Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ရာသီကို အသင်းခေါင်းဆောင်တစ်ယောက်ပြောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း
ရီးရဲလ်မက်ဒရစ်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သော စပိန်နောက်ခံလူ နာချို ဖာနန်ဒက်ဇ်(၃၄ နှစ်)က ယခုရာသီကုန်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ သူထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ရီးရဲလ်မက်ဒရစ်အသင်းတွင် အသက်(၁၁)နှစ်ကတည်းက စတင်ကစားခဲ့သော နာချိုအနေဖြင့် သူ(၂၃)နှစ်ကြာကျင်လည်ဖြတ်သန်းခဲ့သည့် အသင်းကို စွန့်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် (၂၀၂၁) နွေရာသီတွင် အသင်းခေါင်းဆောင်ရာမို့စ် အသင်းမှထွက်ခွာပြီးနောက်ပိုင်း တစ်ရာသီလျှင် အသင်းခေါင်းဆောင် တစ်ယောက်ပြောင်းလဲနေပြီး နာချို၏နေရာကို နောက်ထပ်အသင်းခေါင်းဆောင်တစ်ဦး ရောက်ရှိလာသည်ကို တွေ့မြင်ရဦးမည်ဖြစ်သည်။ရီးရဲလ်မက်ဒရစ်အသင်းတွင် ရာမို့စ်အပြီး (၂၀၂၁-၂၂)ရာသီတွင် မာဆယ်လို၊(၂၀၂၂-၂၃)ရာသီတွင် ဘန်ဇီမာ၊ယခု(၂၀၂၃-၂၄)ရာသီတွင် နာချိုတို့ အသင်းခေါင်းဆောင်များအဖြစ်တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။ယခုနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်များအနေဖြင့် အသင်းတွင် တစ်ရာသီသာ (ပထမ)အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ရာသီကုန်တွင် အသင်းကို စွန့်ခွာသွားသည့် ထူးခြားချက်ကို တွေ့ရမည်ဖြစ်သလို၊ (၃)နှစ်ကျော်ကာလအတွင်း (၅)ဦးမြောက်အသင်းခေါင်းဆောင်ကိုလည်း ပရိသတ်များတွေ့ရဦးမည်ဖြစ်သည်။
" BFF အယူအဆ "
BFF ဆိုတာ
ရုပ်ရှင်ရုံရှေ့မှာ
အုပ်စုလိုက်ပုံတွေရိုက်တင်ရုံနဲ့
Hot pot ဆိုင်မှာအုပ်စုလိုက်စားဖူးရုံနဲ့
ခရီးတစ်ခါ နှစ်ခါတူတူထွက်ဖူးရုံနဲ့
bff လို့ခေါ်တာမဟုတ်ဘူး....
တစ်ခါနှစ်ခါတွေ့ပြီး
Club တူတူသြား
Bar တူတူသြား
ကိုယ့်ပိုက်ဆံကိုယ်ရှင်းပြီး
လူတွေမြင်အောင် ပုံတွေတင်လိုက်ရုံနဲ့
bff ဖြစ်သွားတာမဟုတ်ဘူး....
Best friend forever ဆိုတာ
နှစ်နဲ့ချီပြီးပေါင်းသင်းရတာ...
အဖြစ်အပျက်တွေအများကြီး
အတူတူဖြတ်သန်းရတာ...
ပြဿနာတွေအများကြီးကို
အတူတူဖြေရှင်းရတာ...
အယူအဆမတူညီတာတွေကို
နှစ်နဲ့ချီသဘောပေါက်အောင်ကြိုးစားရင်း
နောက်ဆုံး သူ့စိတ်ကိုယ့်စိတ်ကို
နားလည်သွားတာ..
တစ်ယောက်ရဲ့ကောင်းကွက်တွေကိုပဲ
သဘောကျလို့ လိုက်ပေါင်းနေတာထက်
မကောင်းတာတွေကိုပါသည်းခံနိုင်မှ
ကိုယ်မကြိုက်တာတွေကိုပါ
နားလည်ပေးနိုင်မှ....
တစ်ဦးရဲ့ပကတိဘဝအစစ်အမှန်ကို
တစ်ဦးကနားလည်လက်ခံပေးနိုင်မှ
bff လို့ခေါ်တယ်....
သူတို့နဲ့တွေ့ဖို့
ဟန်ဆောင်နေရသေးတယ်
ဖုံးကွယ်နေရသေးတယ်
ပြုပြင်နေရသေးတယ်
မရှိတာတွေကို
အရှိလုပ်နေရသေးတယ်
မသိတာတွေကို
သိဟန်ဆောင်နေရသေးတယ်ဆိုရင်
bff မဟုတ်သေးဘူး ဒါဟာ
သာမန်မိတ်ဆွေအဆင့်ပဲရှိသေးတယ်.
bff တွေဟာ
နေ့တိုင်းတွေ့နေစရာမလိုဘူး
နေ့တိုင်းဖုန်းပြောနေစရာမလိုဘူး
အမြဲ chat နေစရာမလိုဘူး
ပုံတင်တိုင်း tag တွဲနေစရာမလိုဘူး....
