1 y - Translate

ပန်း တွေတွေ့ရင် တစ်ယောက်ယောက်ကို
သတိရမိတတ်ရင်
ပန်းတွေတွေ့ရင် တစ်ယောက်ယောက်အတွက်
ယူသွားပေးချင်လာခဲ့ရင်
ဒီလူဟာ ကိုယ့်အတွက်
နှလုံးသားမှာ ပန်းပွင့်စေတဲ့သူပါပဲတဲ့။

#နွေအိမ်မောင်ဝင်း

image
1 y - Translate

It's okay..
You'll be okay.
Maybe not now but one day you will.
Don't be so hard on yourself. You're doing your best already.

Maybe you're feeling so overwhelmed and exhausted. Maybe you feel like giving up everything all at once because you just had enough..

But you're stronger than this.
I believe in you.

image
1 y - Translate

သားသမီးခြင်း တူတာတောင်
တချို့က ပန်းချီသင်တန်းကို
မိဘ ကိုယ်တိုင် လာအပ်ပေး
ကြတယ်။

တချို့က သားသမီးက
ပန်းချီသင်မယ် ပြောတာကို
မိဘ က ခွင့်မပြုလို့ မတက်ရ
ဘူးတဲ့....

__________________

လူချင်းတူတာတောင်.....
မတူညီတဲ့ ဘဝ တွေ......

ပန်းချီဆွဲရင် ဆင်းရဲမယ်
ပြောကြတယ်။

_________________

ပန်းချီသင်တိုင်း ပန်းချီဆရာ
လုပ်ဖို့မှ မဟုတ်တာ....

မိမိလုပ်ငန်းခွင်မှာ စိတ်ကူး
ဥာဏ်စွမ်း ကောင်းမွန်ဖို့
ပန်းချီ သင်ကြတယ်။

__________________

ပန်းချီဆိုတာ နေရာကဏ္ဍတိုင်း
မှာ ပါဝင် ဆက်စပ်နေတဲ့
ပညာရပ် တခုပါ။

အလကား လျှောက်လုပ်တာ
မဟုတ်ဘူး။

တန်ဖိုးကြီးပြီး ဇွဲရှိမှ တတ်တဲ့
ပညာရပ်၁ခုမို့
လူတိုင်းတောင် မတတ်ကြဘူး။

#ခဲပန်းချီmmc
#လေးစားစွာဖြင့်
#creditphoto
#အွန်လိုင်းပန်းချီသင်တန်း
#ပန်းချီဆွဲတတ်ချင်သူများတွက်
#အိမ်စာနေ့တိုင်းစစ်တဲ့သင်တန်း
#လေ့လာလေ့ကျင့်လက်တွေ့လုပ်

image
1 y - Translate

#ပုဇွန်ထုပ်အစပ်ချက်

ပုဇွန်ထုပ်ကို ရေစင်အောင်ဆေးပေးပါ။ ကြက်သွန်နီ ငရုတ်သီးစိမ်းထောင်းထားပါ။ ချက်မည့်အိုးထဲသို့ ပုဇွန်ထုပ် ရေအနည်းငယ် ဆား အရသာမှုန့် ဆီ နှင့် ရေအနည်းငယ်ထည့်ပြီး ရေခမ်းသည့်အထိ တည်ပေးပါ။ ပုဇွန်အကွေး ငါးအနွေး မို့ အချိန်အကြာကြီးပေးပြီး ချက်ပြုတ်နေစရာမလိုပါဖူး။ ရေခမ်းရင် စားလို့ရပါပြီ။ ရခိုင်ချက်ပုံစံလေးပါ။
#cooking

image
1 y - Translate

လူတိုင်းလူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ်
ဖြတ်သန်းနေကြတာချည်းပဲ

