ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖြစ်ချင်တာ Korea Look
ဖြစ်နေတာ အာဖရိက လွတ်ခ်
စိတ်တွေလဲ ညစ်ပါတယ်ဟယ်
#kuukuu
သတိရချင်တဲ့အခါ
ရယ်သံတွေအစ ခေါ်သံတွေအဆုံး
အရာအားလုံးဟာ
လူကို နွမ်းလျစေတာချည်းပဲ
အချိန်တိုင်းတော့မဟုတ်ပေမယ့်
တိမ်တွေဆီငေးတိုင်းတော့ သတိရတယ်
ပါခဲ့သလောက် ရေစက်တွေထဲ
ရောင့်ရဲစိတ်ကို ဖျော်ထည့်ထားရတယ်
အဲ့ဒီလိုမှမဟုတ်ရင် အလိုက်သိစိတ်က
စံကားပွင့်တွေလို
အချိန်အခါနဲ့ပွင့်တတ်မှာ မဟုတ်ဘူး
ဒါဆို ကျနော်လည်း မကြည်မလင်
မင်းလည်း အဆင်မပြေဘယ်ဖြစ်တော့မလဲ
အချစ်ကလေးရဲ့ ။
#ရွယ်ရည်
☁
ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်
စကားတွေနေ့တိုင်းလာပြောနေပြီး
ရုတ်တရက်ကြီး စကားလာမပြောတော့ဘူး ။
အမြဲလိုလို ကိုယ့်အနားမှာရှိနေပြီး
ရုတ်တရက်ကြီး ကိုယ့်အနားမကပ်တော့ဘူး ။
တစ်ခုခုဆို လာအစီရင်ခံလေးရှိတဲ့သူက
ရုတ်တရက်ကြီး အနေစိမ့်သွားတယ်...
နွေးထွေးပြီထင်ခဲ့တဲ့ conversation တွေဟာလည်း
ခြောက်ကပ်သွားခဲ့တယ် ။
Romantic ဆန်လိုက်တာလို့တွေးခဲ့တဲ့
ဇာတ်လမ်းလေးဟာလည်း
Sad ending တွေဖြစ်ကုန်တယ် ။
ဘာလို့ ရုတ်တရက်ကြီးပြောင်းလဲသွားရတာလဲလို့
မမေးခဲ့ပေမယ့် အဓိကအဖြေကို ကိုယ်သိနေခဲ့တယ် ။
မင်းရဲ့ စိတ်ထဲ ငါမဟုတ်တဲ့
တစ်ခြားတစ်ယောက် ဝင်သွားခဲ့လို့ပဲ
သိနေခဲ့ပါတယ်
ကိုယ်သိနေနှင့်ခဲ့ပါတယ် ။
🍀🖤
#ᗩᒪoᑎᗴ
စိတ်ထားကောင်းကောင်းထားတတ်ရင်
အချစ်ရေးမှာလည်း ကံကောင်းတတ်တယ်တဲ့။
ဘယ်သူ့ကိုပဲ ချစ်ချစ် ၊
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ပဲ ချစ်ပေးလိုက်ပါ။
တစ်ယောက်ထဲနဲ့ပဲ လုံလောက်ပြီး
တစ်ယောက်ထဲကိုသာ သစ္စာရှိရှိမြတ်နိုးပေးလိုက်ပါ။
စိတ်ရင်းမှန်မှန်ထားတတ်တဲ့စိတ်ကြောင့်၊
ဘယ်သူ့အပေါ်မှ cheating မလုပ်တတ်တဲ့စိတ်ကြောင့်
မင်းအပေါ် အရမ်းကောင်းပေးနိုင်တဲ့
right personနဲ့ တွေ့လာမှာပါ။
စိတ်ထားကောင်းကောင်းထားတာလေးကြောင့်
ကံလည်း ကောင်းလာမှာပါ ။
"စိတ်ထားကောင်းကောင်းထားပေးရင်း
ချစ်ပေးနေတာပဲ ။
အဲ့ဒါကို ဘာလို့ ကိုယ့်အပေါ်မှာ မကောင်းတဲ့သူတွေနဲ့ပဲ
အမြဲတွေ့နေရတာလဲ " ဆိုပြီး မေးနိုင်စရာရှိပါတယ်။
မင်းနဲ့မထိုက်တန်လို့ပေါ့။
မင်းနဲ့အကောင်းဆုံးထိုက်တန်မဲ့သူနဲ့ တွေ့လာမှာမို့
မင်းအပေါ်မကောင်းတဲ့သူတွေနဲ့
ဝေးရတာ။
အဲ့ဒါလေးကိုတော့ ယုံကြည်ထားပေး။
စိတ်ရင်းမှန်မှန်နဲ့သာ ချစ်ပေးတတ်တဲ့စိတ်လေးကိုသာ
မွေးမြူထားနိုင်အောင်လုပ်။
မင်းရဲ့ မေတ္တာကို ခံယူနိုင်စွမ်းရှိတဲ့သူနဲ့ အနှေးနဲ့အမြန်
ဆုံတွေ့လာအုံးမှာ အသေချာပါပဲ။
®ခဲတံ®