ရင်ဘတ်ထဲမှာရှိပြီးသားသူတွေမို့
ကျန်တဲ့လူတွေသိချင်သိ မသိချင်နေ
သိပ်ဂရုစိုက်စရာမလိုတော့ဘူး....
"ငါသူတို့နဲ့ပေါင်းနေတယ်"ဆိုတာမျိုး
"ငါ့မှာလည်းသူငယ်ချင်းတွေရှိပါတယ်"
ဆိုတာမျိုး လူတွေသိအောင်
ပြောနေစရာမလိုတော့ဘူး
ဘာဖြစ်လို့လဲဆိုတော့
သူတို့က တကယ့်ကို bff တွေ
ဖြစ်သွားကြလို့ပါ..
တစ်ယောက်ခက်ခဲနေချိန်မှာ
ပထမဆုံးပြေးသတိရမိတဲ့သူက bff ပဲ...
အဲလိုပဲ
အဲဒီတစ်ယောက်က
တစ်ခုခုဖြစ်နေတယ်ဆို
ချက်ချင်းဆက်သွယ်လာတာ bff ပဲ...
လူမှုရေးကျယ်ပြန့်ဖို့
မသွားချင်လည်းသွား
သွားချင်လည်းသွား
မရယ်ချင်လည်း ရယ်ရ
မပြောချင်လည်း
follow လိုက်ပြီးပြောနေရ
အတင်းလိုက်ရော
အတင်းလိုက်ပေါင်းပြီး
လူအုပ်တောင့်ရင် ဓာတ်ပုံရိုက်
bff လို့ တင်နေသရွေ့
bff မဟုတ်သေးဘူးဆိုတာ
သိစေချင်တယ်...
အုပ်စုတွေတွေ့ပြီးပြန်လာရင်
အတင်းတွေပြောနေသရွေ့
bff မဟုတ်သေးဘူးဆိုတာလည်း
သိစေချင်တယ်...
bff ဆိုတာ
သူတို့ရည်းစား သူတို့လက်တွဲဖော်တွေနဲ့
မဆိုင်ဘူးဆိုတာလည်း သိစေချင်တယ်...
ဘယ်သူနဲ့ကြိုက်ကြိုက်
ဘယ်သူနဲ့ယူယူ
ကိုယ့်သူငယ်ချင်းက
ကိုယ့်သူငယ်ချင်းသာမို့
သူတို့တွေပြတ်ခြင်း မပြတ်ခြင်း
ယူခြင်း မယူခြင်း ကွဲခြင်းမကွဲခြင်းဟာ
ကိုယ်နဲ့သိပ်မဆိုင်တာမို့
ကိုယ့်သူငယ်ချင်းစိတ်ချမ်းသာဖို့ပဲ
ကိုကြည့်ရမှာဖြစ်ပါတယ်...
သူတို့စိတ်ချမ်းသာဖို့ သူတို့အဆင်ပြေဖို့
သူတို့ဘယ်သူနဲ့ကြိုက်ကြိုက်
ဒါကို သိပ်ခံစားနေစရာမလိုပါဘူး....
bff ဆိုတာ
လင်လုဖက်မဟုတ်ဘူး
မယားလုဖက်မဟုတ်ဘူး
စီးပွားပြိုင်ဖက်မဟုတ်ဘူး
စာပြိုင်ဖက်မဟုတ်ဘူး
အလှပြိုင်ဖက်မဟုတ်ဘူး
ဘာမှမပြိုင်တော့တဲ့အခြေအနေ
တစ်ယောက်ရဲ့အောင်မြင်မှုကို
ဝမ်းသာပေးနိုင်ပြီး
တစ်ယောက်ရဲ့ကျရှုံးမှုကို တူတူ
ငိုကြွေးပေးနိုင်တဲ့အခြေအနေရောက်မှ
bff လို့သုံးစွဲနိုင်တာဖြစ်ပါတယ်....
ဒီမုန့်စားနေရင်း လှမ်းသတိရတာမျိုး
ဒီရုပ်ရှင်ကြည့်နေရင်း လှမ်းပြောတာမျိုး
ဒီသတင်းဖတ်မိရင် လှမ်းသတိပေးတာမျိုး
ဒီအဖြစ်အပျက်တွေ့ရင်
ရုတ်တရက်သတိရသွားတာမျိုး
ဒီခရီးအကြောင်းတွေ့ရင်
တူတူသွားဖို့တိုင်ပင်ကြတာမျိုး
ဒီပစ္စည်းတွေ့မိရင် ဝယ်ဖို့မဝယ်ဖို့
လှမ်းလှမ်းမေးကြတာမျိုး
တိုင်ပင်ကြတာမျိုး
ဒီဟာသတွေ့ရင် လှမ်းပြီးတောင်ပို့ပြီး
ရယ်ခိုင်းတာမျိုး စတဲ့
စိတ်ချင်းဆက်သွယ်နေတဲ့
ထူးဆန်းမှုတစ်ခုပါ auto ရှိနေကြတာ...
