကျင်မှုကင်းပြီး လျင်မြန်၊ ဘေးကင်းသော ခွဲစိတ်စရာမလိုသည့် နည်းတစ်နည်းဖြစ်တယ်။ ပြီးလျှင် ပြန်စစ်ဆေးစရာ၊ ပြန်ပြစရာမလိုသော လတ်တလော ဆန်းသစ်ပြောင်းလဲလာတဲ့ နည်းတစ်နည်းဖြစ်တယ်။ ထိုနည်းမှာ အထူးဒီဇိုင်းထွင်ထားသော ကလစ်ပျောက်များနှင့် ဆံပင်ကိုညှပ်ခြင်းဖြစ်ပြီး ခေါင်းလျှော်၊ ဆံညှပ်၊ ဆံပင်ပုံသွင်း၊ အရောင်ဆိုးခြင်းများအတွက်လည်း ကန့်သတ်သတ်မှတ်ချက် နည်းနည်းသာရှိသောနည်းဖြစ်တယ်။ မည်သည့်ဆံပင်ပြောင်ခြင်းနှင့်မဆို သင့်လျော်ပြီး ဘေးအန္တရာယ်လည်းထူးထူးခြားခြားမရှိပါဘူး။ ထပ်ထည့်လိုက်သော ဆံပင်များမှာ မူလဆံသားအတိုင်း သဘာဝ ကျကျနှင့် အပြစ်ကင်းစွာရှိနေမည်ဖြစ်ပြီး ထိုဆံပင်နှင့် ရေပင်ကူးလို့ရနိုင်ပါသေးတယ်။ ထိုခွဲစိတ်စရာမလိုဘဲ ဆံပင်စိုက်နည်း၊ ဆက်နည်းတွေဟာ မခွဲမစိတ်လိုဘဲ ဆံပင်အပြည့်လိုချင်ကြသူများ အတွက်အလွန်ကိုကောင်းမွန်သော နည်းတွေဖြစ်ပါတယ်။ ဆံပင်ကပ်ခြင်း၊ စိုက်ခြင်း၊ ဆက်ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးရှိပါတယ်။

Credit: ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

image
2 yrs - Translate

Crystal clear water in Bahamas 💙💙

image
2 yrs - Translate

၈၄ နှစ်ကြာမှ စာကြည့်တိုက်ကို စာအုပ်ပြန်လာအပ်ခဲ့သူ

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်ကတည်းက ငှားထားတဲ့စာအုပ်ကို လာပြန်အပ်သွားလို့ ဖင်လန်နိုင်ငံ ဟယ်ဆယ်ကီစာကြည့်တိုက်မှ ဝန်ထမ်းတွေက အံ့အားသင့်နေကြပါတယ်။ စာရေးဆရာ အာသာကိုနန်ဒွိုင်းရဲ့ ဒုက္ခသည်များ (The Refugees)စာအုပ်ကို ဖင်လန်ဘာသာစကားနဲ့ ပြန်ဆိုရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှာ ပြန်အပ်ရမှာပါ။

စာအုပ်ပြန်အပ်ရာမှာ စာအုပ်ငှားသူရဲ့ စာကြည့်တိုက်ကတ်ဒ် ပါဝင်လာခဲ့ပြီး ဒီစာအုပ်ကို ငှားခဲ့သူက စီးပွားရေးသမားတစ်ဦး ဖြစ်ပါတယ်။ စာအုပ် လာပြန်အပ်သူကတော့ စာအုပ်ငှားသူနဲ့ ဘာတော်စပ်သလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။ စာအုပ် ပြန်အပ်ရမယ့်အချိန်မှာ စာအုပ်မအပ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကတော့ အဲဒီအချိန်တုန်းက ဆိုဗီယက်တပ်နီတော်က ဖင်လန်နိုင်ငံကို ထိုးစစ်ဆင်နေတဲ့အချိန် ဖြစ်နေတာပါပဲ။

လွန်ခဲ့တဲ့ ၈၄ နှစ်ကျော်က ငှားရမ်းထားတဲ့ စာအုပ်တစ်အုပ် စာကြည့်တိုက်မှာ မှတ်တမ်းရှိနေတာရော၊ နှစ်တွေ ဘယ်လောက်ကြာကြာ အမှန်တကယ် ပိုင်ဆိုင်သူလက်ထဲ ပြန်အပ်ပေးတဲ့ လုပ်ရပ်ကရော အသိအမှတ်ပြုစရာကောင်းတာတော့ အမှန်ပါပဲ။

Ref:Better late than never! Book borrowed in 1939 returned to Finnish library after 84 years