အမြဲတမ်းပျော်နေတဲ့ လူလဲ ရှိမနေသလို
အချိန်တိုင်း ဝမ်းနည်းနေတဲ့ လူလဲ မရှိပါဘူး

ကိုယ်မလိုချင်တဲ့အရာတွေကို ရလာတဲ့အခါမှာ
လောကကြီးကို အပြစ်တင်နေမဲ့အစား
အကောင်းဆုံ အသုံးချတတ်ဖို့ပဲ လိုတယ်

မလိုချင်တဲ့ အခြေနေကို ရင်မဆိုင်ရဲရင်
ကိုယ်လိုချင်တဲ့ ဘဝကိုရောက်ဖို့ အလှမ်းဝေနေဦးမှာပဲ

လှပတဲ့ဘဝတခုကို ရချင်ရင် အခက်ခဲဆိုတာ
အရင်ဆုံးကြုံရမယ် ဘဝသင်ခန်းစာပဲ

ကိုယ်ကြုံလာမဲ့အရာဟာ ဒုက္ခပဲဖြစ်ဖြစ်
သုခပဲ ဖြစ်ဖြစ် လက်ခံနိုင်ဖို့ပဲလိုတယ်

အရှုံးမပေချင်တဲ့အခါ
အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်

အဆင်မပြေတဲ့အခါ ခက်ယဲ့ယဲ့လေး
ပြုံးတတ်ရမယ်

နာကျင်ရတဲ့အခါ ဒဏ်ရာဟာ
သန်မာဖို့ပဲ ဖြစ်ရမယ်

#crd

image
1 y - Translate

သည်းခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်အေးတတ်လာတယ်..

ကြင်နာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

တန်ဖိုးထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အရာရာကို တလေးတစား
လုပ်တတ်လာတယ်..

ကိုယ်ချင်းစာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စာနာတတ်လာတယ် ။

ပျော်ပျော်နေတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

ကြိုးစားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ တိုးတက်ချင်စိတ်တွေ
မွေးဖွားလာတယ်..

မေတ္တာထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

သတိရှိတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အသိ သတိတွေနဲ့
နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

ရိုးသားတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အစစ်အမှန်တွေကို
ထုတ်သုံးတတ်လာတယ်..

နာခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နာခံတတ်လာပြီး
အကောင်း/အဆိုးကိုခွဲခြားနိုင်လာတယ်..

စိတ်နှလုံးကောင်းတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ သူတော်ကောင်းစိတ်တွေ
မွေးမြူလာတယ်..

#တကယ်တော့
အကြောင်းတရားကောင်းမှ
အကျိုးတရား လှတာပါ ။

#credit_to_original_writer
#ခွန်အားဖြစ်စေသောစာများ
#ℂ?????_????????_??????
#လူငယ်များအတွက့်စာကြည့်တိုက့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်
#crdtooriginalwriter
#မေတ္တာများစွာဖြင့်
#စာပေ

MK Book Store & စင်္ကာပူ

image
1 y - Translate

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

#credit_to_the_original_uploader

image
1 y - Translate

အကြီးဆုံးတွေပဲ နားလည်တဲ့
ခံစားချက် ဆိုတာမျိုးက သပ်သပ်ရှိတယ် ။

အဆင်မပြေတာတွေ ပြောပြချင်ရင်တောင်
ကိုယ့်နောက်မှာ ရှိတဲ့ သူတွေ
ကိုယ့်မျက်နှာကိုပဲ ကြည့်နေကြတဲ့သူတွေ
အားငယ်သွားကြမလားဆိုတဲ့စိတ်နဲ့
အဆင်ပြေချင်ယောင်ဆောင်ရတယ် ။

ကြုံရတဲ့ ဝမ်းနည်းမှုတွေ စိတ်သောကတွေကို
မိဘကို ရင်ဖွင့်မယ်ဆိုပြန်တော့လည်း
သူတို့ ကိုယ့်ကြောင့် စိတ်ညစ်သွားမလား
ဆိုတဲ့အတွေးနဲ့ ကိုယ့်ဒုက္ခအကြောင်း
မြိုသိပ်လိုက်ရပြန်တယ် ။

