Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကမ္ဘာ့အင်အားအပြင်းဆုံး ဒုံးကျည်ကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော
နိုဝင်ဘာ ၂၊ နိုင်ငံတကာ။
ကမ္ဘာ့အင်အားအပြင်းဆုံး မဟာဗျူဟာမြောက် လက်နက်ဖြစ်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်း ကို အောက်တိုဘာ ၃၁ ရက်တွင် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကိုကူညီပြီး အပြန်အလှန် အနေဖြင့် ရုရှားထံမှ ဒုံးကျည် နည်းပညာများ ရရှိခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယားက သတိပေးခဲ့သည်။
ထိုဒုံးကျည် စမ်းသည်မှုသည် မြောက်ကိုရီးယား၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ရန်သူများကို သတိပေးခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က သတိပေးခဲ့ကြောင်း KCNA သတင်း အေဂျင်စီမှ ဖော်ပြခဲ့သည်။
ထိုဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကင်မ် ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး ရန်သူများ၏ လှုပ်ရှားမှုများအား တုန့်ပြန်မည့် မြောက်ကိုရီးယား၏ စစ်ရေးလုပ်ဆောင်ချက် တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရန်သူ့ စစ်ရေးလှုပ်ရှားမှုများကြောင့် မြောက်ကိုရီးယား၏ နျူကလီးယားစွမ်းဆောင်ရည် အရေးကြီးပုံသည် ပိုမို ထင်ရှားလာခဲ့ပြီး မြောက်ကိုရီးယားသည် နျူကလီးယားအင်အားကို မြှင့်တင်မည့် မူဝါဒကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ကင်မ်က ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများ ချဲ့ထွင်နေခြင်းကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ မိမိတို့၏ နျူကလီးယား စွမ်းဆောင်ရည်များကို မြှင့်တင်ရေးဖြစ်သည်ဟု မြောက်ကိုရီးယားက ထပ်တလဲလဲ ပြောကြားခဲ့သည်။
ယခုပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည်သည် လောင်စာတောင့်သုံး ဒုံးကျည်အမျိုးအစား သစ် ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။
လောင်စာတောင့်သုံး ဒုံးကျည်များသည် လောင်စာရည်သုံး ဒုံးကျည်များထက် ရွှေ့ပြောင်းသယ်ဆောင်ရ လွယ်ကူ ခြင်း၊ အချိန်တိုအတွင်း ပိုမိုလျင်မြန်စွာ ပစ်ခတ်နိုင်ခြင်း အစရှိသည့် အားသာချက်များရှိသည်။
အောက်တိုဘာ ၃၁ ရက်က ပစ်လွှတ်ခဲ့သည့် ထိုဒုံးကျည်သည် ပျံသန်းချိန် ၈၆ မိနစ်ခန့်ကြာမြင့်ပြီး လေထုအမြင့် ၇၀၀၀ ကီလိုမီတာ (မိုင် ၄၃၅၀) ကျော်အထိ ရောက်ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီ (Gen Nakatani) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
ပုံ - မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေစဉ်
#centralnewsnaypyitaw
Take Point (2018)
---------------
လက်ရှိသမ္မတရဲ့ မဲအခြေအနေကအကျဘက်ကိုရောက်နေတဲ့အချိန်မှာ…စစ်ရေးနည်းနဲ့ မြှင့်တင်ဖို့ကြိုးပမ်းလာတယ်…အဲဒီအချိန်မှာပဲ…အမေရိကန်ကမြောက်ကိုရီးယားကိုနူးကလီးယားလက်နက်ဖျက်သိမ်းဖို့တွန်းအားပေးမယ်…
တကယ်လို့အောင်မြင်ရင်တစ်နိုင်ငံလုံးကသူ့ကိုထောက်ခံမယ်ပေါ့…အဲဒီလိုလုပ်ဖို့မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင်တစ်ယောက်ကို ဆုကြေးငွေထုတ်ပြီးဖမ်းမိန့်ထုတ်လိုက်တယ်…သိတဲ့အတိုင်းဒီလိုကိစ္စမျိုးဆိုတာပေါ်တင်လုပ်လို့မရတဲ့အတွက် စီအိုင်အေဟာ…ထုံးစံအတိုင်းတရားဝင်အဖွဲ့အစည်းကိုမသုံးဘဲ ကြေးစားတစ်ဖွဲ့ကိုငှါးခဲ့တယ်..ဒါမှလည်း…သူတို့ဘက်အမှုပြန်မပတ်မှာကိုး…အဲဒီကြေးစားတပ်ဖွဲ့ဟာ တကယ့်ကိုကျွမ်းကျွင်သူတွေနဲ့ …ဖွဲ့စည်းထားတယ်…ဒီအဖွဲ့ရဲ့ခေါင်းဆောင် အေဟတ်ဟာ ဒီမစ်ရှင်အဆင်ပြေပြေနဲ့…အစီအစဉ်အတိုင်းဆောင်ရွက်သွားနိုင်မလား…ဘယ်လိုအခက်အခဲအချိုးအကွေ့တွေနဲ့ ..ကြုံတွေ့သွားရမလဲဆိုတာကိုတော့…ဒီကိုးရီးယားကားဟာ အက်ရှင်ဦးစားပေး ဇာတ်ကားမှာ စောင့်ကြည့်ပေးပါဦး…ကိုးရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Jung-woo Ha က အဓိက သရုပ်ဆောင်ထားတာပါ…ဇာတ်လမ်းက မထင်မှတ်တဲ့လက်ကွက်တွေပါသလို ရိုက်ချက်တွေကလည်း အတော်ကြီးကိုကောင်းပါတယ်…ဒါကြောင့်လည်း ကိုးရီးယားမှာ ဝင်ငွေအကောင်းဆုံးစာရင်းဝင်ဖြစ်သွားပါတယ်…ခံစားကြည့်ကြပါဦး..
Seinn Lei Hnin
Delete Comment
Are you sure that you want to delete this comment ?