ဖုန်းပြန်ခေါ်ခြင်းမခေါ်ခြင်း
Comment ပေးခြင်းမပေးခြင်း
ပိုက်ဆံရှင်းခြင်းမရှင်းခြင်း
ချိန်းထားပြီး လာခြင်းမလာခြင်း
နာမည်ပြောင်တွေနဲ့စခြင်း
နောက်ခြင်းတို့လို
အရေးသိပ်မကြီးတဲ့ကိစ္စတွေကို
bff တွေကြားမှာ
သိပ်ဖြေရှင်းနေစရာမလိုပါဘူး
ဘာ့ကြောင့်လဲဆိုတော့
သူ့ရဲ့အတွင်းစိတ်အခြေအနေအမှန်ကို
ကိုယ်က လက်ခံနိုင်ပြီးသွားပြီမို့လို့ပါ
သူ့ရဲ့ဆိုးခြင်းတွေ
မပြည့်ဝခြင်းတွေကိုပါ
ကိုယ်က လက်ခံသွားနိုင်လို့ပါ
ဒါ့ကြောင့်
တခါတလေ fb သုံးရင်း
group photo တွေမြင်ရင်
Caption လေးတွေဖတ်မိရင် ပြုံးမိတယ်....
bff လို့သုံးစွဲတိုင်း
"ထာဝရသူငယ်ချင်းကောင်း"ဆိုတဲ့
အဓိပ္ပါယ်ကို သူတို့တကယ်
နားလည်နိုင်ပါစေလို့လည်း
ဆုတောင်းမိတယ်။
ပုံတင်ထားတဲ့အတိုင်းလည်း
တကယ်ပဲ bff တွေ
ထာဝရဖြစ်သွားကြပါစေလို့
ဆန္ဒပြုရင်း.....
Credit
ဘီယာကုမ္ပဏီက ထုတ်လိုက်တဲ့ ခေါက်ဖုန်း
ပုရိသတွေသဲသဲလှုပ် ဘီယာကုမ္ပဏီကြီးဖြစ်တဲ့ Heineken Company ကတော့ ကိုယ်ထည်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်တဲ့ ခေါက်ဖုန်းတစ်လုံးကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က မိတ်ဆက်သွားပါတယ်။
ဖုန်းနာမည်ကတော့ “The Borning Phone” ပါ …
ဒီဖုန်းကိုတော့ Heineken နဲ့ အတူ ဘော်စတွန်အခြေစိုက် ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ Bodega၊ အီလတ်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ HMD ကုမ္ပဏီ တို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပြီး အရင်ခေတ်ဟောင်းကို ပြန်လည်အောက်မေ့စေဖို့နဲ့ social media အသုံးပြုတာ လျော့ပါးစေဖို့ ခလုတ်ပါ ခေါက်ဖုန်းဒီဇိုင်းကို ဖန်တီးခဲ့တာပါ။
ဒီဖုန်းမှာဆိုရင် ဖုန်းခေါ်ဆိုခြင်းနဲ့ စာတို (Message) ပေးပို့တာလောက်ပဲ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြားသော Social Media Platform တွေနဲ့ App တွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ 4G network အထိ support ပေးမှာဖြစ်ပေမယ့် အင်တာနက်မသုံးနိုင်ပါဘူး။ ဒါပေမဲ့ ဖုန်းရဲ့ ထွင်းဖောက်မြင်နိုင်တဲ့ အကြည်ဖောက်ကိုယ်ထည်ဒီဇိုင်းကြောင့် အတော်လေးကို လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။
The Boring Phone ကိုတော့ ဇွန်လဆန်းလောက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Limited Edition အနေနဲ့ အလုံးရေ (5,00 ပဲ ထုတ်သွားမှာပါ။
90 borns တွေအတွက်ကတော့ ဒီလိုဖုန်းဒီဇိုင်းတွေကို မြင်ရတာ သိပ်မဆန်းလောက်ပါဘူး။ အပြိုင်အဆိုင်ကိုင်ခဲ့ကြတာဆိုတော့ …
ကဲ ကိုယ့်လူတို့ကတော့ Heineken က ထုတ်တဲ့ ဘီယာတင်မကဘူး ခေါက်ဖုန်းကိုပါ အားပေးနိုင်တော့မှာပါ။
Credit to Akhayar Tech