1 y - Translate

Sunflower therapy 🌻✨

image
1 y - Translate

Sunflower therapy 🌻✨

image
1 y - Translate

Sunflower therapy 🌻✨

image
1 y - Translate

Sunflower therapy 🌻✨

image
1 y - Translate

Sunflower therapy 🌻✨

image
1 y - Translate

Sunflower therapy 🌻✨

imageimage
+4
1 y - Translate

ဂျပန်က မြန်မာလုပ်သား (၄၀၀) ကျော် ထပ်မံခေါ်ယူ

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာအလုပ်သမား (၄၀၀)ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၂၆) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၀၄)ခုရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

image
1 y - Translate

DEMU ရထားပြေးဆွဲမည့် လမ်းကြောင်းများအတွက် ရထားဘူတာ ပလက်ဖောင်းများအား ထပ်မြှင့်နေ

ရန်ကုန် - ပဲခူးလမ်းပိုင်း၌ စမ်းသပ်ပြေးဆွဲနေသည့် စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းများအတွက် ရထားဘူတာ ပလက်ဖောင်းများကို မူလအမြင့်ထက်ထပ်မြှင့်နေကြောင်း သိရသည်။

“ဒီအောက်တိုဘာ အပြီး ပြင်ဆင်နေတာပါ”ဟု ယင်းလုပ်ငန်းများကို ဆောင်ရွက်ကာ ကန်ထရိုက်ရယူထားသည့် ကုမ္ပဏီက ပြည်တွင်း မီဒီယာတခုကို ဖြေကြားထားသည်။

ရထားစီး ခရီးသည်များ အခက်အခဲကြုံရမှုမရှိစေရန် မူလက အမြင့် (၄) ပေ ရှိသည့် ဘူတာပလက်ဖောင်းများအား နောက်ထပ် (၁) ခွဲထပ်မြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။

ယခုကဲ့သို့ ရထားဘူတာများတွင် ပလက်ဖောင်းများ မြှင့်တင်ခြင်းသည် လာမည့် နိုဝင်ဘာလအတွင်း မြို့ပတ်အထူးရထားအဖြစ် ပြေးဆွဲသွားမည့် ရထားများအတွက်ပါ အဆင်ပြေစေရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ခရီးဝေးပြေးဆွဲနိုင်သည့် တခြားစပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းများကိုလည်း တင်သွင်းထားကာ ရထားဘူတာများကို လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ရန်ကုန် - ပဲခူး စမ်းသပ်ပြေးဆွဲနေသည့် အစုန်အဆန် ရထားကို လူထုအကြားစိတ်ဝင်စားမှုရှိနေပြီး အောက်တိုဘာ (၂)ရက်မှ (၁၀)ရက်အတွင်း စီးနင်းသူ ခရီးသည် (၁၄၂၁၆) ဦးရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားသည် ရန်ကုန်-ပဲခူး၊ ပဲခူး-ရန်ကုန်ခရီးစဉ်တွင် လမ်းခရီးတလျှောက်ရှိ ဘူတာ (၁၂) ခု၌ ရပ်တန့်ပေးမည်ဖြစ်ကာ ရထားလက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန်ဘူတာကြီးမှ ဒါးပိန် ဘူတာအထိ ခရီးတစ်ဝက်ကို (၁၃၀၀)ကျပ်၊ ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးကို(၂၅၀၀) ကျပ် သတ်မှတ်ထားသည်။

ယင်း DEMU ရထားစတင်ပြေးဆွဲမှုအပေါ် ရထားစီးနင်းသူများလည်း စိတ်ဝင်စားမှုများပြားခဲ့ပြီး ရထားမပျက်စီးစေရန် ဝိုင်းဝန်းစည်းကမ်းရှိစွာ အသုံးပြုကြရန် မြန်မာ့မီး ရထားနှင့် သက်ဆိုင်သော လူမှုကွန်ရက်စာမျက်နှာများတွင် အကြံပြုရေးသားနေကြသည်။

image
1 y - Translate

ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် နိုင်ငံခြားငွေစျေးများ အကျဖက်သို့ ဦးတည်

(အောက်တိုဘာလ ၁၆ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်)

ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ

အမေရိကန်ဒေါ်လာ 4350 – 4450
စင်ကာပူဒေါ်လာ 3350 – 3450
ဥရောပယူရို 4670 – 4790
ဂျပန်ယန်း 28.77 – 29.54
တောင်ကိုရီးယားဝမ် 3.21 – 3.31
အိန္ဒိယရူပီး 50.32 – 51.66
မလေးရှားရင်းဂစ် 990 – 1020
တရုတ်ယွမ် 610 – 625
ထိုင်းဘတ် 129.03 – 132.45

ပြင်ပ ရွှေဈေးကွက်မှာတော့

၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,150,000
ဝယ်စျေး 6,050,000

၁၅ ပဲရည်
ရောင်းစျေး 5,770,000
ဝယ်စျေး 5,670,000

ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့

၁၆ ပဲရည် မီးလင်း - 5,425,000
၁၅ ပဲရည် - 5,085,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2668 ဒေါ်လာ ဖြစ်သည်။

#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး

1 y - Translate

YA CANT GET OVERSIZED WITHOUT THE HELP OF SOCKEYES... and other salmon...

Chubby Fat Hefty Plump Bear Thick Boi Week just came to an end, but do you know who the real star of the show was? The fish.

image