တချို့က
အမှတ်တရဟောင်းတွေ
ပြန်သတိရနေချိန်
တချို့က
အမှတ်တရသစ်တွေ
အတူဖန်တီးနေကြတယ် ။
#ဂန္ဓမာ
#ကမ္ဘာလည်ပတ်ပုံ
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တချို့က
အမှတ်တရဟောင်းတွေ
ပြန်သတိရနေချိန်
တချို့က
အမှတ်တရသစ်တွေ
အတူဖန်တီးနေကြတယ် ။
#ဂန္ဓမာ
#ကမ္ဘာလည်ပတ်ပုံ
စင်္ကာပူမှာပဲ PV ကိုင်ဆောင်ထားတဲ့ မြန်မာတွေကို PJ ပြောင်းလဲ လျှောက်ထားနိုင်ပြီလို့ဆို
အောက်တိုဘာ ၂၆။
စင်္ကာပူနိုင်ငံမှာ အလည်ပတ် ပတ်စ်ပို့ (PV) အမျိုးအစားနဲ့ အလုပ်လုပ်ကိုင်ပြီး နေထိုင်ခွင့် ကတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ် ပတ်စ်ပို့ (PJ) ပြောင်းလဲ လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာသံရုံး (စင်္ကာပူမြို့) က ထုတ်ပြန် ပြောဆိုထားပါတယ်။
အလုပ်လုပ်ကိုင်ပြီး ၀င်ငွေခွန် ပေးဆောင်ထားသူတွေဟာ မြန်မာနိုင်ငံသို့ ခေတ္တဝင်ရောက် အပြီး စင်္ကာပူသို့ ပြန်လည် ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ OWIC ကတ် ပြုလုပ်ရာမှာ အဆင်မပြေမှုများ မရှိစေဖို့အတွက် ကူညီလုပ်ဆောင်ပေးတာလို့ ဆိုပါတယ်။
အဲ့ဒီလို PV ကနေ PJ ပြောင်းလဲ လိုသူတွေဟာ သံရုံးရဲ့ WhatsApp မှာ ရက်ချိန်း ရယူပြီး အသွား/ အပြန် လေယာဉ်လက်မှတ်၊ သက်တမ်းရှိတဲ့ အလုပ်လုပ်ကိုင်ခွင့်ကတ်၊ နိုင်ငံကူးလက်မှတ် နဲ့ အလုပ်ရှင်/ ကုမ္ပဏီရဲ့ ခွင့်စာတွေ ပူးတွဲလျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ် အမျိုးအစားပြောင်းဖို့အတွက်ကို လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံနဲ့ ရက်သတ္တပတ် (၂) ပတ် ကြိုတင်ရက်ချိန်းယူရန်လိုအပ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း သံရုံးရဲ့ Website – www.myanmarembassysg နဲ့ Face book စာမျက်နှာ Myanmar Embassy, Singapore တို့မှာ ကြေညာချက် ကြည်ရှု နိုင်တယ်လို့ ဆိုပါတယ်။
#centralnewsnaypyitaw
ကြားရင်လည်း မကြားသလို
သိရင်လည်း မသိသလို နေတတ်မှ
လူတိုင်းနဲ့အဆင်ပြေတာ...
ကိုယ့်အတင်းပြောသံကြားလည်း ရယ်နေလိုက်
ကိုယ့်ကိုချီးကျူးကြရင်လည်း ပြုံးနေလိုက်
နေတတ်မှ ကိုယ်လှတာ။
အားနည်းချက်ပြောပြလည်း ကျေးဇူးတင်လိုက်
ဝေဖန်နေလည်း အသိအမှတ်ပြုလိုက်
နေတတ်မှ ပညာတစ်ခုတိုးတာ။
ယူတတ်ရင် အသိတရားရနေတဲ့ခေတ်ကြီးထဲ
နေရာတကာ ကိုယ့်ကိုယ်ကို
ဦးစားပေးနေလို့ဘယ်ဖြစ်ပါ့မလဲ....
ဒီဘက်ခေတ်ကြီးထဲ
ကိုယ့်စိတ်နဲ့ထပ်တူ
ယုံကြည်ရမယ့်လူတွေနည်းနေပြီဆိုတော့
ခံစားချက်ဆိုတာကလည်း မြိုသိပ်ထားတတ်အုံးမှ... တော်ကာကျတာ.....။
#သက်ထားခင်(THK)
#crd_to_owner_with_respect