1 y - Translate

လက်တွဲဖော်ဆီက ဘာတွေ မျှော်လင့်ထားလဲ မေးရင်
အဆိုးလောကဓံနဲ့ ကြုံရချိန် ..
အရာရာကို စိတ်ပျက် အားငယ်နေရချိန်မှာ
" အတူတူရှိနေပေးမယ် " ဆိုတဲ့
စကားလေး တစ်ခွန်းပဲ လိုချင်တာပါ ။ 🌿
ပြဿနာတစ်ခုခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ
အပြစ်တွေပြော.. လက်ကျန်အားအင်လေးကိုတောင်
ယုတ်လျှော့သွားအောင် .. ပိုပြီး ပင်ပန်းစေမယ့်
စကားတွေ မပြောဘဲ
အတူဖြေရှင်းကြရအောင်နော်.. လို့
နည်းလမ်းတွေ စဉ်းစားပြီး
ဖေးမ ပေးတာပဲ လိုချင်မိတယ် ။ 🌿

အားလုံးကို အရှုံးပေးပြီး
ပြိုလဲနေချင်ရင်တောင်
သူကတော့ ငါ့အတွက် ရှိနေတာပဲ ဆိုတဲ့ အသိနဲ့
အားတင်းပြီး ပြန်ကြိုးစားချင်မိတာ ။ 🌿

ဘာဖြစ်လို့ သူစိမ်းလူဆီက ဖေးမမှုကို
မက်မောတာလဲ မေးရင်
အဲဒီနွေးထွေးဖေးမမှုတွေကို လိုချင်လို့ကို
လက်တွဲဖော် ထားတာမို့ပါ ။ 🌿

ပျော်ရွှင်ခြင်းတွေရော
ဝမ်းနည်းခြင်းတွေပါ
အတူတူ မျှဝေ ခံစားချင်လို့
အဲဒီလူသားကို ဘဝထဲ လက်ခံထားတာပါ .. ။ 🌿

အဲဒါကြောင့်
အဲဒီလူပေးတဲ့ ခွန်အားနဲ့ ပိုမိုသန်မာတဲ့
အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ် .. 🌿

အဲဒီလူကြောင့် နှစ်ဆ ပင်ပန်းရတာပြီး
ဘဝကို ရှေ့မဆက်ချင်တော့တဲ့အထိ
ပူလောင်နေရတဲ့ မိန်းမတစ်ယောက်အဖြစ်တော့
မရှင်သန်ချင်ပါဘူး .. 🌿

ကိုယ်သူ့ဆီက လိုချင်တဲ့အရာလေးက
အင်မတန်ဘဲ ရိုးရှင်းပါတယ် ..
အတူငိုပေးနိုင် .. အတူရယ်မော ပေးနိုင်တဲ့
ချစ်ခြင်းမေတ္တာလေးတစ်ခုပါပဲ ..
အဲဒါဆိုရင်ပဲ ဘဝအတွက် လုံလောက်နေပါပြီ ။ 🌿

#crd?

image
1 y - Translate

ဒါတော့ အရမ်းများသွားပြီ Samsung

2021 ကထွက်တဲ့ဖုန်းတွေအထိ Galaxy AI ရမယ်ဆိုတာက ဖုန်းလောကမှာ ကြုံတောင့်ကြုံခဲ Software Update ပဲဗျာ

တနေ့က ပိုစ့်တင်တော့ Galaxy S21 တွေရော မပါဘူးလားမေးနေကြတော့ သတင်းထပ်ရှာတွေ့လို့ သတင်းကောင်းပြောရရင်

Korea မှာတော့ S21 Series နဲ့ Z Flip3 / Z Fold3 တွေကို OneUI 6.1 ပေးနေပြီတဲ့

S21 Series နဲ့ Z Flip3 အတွက်က Circle to Search စနစ်ရမယ် Galaxy AI ကို Limited Feature တွေပေးသွားတဲ့သဘောပဲ

