2 yrs - Translate

ဘာတဲ့

image
2 yrs - Translate

တကယ်ကို လိုတာထက်ပိုပြီး ရင့်ကျက်ခဲ့ရတဲ့နှစ်ပါပဲ။

အမြဲ ကိုယ်လိုချင်သလိုမဖြစ်ဘူးဆိုတာကို လက်ခံခဲ့ရသလို ပျက်ဆီးသွားတဲ့ အရာတိုင်းကို ပြင်ဖို့ မလိုဘူး ပြင်ချင်တိုင်းလည်း မရဘူးဆိုတာနားလည်ခဲ့ရတယ်။

i had to learn the hard way that some things are just out of my control and there is nothing i can do about it.

အနားမှာမရှိတော့တဲ့ လူတွေကို အမှားတွေ လုပ်ခဲ့မိရင်တောင်းပန်ချင်ပြီး အနားမှာ ရှိနေသေးတဲ့ လူတွေအပေါ်လည်း အများကြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာချင်ပါသေးတယ်။

some people went out of my life unexpectedly and some people came into my life as a blessing in disguise. anyways, i’m grateful that i made it through. see you next year, or not.
#crd Ama PKW

image
2 yrs - Translate

#crd ဟုတ်ကဲ့ဆရာအေးလွင်

image
2 yrs - Translate

အသုပ်ရောင်းနေတာ အလုပ်ရောင်းနေတာမဟုတ်ဘူး
ပုံ/
အသုပ်သည်(အာရုံမူး)

image
2 yrs - Translate

တောင်းပန်တယ်ဆိုတာ တာဝန်ယူတာလား

“တောင်းပန်ပါတယ်” ဆိုတဲ့စကားကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မကြာခဏ ကြားရလေ့ရှိတယ်။ ဒီစကားလုံးလေးဟာ ကောင်းလား မကောင်းဘူးလား။ ကောင်းကျိုးကဘာတွေဖြစ်မလဲ။ ဘေးထွက်ဆိုးကျိုးတွေကရော ဘာတွေရှိနိုင်မလဲ။ “တောင်းပန်ပါတယ်” ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့တွေဟာ လွယ်လွယ်ကူကူပြောလေ့ရှိကြပါတယ်။ အမှားလုပ်မိရင်လည်း တောင်းပန်တတ်သလို အမှန်မလုပ်မိရင်လည်း တောင်းပန်တတ်ပါတယ်။ မေ့သွားလို့ မလုပ်ဖြစ်ရင်လည်းတောင်းပန်ရသလို စည်းကျော်ပြီးလုပ်မိရင်လည်း တောင်းပန်ရပြန်ပါတယ်။ လမ်းမှာ တိုက်မိရင်လည်းတောင်းပန် ရသလို ပိတ်မိရင်လည်းတောင်းပန်ရပါတယ်။ အားနည်းချက်တွေအတွက် တောင်းပန်ရသလို ကျရှုံးမှုတွေအတွက်လည်း တောင်းပန်ရပြန်ပါတယ်။

“တောင်းပန်ပါတယ်” ဆိုတဲ့ စကားကို ခဏခဏကြားလာရတော့ သုံးသပ်ဖို့ စိတ်ကူးမိပါတယ်။ တောင်းပန်တယ်ဆိုတာ ကောင်းတာလား မကောင်းတာလား။ အခြေခံအားဖြင့် တောင်းပန်တယ်ဆိုတာ ကောင်းတဲ့ အလုပ်လို့ ယေဘူယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ တစုံတရာ အမှားအတွက်၊ အားနည်းချက်အတွက် မတောင်းပန်တတ်ဘူးဆိုရင် တစ်ဖက်သားကို စော်ကား ရိုင်းပျခြင်း တစ်မျိုးသာ ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။ ဒါဟာ လူတွေရဲ့ အမူအကျင့်ထိကို စကားပြောတာဖြစ်တဲ့အတွက်ကြောင့် အ‌ရေးပါလှပါတယ်။

