Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဌက်ပျောကောက်ညှင်းထုပ် ပြုလုပ်နည်း
ကောက်ညှင်းဆန်ကို ရေစိမ်ထား
၄ နာရီစိမ္ပါ
ဌက်ပျောသီးကို တခြမ်းခြမ်းထားပြီး
ဆား / သကြား ထည့်နယ်
ဌက်ပျောရွက်နွမ်းအောင် မီးကင်
ဌက်ပျောရွက် နွမ်းရင်
ဌက်ပျောရွက် ဆီသုတ်ပြီး
ကောက်ညှင်းဆန်ထည့်
ဌက်ပျောသီးထည့်
ကောက်ညှင်းဆန်ကို
ဌက်ပျောသီးပေါ်ပြန်အုပ်
ဌက်ပျောဖက်ကို ကြိုးနဲ့ သေချာချည်
အိုးထဲရေထည့်
ကောက်ညှင်းထုပ် ထည့်ပြုတ်
တနာရီခွဲကြာအောင်ပြုတ်
ကောက်ညှင်းနူးရင် စားလို့ရပြီ
ပဲနဲ့ထုပ်ချင်ရင် ကောက်ညှင်းဆန်နဲ့ပဲ ရောနယ်ပြီးထုတ်နိုင်ပါတယ်။
.
ခါကြက်ဥ ကျောက်ကျော ခေါ် မုန်လာဥနီကျောက်ကျော
ပထမဆုံး
ဗမာ မုန်လာဥနဲ့ အလတ် ၇လုံးကို အခွံခြစ်ပီး ရေဆေး အတုံးပဲနီစေ့လေညက်တုံး သစ်သီးဖျော်စက်ထဲထည့် နို့ဆီ နို့ဆီဗူး တဝတ် သကြား ထမင်းစား ၁ဇွန်းအမောက် ရေ လက်ဖက်ရည်ပုဂံ ၁လုံးထည့် စက်နဲ့ဖျော်ထားပီး ခွက်တခုထဲဖျော်ပီးထည့်ထားပါ
ကျိုပါမယ် ဒုတိယ
အာဂါးအပြာ အမှုန့်၂ထုတ်ကို ပုဂံတခုမှာထည့် သကြား ထမင်းစားဇွန်း ၅ဇွန်းအမောက်ရောထား
ရေ သန့်၂ လီတာ အိုးတခုမှာထည့် တူအောင်ကျိုပါ ရေ ဆူလာရင် အစောက သကြားနဲ့ ကျောက်ကျောမှုန့်ရောထားတာ ထည့်မွှေပါ အဆက်မပြက်မွှေပါ အရည်လေး လက်နဲ့စမ်းလိုက်ရင် ခဲ ကျိကျိနေရင် ပထမ စက်နဲ့ဖျော်ထားတဲ့ မုန်လာဥနီ ဖျော်ရည်ထည့်မွှေပါ လက်လေးပေါ်တင်လို့ ခဲ ကျိကျိနေရင် မုန့်ထည့်ဗန်းထဲ လောင်းထည့်ပီး အအေးခံထားပါ အေးလာပီဆို ဓားလေးနဲ့လှီး ဗူးလေးထဲထည့် အအေးခန်းသိမ်းပီး သုံးဆောင်နိုင်ပါတယ်ရှင်
.
