https://adsterra.com/blog/ways....-to-monetize-your-fa
https://adsterra.com/blog/
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
https://adsterra.com/blog/ways....-to-monetize-your-fa
https://adsterra.com/blog/
Relationship တစ်ခုက
ရေနဲ့ မီးလိုပါပဲပူတစ်ခါ အေးတစ်လှည့်ပေါ့
အမြဲတမ်းကြီး မပူနိုင်သလို - အမြဲတမ်းကြီးလည်း မအေးမြနိုင်ပါဘူး
စိတ်ချမ်းသာပြီး ပျော်ရွှင်ကြည်နူးရတဲ့ နေ့ရက်တွေရှိသလို
ရန်ဖြစ်စကားတွေများပြီး အရမ်းစိတ်ပျက်စရာကောင်းတဲ့ နေ့ရက်တွေလည်း ရှိပါတယ်
ပြုံးရွှင်ပြီး ရယ်မောနေရတဲ့နေ့ရက်တွေရှိသလို
ပြုံးတောင်မပြုံးနိုင်ပဲ ငိုနေရတဲ့ နေ့ရက်တွေလည်း ရှိပါတယ်
ဘယ် relationship မှ အမြဲတမ်းကြီး ပျော်ရွှင်မနေပါဘူးနော်...
နားလည်မှုတွေယူပြီး ခိုင်မြဲအောင် တည်ဆောက်ထားကြတဲ့ relationship တွေကြီးပါပဲ
အဓိကကတော့ ကိုယ့်လက်ကို မင်းဖြုတ်ချမသွားပါနဲ့ ဒါဆိုရင်...ကိုယ်တို့ဝေးစရာ အကြောင်းမရှိပါဘူး အချစ်ရယ်
crd
အပေါ်ယံသကာတွေပါပဲ
အချိုတွေကုန်ရင်ပြန်ခဲ့ပေါ့..
ပုရွက်ဆိတ်ကလေးရယ်
မင်းပေးရင် ဒဏ်ရာလည်းချစ်တယ်
အသက်ထိတိုင်အမြှစ်တွယ်၍
ကိုယ်စောင့်နေပါတယ် ။ ။
#မိုးဆောင်းဝေ
19/9/2024(6:57)AM
ကျွန်မ အခု အလှအပကို ထိန်းသိမ်းချင်တဲ့ ပျိုမေလေးများအတွက် Skincare ထိန်းသိမ်းပုံ အယူအဆ အလွဲများကို အပိုင်း (၁) အနေနဲ့ မျှဝေပေးသွားပါမယ်။💛
ဝက်ခြံ၊ တင်းတိတ်၊ အမဲစက်များအတွက် အထူးရှောင်ကျဉ်ရမယ့်အချက်များ အပိုင်း (၁)
1/ မျက်နှာမှာ အမဲစက်လေးတွေက စပြီး တဖြည်းဖြည်း တင်းတိတ်အဖြစ်သို့ ပြောင်းသွားတဲ့အခါမှာ မိန်းကလေးအများစုက တင်းတိတ်ပျောက်ချင်ဇောနဲ့ အိမ်မှာ / Salon မှာ (Chemical Peeling) တွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ (Chemical Peeling) ဆိုတာက အရေပြားတစ်လွှာချင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို ချေးချွတ်ပေးတာပါ။ တင်းတိတ်ဆိုတာက အရေပြား 2 လွှာရှိသည့်အနက် ဒုတိယအလွှာမှာ သန္ဓေတည်ပြီး ဖြစ်ပေါ်လာတဲ့အတွက် Peeling လုပ်လိုက်တဲ့အခါမှာ ပထမအပေါ်ယံအရေပြားပါးလာလေလေ ဒုတိယအလွှာမှာ ရှိတဲ့ တင်းတိတ်ကို ပိုပြီး ထင်ထင်ရှားရှား မြင်ရလေလေ ဖြစ်တာမို့ (Chemical Peeling) လုပ်ခြင်းသည် တင်းတိတ်နဲ့ အမဲစက်တွေကို ပျောက်ကင်းအောင် လုပ်တဲ့ ကုထုံးလုံးဝ မဟုတ်တာကို သတိပြုစေချင်ပါတယ်။‼️