ဒါဆိုတောင်းပန်တာက ကောင်းတယ်လို့ သတ်မှတ်သလားဆိုပြန်တော့ ‌တောင်းပန်တဲ့သူရဲ့ ရည်ရွယ်ချက်၊ ပြင်ဆင်မှု၊ နောက်လုပ်ငန်းစဉ်၊ ခံယူချက် စတာတွေကို ကြည့်မှ သိနိုင်မှာပါ။ အနိမ့်ဆုံး အဆင့်ကတော့ တောင်းပန်လိုက်ရင်ပြီးသွားတာပဲ ဆိုပြီး ပြီးပြီး‌ရော တောင်းပန်ခြင်းမျိုးပါ။ တောင်းပန်ခံရတဲ့သူက ကျေနပ်ရင်တော့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒီလိုတောင်းပန်မှုမျိုးဟာ တာဝန်ယူ တာဝန်ခံမှု တစ်ခုခု၊ နောက်မဖြစ်အောင် စီစဉ်မှု စတာတွေမပါပါဘူး။ အဆိုးဆုံးက အမှား (သို့) အားနည်းချက်ကို ဝန်ခံသွားတာလား ဒါမှမဟုတ် အလုပ်အရှုပ်မခံချင်လို ပြီးသွားတော့လည်းပြီးတာပဲ ဆိုပြီး မမှားပေမယ့် တောင်းပန်ခဲ့တယ် ဆိုတာမျိုးလား။ (မှတ်ချက် - ရံဖန်ရံခါ ကိုယ်ကမှန်နေသည့်တိုင် တခြားသော အကြောင်းအရာတွေကိုထောက်ပြီး ပြောဆိုရတာမျိုးတော့ ရှိတတ်ပါတယ်)။

ဒီထက်တစ်ဆင့်မြင့်ပြီး တောင်းပန်ခြင်းကတော့ အမှားကို သိလို့တောင်းပန်တာမျိုးပါ။ ဒီလိုတောင်းပန်မှုမျိုးကျပြန်တော့လည်း မှားတိုင်းတောင်းပန်ပြီး အမှန်ပြင်လေ့မရှိရင် အကြိမ်အရေအတွက်များလာရင် တဖက်သားကို စော်ကားရာရောက်ပါတယ်။ ငါဘာလုပ်လုပ် မှားရင် တောင်းပန်လိုက်ရုံနဲ့ ရတယ်ဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။

ဒီထက်မြင့်တာကတော့ တောင်းပန်မှုနဲ့အတူ တာဝန်ခံမှုပါတာပါပဲ။ သဘောကတော့ တောင်းပန်မှု အပြင် နစ်နာမှုအတွက် ကိုယ့်ဖက်ကတစ်ခုခု ပြန်ပေးဆပ်တာပါ။ ဒီလိုအမူအကျင့်မျိုးကတော့ အတိုင်းအတာတစ်ခုထိ အထက်တန်းစားဆန်တဲ့ စိတ်ဓါတ်မျိုးပါ။
နောက်ဆုံး တောင်းပန်ခြင်းကတော့ တောင်းပန်တယ်၊ တာဝန်ခံတဲ့အပြင် နောက်တစ်ကြိမ် တူညီသော အမှား/လစ်ဟာမှု မဖြစ်အောင် ကြိုးစားပြုပြင်ယူတာပါပဲ။ ဒီလိုလူတွေကတော့ လောကမှာ အထက်တန်းစာ စိတ်ဓါတ်ကို ပိုင်ဆိုင်ထားတဲ့ သူတွေပါပဲ။ အောင်မြင်မှု အသီးအပွင့်ကို လွယ်လွယ်ရယူနိုင်တာလည်း ဒီလူတစ်စုပါပဲ။
ဒါကြောင့် ကိုယ်က တစ်ခုခုကြောင့် သူတပါးကို တောင်းပန်မယ်ဆိုရင် အထက်မှာဖော်ပြထားသလို ဘယ်အဆင့််အတန်းနဲ့ တောင်းပန်တာလည်းဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိချပ်တတ်လာရင် ပြုပြင်လို့လွယ်ကူလာမှာပါ။

#dzero

#motivation

#apology

#စိတ်ခွန်အား

image

မြှောင်မလိုက်ချင်ပါဘူးဆို

?