ထမင်းပေါင်းအိုး နဲ့ အလွယ်တကူ လုပ်နိုင်တဲ့ ကိတ်မုန့်
နူးညံ့တဲ့ စားချင်စဖွယ် ကိတ်မုန့်တစ်လုံး ဖြစ်လာဖို့ ကြက်ဥ၊ သကြား၊ ပျားရည်၊ ဂျုံး၊ ဆော်ဒါ (လက်ဖက်ရည်ဇွန်းတစ်ဝက်)၊ နို့၊ ဆီ ၊ ခရင်မ် နဲ့ ထမင်း ပေါင်းအိုး လိုအပ်ပါတယ်။
(၁) သကြား (၅၀)ဂရမ်၊ ကြက်ဥ (၁၂၆)ဂရမ် နဲ့ ပျားရည်(၁၉)ဂရမ်ကို ရောပြီး စေးကပ်တဲ့ အထိ မွှေပါ။
(၂) ဂျုံ (၅၀)ဂရမ် နဲ့ ဆော်ဒါ စကာစစ်ချအမှုန့်ကို ရောထည့်ပြီး သမအောင် ထပ်မွှေပါ။
(၃) ပြီးနောက် ဆီ(၁၂)ဂရမ် နဲ့ နို့(၁၉)ဂရမ်ကို ရောမွှေပြီး ထည့်ပေါင်းပါ။ အရောင်နဲ့ အနံ့အတွက် ကြိုက်နှစ်သက်ရာဆိုးဆေး (၁)စက်လောက်နဲ့ ဗနီလာ လက်ဖက်ဇွန်း တစ်ဝက်ကို ထည့်မွှေ ပေါင်းစပ်နိုင်ပါတယ်။
(၄) ပုံမှာ oven ကို အသုံးပြုထားပေမယ့် အားလုံး ထည့်မွှေပြီးနောက် မုန့်နှစ်ရည်ကို ထမင်းပေါင်းအိုးထဲ လောင်းထည့်ပြီး ထမင်းချက်သလို ချက်နိုင်ပါတယ်။ ခလုတ်တက်လာလို့ မကျက်သေးရင် ခလုတ်ထပ်နှိပ်ပါ။
(၅) ခလုတ်တတ်လာရင် သွားကြားထိုးတံလေးနဲ့ ထိုးကြည့်လို့ မုန့်သားကပ်ပါမလာရင် ရပါပြီ။
(၆) နောက်ဆုံး အသဲပုံလိုချင် အသဲပုံ၊ အဝိုင်းလိုချင် အဝိုင်းအတိုင်း လိုသလို လှီးဖြတ်ပြီး အအေးခံပါ။ ပြီးနောက် ခရင်မ် ထည့်ပါ။ ကိတ်ကို တစ်လွှာချင်းစီ ထပ်တာ ဒါမှမဟုတ် မိမိကြိုက်နှစ်သက်တဲ့ အသီး၊ ချောကလတ်တို့နဲ့ အလှဆင် စားသုံးနိုင်ပါပြီရှင်။
.
Touch Pen ပါတဲ့ဖုန်းဆိုရင် ပြေးမြင်တာ Samsung Note ၊ အခုတော့ S-Series Ultra တွေပေါ့
စျေးသက်သက်သာသာထဲကဆိုရှားတယ် အခုက Moto G Stylus ဆိုတဲ့ဖုန်း ၊ ဘာထူးလဲဆိုရင် Touch Pen ပါတယ် စျေးသက်သာတယ် ဆိုတာ ထူးတယ်ဗျာ
$400 စျေးရှိမယ် Snapdragon 6 Gen 1 သုံးပေးထားတယ် OLED Display ဖြစ်မယ် Wireless Charging ပါမယ် ဆိုတော့ ကာ သူ့အနေအထားလေးနဲ့သူတော့ မဆိုးဘူးပေါ့လေ
Stylus ဆိုတဲ့ Touch Pen ကဖုန်းထဲမှာ Built-in ပါနေတာက သူ့ရဲ့အားသာချက်ပဲ
2023/2024 ရာသီရဲ့ နောက်ဆုံးပွဲစဉ်မတိုင်ခင် အာဆင်နယ် ရဲ့ အမ်းမရိတ် နဲ့ မန်စီးတီးရဲ့ အီတီဟက် နှစ်ကွင်းလုံးမှာ ပုံစံတူ ပရီးမီးယားလိဂ် ဆုဖလား နှစ်ခု ၊ ဆုတံဆိပ်အခု လေးဆယ် စီ အသင့်ရှိနေမယ်လို့သိရပါတယ် 🏆
ဒါ့အပြင် နှစ်ကွင်းလုံးမှာ ဆင်တူ စင်မြင့် ၊ မီးပန်းများနဲ့ အောင်ပွဲခံအခမ်းအနားတွေကို အတူတူ အသင့်ပြင်ထားအါတယ် 🎇