ကြာတော့လေ လူက လူနဲ့ မတူတော့သလိုပဲ
ဘယ်လိုဖြစ်လာလဲဆိုတော့
တစ်ယောက်ထဲ ကြိတ် ဖြေရှင်း
တစ်ယောက်ထဲ အံကြိတ် သည်းခံရင်းနဲ့
လောကမှာ ကိုယ်တစ်ယောက်ထဲပါလားဆိုပြီး
‌အထီးကျန်သလိုလို ဖြစ်လာတာ ..
ရှင်သန်ရတဲ့ဘဝကြီးကို စိတ်ကုန်လာတာ ။

မပြောရက် မဆိုရက်နဲ့
ဘယ်သူမှ မသိတဲ့ နာကျင်မှုတွေ
ဘယ်သူ့ကိုမှ ရင်မဖွင့်ခဲ့တဲ့ ခံစားချက်တွေ
ချောင်ကပ်ပြီး ငိုရတဲ့ နေ့တွေ
တစ်ယောက်ထဲ ကမ္ဘာပျက်သလိုဖြစ်နေရင်းက
မိသားစုရှေ့မှာဆို သန်မာပြီး ပျော်ရွှင်နေတဲ့
ဘဝမျိုး ပိုင်ဆိုင်ထားသလို နေပြရပြန်တယ် ။

တကယ်ဆို
ငါလည်း အဆင်မပြေဘူး
ငါပျော်နေပေမယ့် အဲဒါ တကယ်မဟုတ်ဘူး
ငါလည်း အားပေးမှု နွေးထွေးမှု လိုနေတယ်
ငါလည်း ဝမ်းနည်းတဲ့အခါ ရှိတယ်
အားလုံးကို ရပ်တန့်လိုက်ချင်တဲ့ အချိန်လည်း ရှိတယ်လို့ ပြောပြချင်တယ် ..
ကြိုးစား ရှင်‌သန်နေရတာဟာ
သိပ်ကိုပင်ပန်းနေပြီဖြစ်ကြောင်း ဝန်ခံချင်တယ် ။

ဒါပေမယ့် နောက်ဆုံးမှာ
ငါ့မိသားစုမှာက ငါပဲရှိတာ
ငါကတော့ အဆင်ပြေပြေနေပြမှ ဖြစ်မယ်
ငါက ပျော်ရွှင်အောင်နေပြမှ ဖြစ်မယ်ဆိုပြီး
ဆက် အားတင်းရပြန်တယ် ။

အရာအားလုံး အဆင်မပြေရင်တောင်
ငါကတော့ အဆင်ပြေနေမှ ဖြစ်မယ်ဆိုပြီး ..
ဒီတစ်ရက်အတွက် ဆက်ရှင်သန်ခဲ့တယ် ။

image
1 y - Translate

ကမ္ဘာပေါ်မှာ ရှိသမျှ ရေအိုင် (Lake) ရဲ့ ၆၀% ဟာ ကနေဒါမှာ ရှိတာ တဲ့..

အဲ့ဒါဖတ်မိပြီး ဘယ်လိုများလဲ သိချင်လို့ Map ထောက်ကြည့်တာ.. တကယ်လဲ နည်းနည်းနောနေရေအိုင်မဟုတ်ဘူး..

ရေအိုင် စုစုပေါင်း ၃၁၇၅၂ အိုင်ရှိတယ်တဲ့..

တစ်နေ့ကို ရေအိုင်တစ်အိုင်ဆီသွားလည်မယ်ဆို ကနေဒါမှာရှိတဲ့ ရေအိုင်အကုန်လုံးကို ရောက်ဖူးဖို့ရာ.. သိပ်မကြာပါဘူး..

၈၇ နှစ်ပဲ ကြာပါလိမ့်မယ်..

image
1 y - Translate

ဒူးရင်းသီး လည်းစားချင်တယ် ပိုက်ဆံလည်းမရှိဘူးဆိုတဲ့သူတွေအတွက်😁

image