2/ ဝက်ခြံအနီဖု၊ အဆီဖုများနဲ့ ဆားဝက်ခြံများ မျက်နှာမှာ ဖြစ်ပေါ်လာပြီဆို အများစုလုပ်တတ်တာက ဓားလေးတွေ၊ အပ်လေးတွေနဲ့ ဖောက်ထုတ်ကြတယ်၊ ညစ်ကြတယ်၊ အဆိုးဆုံးက လက်နဲ့ ကုတ်ဖဲ့ပြီး ညစ်ထုတ်တာတွေပါပဲ။ ❌( ပြီးရင် Toner လေးလိမ်း၊ ပိုးသတ်ဆေးလေးသောက်ရုံ/ လိမ်းရုံနဲ့ အနာကျက်ပြီး နဂိုမူလ အသားရည် ပြန်ဖြစ်မယ်ထင်နေကြပါတာ လုံးဝမှားပါတယ်) ကျွန်မတို့ အရေပြားရဲ့ ဘယ်နေရာဖြစ်ဖြစ် ထိခိုက်မိပြီဆိုရင် အမာရွတ်အနည်းနဲ့ အများကျန်ခဲ့တာပါပဲ။ တစ်ခုသတိပြုရမှာက ဝက်ခြံကြောင့်ဖြစ်တဲ့ အချို့အမာရွတ်တွေက အမဲစက်တင်မဟုတ်ပဲ ချိုင့်ခွက်ရာတွေ ဖြစ်တာပါ။ တကယ်လို့ ချိုင့်ခွက်ရာတွေ မျက်နှာတပြင်လုံး ကျန်ခဲ့မယ်ဆိုရင်တော့ နဂိုမူလ အသားရည်ကို ပြန်ဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားပါမယ်။ နဂိုမူလ အသားရည်ကို ပြန်ဖြစ်ချင်ရင်တော့ ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ပြီး ငွေကုန်ကြေးများစွာ ပြန်လည်ရင်းနှီး ရမှာဖြစ်လို့ ဝက်ခြံများဖြစ်လျှင် အပေါ်က အချက်တွေကို လုံးဝမလုပ်မိအောင် ရှောင်ကျဉ်ရမှာ ဖြစ်ပါတယ်။
3/ ဝက်ခြံရှိသူမားနဲ့ ခြောက်သွေ့တဲ့အသားရည်ပိုင်ရှင်များ၊ T - zone အဆီပြန် Combined - type အသားရည်ပိုင်ရှင်များ သတိပြုရမှာကတော့ စျေးကွက်ထဲမှာရှိပြီး ဝက်ခြံပျောက်တယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ chemical & steroid ပမာဏများစွာ ပါဝင်တဲ့ ပစ္စည်းများကို သုံးမိရာက ဝက်ခြံတွေလျော့မသွားပဲ အလွန်ပြွတ်သိပ်စွာ ပိုပြီး ဖြစ်ပေါ်လာတတ်တဲ့အတွက် ‼️skincare များကို သုံးရာမှာလည်း မိမိအသားရည်နဲ့ အဆင်ပြေမယ့် ပစ္စည်းကို ရွေးချယ်ပြီး သုံးဖို့ သတိပြုရပါမယ်။
4/ အပြင်သွားဖို့ မိတ်ကပ်လိမ်းတဲ့အခါမှာ အလွယ်တကူ skincare လိမ်းပြီး၊ foundation အရည်မခံတော့ပဲ 2 way cake (သို့) powder ကို တစ်ခါတည်းလိမ်းခြင်းကို မပြုလုပ်ဖို့ သတိထားရပါမယ်။ အဲ့လိုလုပ်မိလိုက်ရင်တော့ ချွေးပေါက်ထဲကို အမှုန်လေးတွေ၊ ဘက်တီးရီးယားတွေ အလွယ်တကူဝင်တတ်ပြီး အဆီခဲ၊ အဆီဖုများ ပြွတ်သိပ်စွာ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။
အလှအပကို ချစ်မြတ်နိုးတဲ့ တစ်ဦးချင်းစီတိုင်း ဒီအချက်လေးတွေကို သတိပြုနိုင်ဖို့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။❤