Z Fold3 ကိုင်တဲ့သူတွေကတော့ ရွှေပဲဗျာ RAM 12GB ကြောင့် Galaxy AI စနစ် အကုန်နီးပါးရတာလို့လဲတွေ့ရတယ်
၁)Circle to Search ရမယ်
၂)AI-generated wallpapers တွေပါမယ်
၃)Note Assist က note summarisation, auto template ရမယ်
၄)live language translation နဲ့ interpreter mode
၅)Photo Assist က AI Suggestion, Generative Fill ,
၆)Voice Recorder က Transceipt တွေအထိရမယ်ဆိုတော့ကာ Galaxy AI စနစ် အကုန်နီးပါးပဲ

Samsung က AI ခေတ်မှာ Galaxy AI နဲ့ ကြမ်းပြနေတာ နှစ်ကုန်ပိုင်းမှာ Galaxy AI သုံးနေတဲ့ Device ပေါင်း သန်း ၁၀၀ အထိ ခန့်မှန်းထားတယ်လို့သိရတယ်

S22 Series နဲ့ Z Flip & Fold 4 Series က ဒီလထဲမှာပဲ OneUI 6.1 Update နဲ့ Galaxy AI စနစ်ရမှာပါ

image
1 y - Translate

"ယောင်္ကျားတွေရဲ့ဘ၀မှာလည်း အားကိုးလောက်
စရာမိန်းမမျိုးလိုအပ်တယ် "
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ဘယ်ယောင်္ကျားမှတော့ မိန်းမတစ်ယောက်
ကို အားကိုးမှီတွယ်ဖို့ဆိုပြီး မယူတတ်ကြပါဘူး ။

ဒါပေမယ့် အဲဒီယောင်္ကျားရဲ့ဘ၀မှာ စီးပွားရေး၊
ကျန်းမာရေး ၊ အခက်အခဲတွေ ကြုံရတဲ့အခါ
သူတို့ကို ပြန်အားပေးမယ့် သူတို့ဘက်က သတ္တိရှိရှိ မားမားမတ်မတ် ရပ်ပေးမယ့် စိတ်ဓာတ်ခိုင်မာတဲ့
သူတို့အားနည်းချက်မှာ ဦးဆောင်ဖေးမပေးမယ့် မိန်းမမျိုးတော့ လိုအပ်တယ် ။

သူတို့ကျဆုံးလဲပြိုတဲ့ဒဏ်ကိုမခံနိုင်တဲ့
မိန်းမတွေကျတော့ ယောင်္ကျားက
အဆင်မပြေရင် ငြူစူဆောင့်အောင့်ရန်လုပ်ကြတယ်

၀မ်းနည်းငိုယိုပူဆာကြတယ်၊ တစ်ချို.စိတ်ဓာတ်
မခိုင်တဲ့မိန်းမတွေဆို ဖောက်ပြန်ကြတယ်
တခြားအားကိုးရာ ရှာသွားကြတယ်

အဲဒါကြောင့်ယောင်္ကျားတစ်ယောက်
ဘ၀မှာလည်း အားကိုးလောက်စရာ မိန်းမမျိုး ရမှ
သူတို့လည်း အောင်မြင်တိုးတက်နိုင်မှာပါ

ဘုရားတရားမြဲသောဇနီးများကြောင့်ခင်ပွန်း
ဖြစ်သူတွေစီးပွားရှာမခက်သည်ကများ၏သီလသည်ဆန္ဒမှန်သမျှအောင်စေ၏တစ်ယောက်ကောင်းရှိဖို့လို၏။

ယောင်္ကျားဆိုတိုင်းလည်း အမှီအတွယ်မပါဘဲ
အရာရာကို ဦးဆောင်သွားနိုင်တဲ့သူတွေပဲလို့
ယူဆလို့မဖြစ်ပဲ
သူတို့မှာလည်း သူတို့ မစွမ်းနိုင်တဲ့ ကိစ္စတွေကျရင် မိန်းမတွေကိုမှီခိုအားထားရတာပါပဲ

