1 နှစ် - ဘာသာပြန်ပါ။

အခုထိ မေ့မရသေးဘူး💔

#အကိုမေ
#may

image
1 နှစ် - ဘာသာပြန်ပါ။

အဖွားက ပြောဖူးတယ် တောထဲ သစ်ပင်တစ်ပင်ကို
နှစ်ခါတွေရင် လမ်းပျောက်တာတဲ့

အတူထိုင်နေကျ ကော်ဖီဆိုင်လေးပဲ
အကြိမ်ကြိမ် ပြန်ရောက်ခဲ့တယ်

#2001

image
1 နှစ် - ဘာသာပြန်ပါ။

Goodnight 😴😴

image
1 နှစ် - ဘာသာပြန်ပါ။

Flood barrier
မြန်မာပြည်မှာလည်း ဒါမျိုးတွေ စမ်းသုံးကြည့်သင့်နေပြီ

1 နှစ် - ဘာသာပြန်ပါ။

Cooking video goes wrong
🤔

1 နှစ် - ဘာသာပြန်ပါ။

စကော့တလန်နှင့်ပွဲတွင် စီရော်နယ်ဒိုကို အနားပေးသွားရန်မရှိဟု ပေါ်တူဂီနည်းပြပြော

စကော့တလန်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာလည်း တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားပေးသွားဖို့မရှိကြောင်း ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ပြောသွားပါတယ်။

ရော်နယ်ဒိုဟာ ပိုလန်နဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့ပြီး နိုင်ငံအတွက် ၁၃၃ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့တာပါ။

အဲဒီပွဲစဉ်အပြီး ၃ ရက်အကြာမှာ စကော့တလန်နဲ့ အဝေးကွင်းပွဲစဉ် ဆက်တိုက် ကစားရမှာဖြစ်ပေမဲ့ စီရော်နယ်ဒိုကို အနားပေးဖို့ မရှိဘဲ အသင်းလူစာရင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ နည်းပြမာတီနက်ဇ်က ပြောပါတယ်။

ကစားသမား အားလုံးရဲ့အခြေအနေကို လေ့လာသုံးသပ်ခဲ့ပြီး ရော်နယ်ဒိုဟာလည်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် စကော့တလန်နဲ့ပွဲ လူစာရင်းမှာ ပါဝင်လာမှာဖြစ်ကြောင်း ပြောပါတယ်။

အဝေးကွင်း ၂ ပွဲဆက်တိုက်ကစားရတာဖြစ်တဲ့အတွက် ပွဲထွက်လူစာရင်းအပြောင်းအလဲတော့ရှိ နိုင်ကြောင်း နည်းပြမာတီနက်ဇ်က ပြောသွားပါတယ်။
DVB

image
1 နှစ် - ဘာသာပြန်ပါ။

Point တွေရရင် ဘယ်မှာပြန်သုံးလို့ရလဲ

1 နှစ် - ဘာသာပြန်ပါ။

ညတိုင်း ကိုယ်ကပဲဖက်ရပြီး
သူကျတခါမှပြန်မဖက်လို့
ဖက်​ခေါင်းအုံးကို စိတ်​ကောက်

image
1 နှစ် - ဘာသာပြန်ပါ။

ဘဲဥငံပြာရည်ချက်နည်း
°°°°°°°°°°°°°°°°


ဘဲဥ....................၅လုံး
ပုစွန်ငံပြာရည်........၁/၂ခွက်(လက်ဖက်ရည်ပန်းကန်)
ပုစွန်ခြောက်...........၂ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ.............၂လုံး
ကြက်သွန်ဖြူ .. .........၅တက်
ငရုတ်ကြမ်းမှုန့်........၁/၂ ဇွန်း
ငရုတ်လှော်မှုန့့်.. ......၁/၂ ဇွန်း
ဟင်းခတ်မှုန့်.. ...........အနည်းငယ်

ဘဲဥကို ကျက်အောင်ပြုတ်ပြီး ရေအေးလောင်း၊ရေအေးစိမ်ကာအခွံခွာပါ။ ပတ်လည်ကို
ဓားပါးလေးဖြင့်မွှန်းထားပါ။

ပုစွန်ခြောက်ကိုမညှက်တညှက်လေးထောင်းပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုခပ်နုပ်နုပ်လေး
စဉ်းလှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေး
ပြီးကြက်သွန်နီ၊ ဖြူ ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်ထောင်းထားသောပုစွန်
ခြောက်ကိုထည့်ကြော်ပါ။

ပုစွန်ခြောက်တွေဆီပူပူမှာအမြုပ်ထာလာလျှင်
ဦးစွာငရုတ်သီးခွဲ ကြမ်းထောင်းကိုထည့်ပါ။

ထို့နောက်ငရုတ်လှော်မှုန့်ထည့်မွှေပြီးပုစွန်ငံ
ပြာရည်လောင်းထည့်ပါ။ရေကိုလည်းငံပြာရည်နှစ်ဆထည့်ပေါင်းပြီးဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်ပါ။

ဓားနဲ့မွှန်းထားတဲ့ဘဲဥတွေကိုထည့်ပါ။
ထည့်ထားတဲ့ရေခမ်းသွားချိန်ဆိုဘဲဥအသားတွေတင်းလာပါမယ်။

နောက်တစ်ကြိမ်ရေ ပြန်ထည့်ပြီးပွက်လာတာနဲ့မီးဖိုပေါ်မှချပါ။

တို့စရာအဖြစ်ကတော့မိမိနှစ်သက်ရာပြုလုပ်နိူင်ပေမယ့်
ခရမ်းသီးပြုတ်၊ ရုံးပတီသီးပြုတ်၊ ဗူးသီးပြုတ်
လတ်ဆတ်တဲ့ဂေါ်ဖီရွက်၊သခွားသီး၊သရက်သီးစိမ်းစသည်တို့ဖြင့်ပိုမိုလိုက်ဖက်မှုရှိပါတယ်။

image