2 yrs - Translate

ထမင်းပေါင်းအိုး နဲ့ အလွယ်တကူ လုပ်နိုင်တဲ့ ကိတ်မုန့်

နူးညံ့တဲ့ စားချင်စဖွယ် ကိတ်မုန့်တစ်လုံး ဖြစ်လာဖို့ ကြက်ဥ၊ သကြား၊ ပျားရည်၊ ဂျုံး၊ ဆော်ဒါ (လက်ဖက်ရည်ဇွန်းတစ်ဝက်)၊ နို့၊ ဆီ ၊ ခရင်မ် နဲ့ ထမင်း ပေါင်းအိုး လိုအပ်ပါတယ်။

(၁) သကြား (၅၀)ဂရမ်၊ ကြက်ဥ (၁၂၆)ဂရမ် နဲ့ ပျားရည်(၁၉)ဂရမ်ကို ရောပြီး စေးကပ်တဲ့ အထိ မွှေပါ။

(၂) ဂျုံ (၅၀)ဂရမ် နဲ့ ဆော်ဒါ စကာစစ်ချအမှုန့်ကို ရောထည့်ပြီး သမအောင် ထပ်မွှေပါ။

(၃) ပြီးနောက် ဆီ(၁၂)ဂရမ် နဲ့ နို့(၁၉)ဂရမ်ကို ရောမွှေပြီး ထည့်ပေါင်းပါ။ အရောင်နဲ့ အနံ့အတွက် ကြိုက်နှစ်သက်ရာဆိုးဆေး (၁)စက်လောက်နဲ့ ဗနီလာ လက်ဖက်ဇွန်း တစ်ဝက်ကို ထည့်မွှေ ပေါင်းစပ်နိုင်ပါတယ်။

(၄) ပုံမှာ oven ကို အသုံးပြုထားပေမယ့် အားလုံး ထည့်မွှေပြီးနောက် မုန့်နှစ်ရည်ကို ထမင်းပေါင်းအိုးထဲ လောင်းထည့်ပြီး ထမင်းချက်သလို ချက်နိုင်ပါတယ်။ ခလုတ်တက်လာလို့ မကျက်သေးရင် ခလုတ်ထပ်နှိပ်ပါ။

(၅) ခလုတ်တတ်လာရင် သွားကြားထိုးတံလေးနဲ့ ထိုးကြည့်လို့ မုန့်သားကပ်ပါမလာရင် ရပါပြီ။

(၆) နောက်ဆုံး အသဲပုံလိုချင် အသဲပုံ၊ အဝိုင်းလိုချင် အဝိုင်းအတိုင်း လိုသလို လှီးဖြတ်ပြီး အအေးခံပါ။ ပြီးနောက် ခရင်မ် ထည့်ပါ။ ကိတ်ကို တစ်လွှာချင်းစီ ထပ်တာ ဒါမှမဟုတ် မိမိကြိုက်နှစ်သက်တဲ့ အသီး၊ ချောကလတ်တို့နဲ့ အလှဆင် စားသုံးနိုင်ပါပြီရှင်။
#cooking

image
2 yrs - Translate

အမောပြေတာချင်း အတူတူ မင်းအသံလေးပဲနားထောင်မှာပေါ့

image
2 yrs - Translate

မနက်အိပ်ယာနိုးတာနဲ့ စာပို့တယ်။
ဘာပဲလုပ်လုပ် အသိပေးတယ်။
အကောင်းအဆိုး တိုင်ပင်တယ်။
ပျော်ရွင်မူ၊ဝမ်းနည်းမူတွေ မျှဝေပေးတယ်။
ကျွန်တော်လိုချင်တဲ့
ချစ်ခြင်းမေတ္တာဟာ ဒါပါပဲ…။🌻🤍

image