အိမ်မှုကိစ္စတွေ စီမံဖို့ ၊သားသမီးကို
ရင်အုပ်မကွာပြုစုဖို့ ကိစ္စတွေမှာလည်း
မိန်းမအပေါ်မှီခိုကြရတာပါပဲ။

ဒါကြောင့် ယောင်္ကျားတွေရဲ့ဘ၀မှာလည်း
အားကိုးလောက်စရာမိန်းမမျိုး.......
လိုကိုလိုအပ်တယ်

image
1 y - Translate

5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး

ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ 5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီကိရိယာဟာ ပေ ၃၃၀ အကွာအဝေးအတွင်း တစ်စက္ကန့်ကို 100 gigabits (Gbps)နှုန်း ဒေတာတွေ ပို့လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

DOCOMO ၊ NTT Corporation ၊ NEC Corporation ၊ Fujitsu လုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကတည်းက 6G ကိရိယာကို သုတေသနပြု၊ ဖန်တီးခဲ့ကြတာပါ။

Ref: Japan develops world’s first 6G device that’s 20 times faster than 5G

image
1 y - Translate

Paris, France 😯😯

image
1 y - Translate

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီးရတာ 🤭

image
1 y - Translate

ကိုယ်မုန်းတဲ့သူနဲ့ အလုပ်တူတူတွဲလုပ်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ

အလုပ်လုပ်ပါတယ်ဆိုမှ တစ်ခါတလေ ကိုယ်သဘောမကျတဲ့သူနဲ့လည်း တွေ့၊ တစ်ခါတလေ ကိုယ်နဲ့ အဆင်ပြေတဲ့သူနဲ့လည်း တွေ့ပေါ့။

ဒါဟာ လူကြီးတစ်ယောက်ဖြစ်လာရင် လက်တွေ့ရင်ဆိုင်ရမယ့် ဘဝပါပဲ။ ခေါင်းစဉ်ကရော နည်းနည်းမပြင်းထန်ဘူးလားလို့ မေးလာရင်တော့ လက်တွေ့ဘဝမှာ အလုပ်လုပ်တဲ့အခါ သာမန်အဆင်မပြေရုံမဟုတ်ဘဲ မုန်းကို မုန်းလောက်တဲ့ သူတွေ အများကြီးတွေ့ဖူးရင်တော့ ဒီခေါင်းစဉ်ဟာ အဆိုးမဆိုသာဘူးလို့ ပြောရမှာပါ။

ဒါပေမယ့် ဘယ်လိုပဲ မုန်းမုန်း၊ ဘယ်လိုပဲ စကားပြော အပေါက်အလမ်းမတည့်၊ အဆင်ပြေပြေ မပြေပြေ အလုပ်အတူတွဲလုပ်နေရသရွေ့တော့ Professional တွေပီပီ ပြောဆိုဆက်ဆံနေရမှာပဲ ဖြစ်ပါတယ်။ ဒါကို ဘယ်လို ကျော်ဖြတ်ကြပါမလဲ။

၁။ ပြဿနာကို ရင်ဆိုင်ပါ

ပထမဆုံးအချက်အနေနဲ့ကတော့ ပြဿနာကို ရင်ဆိုင်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ လူတွေက ကိုယ်မုန်းတဲ့ သူဆိုရင် တတ်နိုင်သမျှ စကားမပြောဖြစ်အောင် ရှောင်ကြပါတယ်။ အလုပ်ထဲမှာတော့ ဒီလို လုပ်ဖို့ အဆင်မပြေဘဲ စကားမပြောဘဲ ရှောင်ဖယ် ရှောင်ဖယ်လုပ်နေရင် အခြေအနေကို ပိုဆိုးစေမှာ ဖြစ်ပါတယ်။ ဒီလို လုပ်နေမယ့် အစား ကိုယ်သဘောမကျတဲ့ သူနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း စကားပြောပြီး အလုပ်တွင်အောင် လုပ်တာက ပိုအဆင်ပြေစေပါတယ်။

