1 y - Translate - Youtube

🤓 No.1 Habit & Procrastination Expert: We've Got ADHD Wrong! Break Any Habit & Never Be Distracted!

1 y - Translate

Post တွေ ထပ်တင်စရာမလိုတော့ဘူးဆိုတော့လည်း လွမ်းသလိုလို

1 y - Translate

Good morning

image

image

image

image

image
1 y - Translate

နာမည်ကျော်ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အပြီး အမှတ်ပေးဇယားရပ်တည်မှုများ

နာမည်ကျော်ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)အပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် အန်းဖီးလ်မှာ နိုင်ပွဲရခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက (၇၀)မှတ်ဖြင့် ဦးဆောင်နေသည်။ဒုတိယနေရာတွင် အာတေတာရဲ့ အာဆင်နယ်အသင်းက (၆၈)မှတ်၊တတိယနေရာတွင် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းက (၆၇)မှတ်၊စတုတ္ထနေရာတွင် အမ်မရီရဲ့အက်စတွန်ဗီလာအသင်းက (၅၉)မှတ်၊ပဉ္စမ
နေရာတွင် ပိုစတယ်ဂိုဂလူးစ်ရဲ့တော့တင်ဟမ်ဟော့စပါးအသင်းက (၅၇)မှတ်၊ဆဌမနေရာတွင် အဝေးကွင်းမှာအရေးနိမ့်ခဲ့တဲ့ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၄၈)မှတ်၊သတ္တမ
နေရာတွင် မွိုက်စ်ရဲ့ ဝက်ဟမ်းအသင်းက (၄၅)မှတ်၊အဌမနေရာတွင် ဟောင်းရဲ့နယူးကာဆယ်အသင်းက (၄၄)မှတ်၊န၀မနေရာတွင် ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းက (၄၃)မှတ်၊ဒသမနေရာတွင် နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့တဲ့ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းက (၄၃)မှတ်ဖြင့် အသီးသီးရပ်တည်နေသည်။ထိပ်ဆုံး(၁၀)သင်းရဲ့နောက်တွင် ဝုလ်ဗာဟန်တန်၊ဘုန်းမောက်၊ဖူလ်ဟမ်၊ခရစ်စတယ်ပဲလေ့စ်၊ဘရန့်ဖို့ဒ်၊အဲဗာတန်၊နော်တင်ဟမ်ဖောရက်စ်၊လူတန်တောင်း၊ဘန်လေ၊ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့က အစဉ်လိုက်ရပ်တည်နေသည်။

image
1 y - Translate

ပြောင်းဖူးကြော်

ပါဝင်ပစ္စည်းများ
• ပလို့ပြောင်းဖူး - ၂ ဖူး
• ကြက်သွန်ဖြူ - ၃ မြွှာ
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်မြိတ် - အနည်းငယ်
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပြောင်းဖူး (အစိမ်း)ကို ပိုင်းပြီး အစေ့များ လှီးထုတ်ထားပါ။
၂။ ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) နှင့် ကြက်သွန်နီ (ပါးပါးလှီး) တို့ကို ဆီသတ်ပါ။
၃။ အနံ့မွှေးလာပြီဆိုလျှင် ပြောင်းဖူးထည့်ပေးပါ။ အရသာများထည့်ပါ။
၄။ ရေကို လိုအပ်သလို ပြောင်းဖူးနူးလာသည်အထိ နည်းနည်းချင်းထည့်ပြီး ကြော်ပေးပါ။
၅။ ပြောင်းဖူးနူးလာပြီဆိုလျှင် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

image
1 y - Translate

Baby blue eyes လို့အများသိကြတဲ့ Nemophilaမှာ ဝမ်းနည်းစရာပုံပြင်လေးရှိတယ်။
Nemophilaလို့ခေါ်တဲ့မိန်းမငယ်လေးကို ချစ်မိတဲ့အမျိုးသားဟာ သူမကိုသာလက်ထပ်နိုင်မယ်ဆို သူသေချင်သေပါစေ ဂရုမစိုက်ဘူးလို့ နတ်ဘုရားထံကို ဆုတောင်းခဲ့တယ်။ နတ်ဘုရားက သူ့ရဲ့ဆုတောင်းကိုဖြည့်ဆည်းပေးခဲ့တာပေါ့။ သူတို့လက်ထပ်နိုင်ခဲ့ကြပေမယ့် သူ့ဆုတောင်းအတိုင်း သူ့အသက်ကို ပေးခဲ့ရတယ်။ ဒီအကြောင်းတွေကိုသိသွားတဲ့ Nemophilaဟာ ၀မ်းပန်းတနည်းနဲ့ ငရဲအထိဆင်းပြီး သူ့အမျိုးသားကို တွေ့ဖု့ိကြံတယ်။ဒါပေမယ့် မြေအောက်ကမ္ဘာရဲ့တံခါးကတော့ ပိတ်ထားမြဲဖြစ်ပြီးပွင့်မလာဘူးတဲ့။ Nemophilaဟာ ငရဲတံခါးဝမှာ နေ့တိုင်းငိုကျွေးရင်း သူ့ယောကျာ်းကိုတွေ့နိုင်ဖို့ စောင့်နေခဲ့တယ်။ ဒါကိုသိသွားတဲ့နတ်ဘုရားဟာ သူမကိုသနားသွားတာမို့ ပန်းလေးအဖြစ်ဖန်ဆင်းပြီး စောင့်ဆိုင်းစေခဲ့တော့တယ်တဲ့။

နောက်ထပ်လူသိပ်မသိတဲ့ Nemophilaရဲ့ အဓိပ္ပါယ်က "ခွင့်လွှတ်ပါတယ်"တဲ့။

Photo by mastagram2222

image