၂။ တခြားသူတွေနဲ့ ဆက်ဆံတဲ့ ကိုယ့်ရဲ့ ပုံစံကိုလည်း သတိထားပါ

တစ်ခါတလေမှာ ကိုယ်က အရာရာကို သတိကြီးကြီးထားပြီး ဆက်ဆံတတ်တာကို လူတွေ အမြင်မှာကျတော့ ဒီလူ ချေတယ်၊ လိုက်လျောညီထွေ မရှိဘူးလို့ ထင်တတ်ပါတယ်။ တစ်ခါတလေကျတော့လည်း ကိုယ်က ပြဿနာတွေ ဖြစ်မှာစိုးလို့ ခပ်ဆိတ်ဆိတ်နေပေမယ့် တခြားသူတွေအမြင်မှာကျတော့ ကြီးကျယ်ဘဝင်မြင့်တဲ့ ပုံ ဖြစ်နေတဲ့အတွက် ဒီတစ်ချက်ကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။

၃။ သူတို့ဘက်ကနေလည်း တွေးကြည့်ပေးပါ

ကိုယ်မုန်းတယ်ပြောပြီး ရှောင်နေရုံနဲ့ ပြဿနာတွေက ငြိမ်းချမ်းမသွားဘူးလို့ ပြောခဲ့ပြီးပါပြီ။ ဘာကြောင့် သူနဲ့ ကိုယ်နဲ့ ကြား ဒီလို အဆီအငေါ်မတည့်တွေ ဖြစ်နေရလဲဆိုတာ အဖြေရှာချင်ရင် သူ့နေရာကလည်း ဝင်ခံစားပေးပါ။ သူ့ကို မေးခွန်းတွေ မေးကြည့်၊ နားလည်အောင် ကြိုးစားကြည့်မှ ရပါမယ်။ သူတို့ ပြောပြီးသွားရင် ခင်ဗျားပြောတာကို ကျွန်တော်နားလည်တာက ဒီလိုနော်ဆိုပြီး သူတို့နဲ့ ကိုယ့်ကြား နားလည်မှုမလွဲအောင် တစ်ခေါက်ထပ်အတည်ပြုရပါမယ်။

လူတစ်ယောက်ကို အကြောင်းမဲ့ လူဆိုး၊ မင်းက မကောင်းတဲ့ ကောင်လို့ ပြောရင် ဘယ်သူမှ မကြိုက်ဘဲ သူဒီလိုလူမျိုးမဟုတ်ကြောင်း အကြောက်အကန် ငြင်းပါလိမ့်မယ်။ ဒီအစား ဘယ်နေရာမှာတော့ မင်းလုပ်ပုံမကောင်းဘူးလို့ ငါထင်တယ်လို့ ပြောရင် သူတို့နဲ့ ပိုပြီး စကားပြောရဆိုရအဆင်ပြေစေမှာ ဖြစ်ပါတယ်။

၄။ သူတို့ကို အတင်းချစ်ခိုင်းနေတာ မဟုတ်ပါဘူး

နောက်ဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကိုယ်နဲ့ ကိုယ်ရည်ကိုယ်သွေး၊ သဘောထားချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့သူကို အတင်းကြီး လိုက်ပြီး သဘောကျခိုင်းနေတာ မဟုတ်ဘူးဆိုတာပါပဲ၊ ဒီလို အတင်းကြီး ကြိုက်ခိုင်းဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အဓိကက ကိုယ်သဘောမကျတဲ့သူနဲ့ လုပ်ငန်းသဘောအရ ဆက်ဆံပြောဆိုပြီး အလုပ်ပြီးမြောက်အောင် လုပ်ကိုင်နိုင်အောင် ရည်ရွယ်ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

တစ်ပါးသူရဲ့ အကြံဉာဏ်နဲ့ နည်းလမ်းတွေကိုလည်း ကြိုဆိုမယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား ရှိမယ်ဆိုရင် လုပ်ငန်းခွင်ထဲမှာ ဘယ်လောက်ဆက်ဆံရခက်ခဲတဲ့ သူနဲ့ တွေ့တွေ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခါလောက် နောက်တစ်ကြိမ် ကြိုးစားကြည့်ပါဦး။

image
1 y - Translate

တစ်ယောက်ယောက်ကို ချစ်ချင်လား ချစ်ပစ်လိုက်၊

တစ်ခုခုကို လုပ်ချင်နေလား လုပ်ပစ်လိုက်၊
တစ်နေရာရာကို သွားချင်လား သွားပစ်လိုက်၊

ပြီးရင် မေ့ပစ်လိုက်၊ ဘာမှမမျှော်လင့်နဲ့၊
ဘာကိုမှ အစွဲအလမ်းမထားနဲ့၊
ဒါက အကောင်းဆုံးသော ဘဝနေထိုင်နည်းတခုပဲ၊

ငါတို့ရဲ့စုတ်ပျက်နေတဲ့ လူနေမှုဘဝမှာ

လုပ်ချင်တာတွေ လုပ်ပြီးလို့

ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
"နေတတ်"အောင်သင်ယူဖို့ကလဲ
တကယ် အရေးကြီးတယ် ။

image
1 y - Translate

သိနေတဲ့အရာကို
အခင်အမင်ပျက်မှာစိုးလို့
မသိချင်ယောင်ဆောင်ပေးရတာလည်း မေတ္တာပဲ

နာကျင်သွားမှာစိုးလို့
စကားလုံးတွေကိုမပြောပဲ
မြိုသိပ်လိုက်ရတာလည်း မေတ္တာပဲ

ဖိနပ်လေးကြိုးချည်ပေးချင်တာလည်း မေတ္တာပဲ

ပန်းပင်လေးရေလောင်းပေးချင်တာလည်း မေတ္တာပဲ

သေးသေးလေးကအစ
ကူညီပေးချင်တာလည်း မေတ္တာပဲ

တစ်ခါတစ်လေဘာမှမပြောတော့ပဲ
တိတ်ဆိတ်လိုက်တာဟာလည်း မေတ္တာပဲ

သိတယ် မြင်တယ် ကြားတယ် ထိခိုက်နာကျင်
အောင်နည်းမျိုးစုံနဲ့ပြန်ချေပလို့ရတယ် ။
ဒါပေမဲ့ မလုပ်နိုင်ဘူး ဆိုရင် ဒါဟာလည်း မေတ္တာပဲ ..

အ တယ် ၊ နုံ တယ် ၊ မသိဘူး မထင်နဲ့ …
မေတ္တာကလွဲပြီးဘာမှပေးစရာမရှိလို့ ငြိမ်နေတာ
လူတွေရဲ့ …

1 y - Translate

အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိနေတဲ့ ပရီးမီးယားလိဂ်ထိပ်သီး(၂)သင်း

နာမည်ကျော်ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)စနေနေ့ပွဲစဉ်များအပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် အိမ်ကွင်းမှာ နိုင်ပွဲရခဲ့တဲ့ အာတေတာရဲ့ အာဆင်နယ်အသင်းက (၈၃)မှတ်ဖြင့် ဦးဆောင်နေသည်။ဒုတိယနေရာတွင် အက်တီးဟတ်မှာ ဟာလန်းရဲ့ သွင်းဂိုးများဖြင့် အနိုင်ရခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းက (၈၂)မှတ်၊တတိယနေရာတွင် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက (၇၅)မှတ်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုအတွက် အာဆင်နယ်အသင်း နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ လက်ကျန်ပွဲစဉ်များတွင် အကြိတ်အနယ်ယှဉ်ပြိုင်နေရဆဲဖြစ်သည်။လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ပြိုင်ဘက်များထက်(၁)ပွဲလျော့ကစားထားပြီး (၄)နှစ်ဆက်ချန်ပီယံဆုရယူနိုင်ရန် အခွင့်အရေးအများဆုံးအသင်းဖြစ်သည်။

image