2 နှစ်များ - ဘာသာပြန်ပါ။

Please🙂🙂

image
2 နှစ်များ - ဘာသာပြန်ပါ။

စကားပြောနေကျ အချိန်တွေမှာ
မအားတော့တာ များတယ် ။

စကားပြောဖြစ်တဲ့အချိန်တွေမှာ
သိသိသာသာ အေးစက်လာတယ် ။

သူစိမ်းနှစ်ယောက်
စ မိတ်ဆက်သလို
ဆက်ဆံရေးမျိုးလေ

ကိုယ်က မေးတယ်
သူက ဖြေတယ်

ကိုယ်က တိတ်လိုက်ရင်
သင်္ချိုင်းတစပြင်လိုပဲ ။

မှာနေကျ စကားလုံးတွေက
စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်သလို

စိတ်ပူပြီး ခေါ်နေမိတဲ့ဖုန်းက
ပြဿနာတွေဖြစ်လာတတ်တယ် ။

ကိုယ်ဘာလုပ်လုပ်
ကိုယ်ဘာပြောပြော
အရာရာဟာ

စိတ်ပျက်စရာတွေ ဖြစ်လာတတ်တယ် ။

မချစ်ချင်တော့တဲ့အခါ
ဒီလိုပါပဲ

မရှိ ရှိတဲ့အပြစ်ကို ရှာကြံတတ်ကြတယ် ။

#ကျေးကို

image
2 နှစ်များ - ဘာသာပြန်ပါ။

စိတ်ကောင်းရှိတဲ့သူတွေကို စိတ်ထိခိုက်အောင်လုပ်လိုက်တဲ့အခါ သူတို့အသံထွက်ပြီး အော်ကြမှာမဟုတ်ဘူး။ သူတို့ရဲ့နာကျင်မှုကို စိတ်ထဲမှာပဲ သိမ်းထားကြလိမ့်မယ်။

သူတို့က တိတ်တိတ်လေးနဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီး ပြန်လာတော့မှာမဟုတ်ဘူး။ သူတို့က ကောင်းတာတွေပဲ ဆက်လုပ်နေမှာပါ။သင့်ကိုတော့ ဘယ်တော့မှ ပြန်မယုံကြည်တော့ဘူး။ အဲဒီမှာ သင် သူတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ။

"When you hurt good-hearted people, they won't scream, they'll keep their pain inside.
They will gently and silently drift away never to return. They won't stop being good, they'll never trust you again. This is exactly when you lost them.”

Emanuela Laura Grigoriu
Picture crd - People Matters
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

image
2 နှစ်များ - ဘာသာပြန်ပါ။

ချစ်တဲ့သူတွေရဲ့ အကြောင်းကိုလည်း မတွေး
မုန်းတဲ့သူတွေရဲ့ အကြောင်းကိုလည်း မတွေး
ကမ္ဘာမြေရဲ့ ရှူမျှော်ခင်းတွေကိုပဲ ငေး

image
2 နှစ်များ - ဘာသာပြန်ပါ။

ခမ်းခမ်းနားနား အိမ်မက်တွေရှိသည်မို့
ခခယယ နေနေတာပါ

ဗလှိုင်းကြီး လာကျောသမျှကို /
ဘာမှမတုန့်ပြန်ခြင်းဖြင့် ကြိုးစားနေပါတယ်

ဒေါသရှေ့ထား မှားတတ်သည် ဆိုသလို /
ဒီလူငယ် သည်းခံစိတ်ကိုမွေးထားခြင်းပါ

ထင်ရာ၊ မြင်ရာ မဆိုင်းခြင်တဲ့ကောင်မှာ /
ခေါင်းငုံ့၊ မျက်လွှာသာချလိုက်တာပါ

ခပ်ညံ့ညံ့ကောင် မဟုတ်ဘူးဆိုတာ /
တနေ့ ခင်များတို့ကောင်းကောင်းကြီး မြင်ရအုံးမှာပါ။

#ခွန်ထွန်း

image
2 နှစ်များ - ဘာသာပြန်ပါ။

ပက်ဒရီ စာချုပ်သစ်ချုပ်ဆိုမယ်လို့ ဒေကို ယုံကြည်

နိုဝင်ဘာ ၁၅

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက ကွင်းလယ်လူ ပက်ဒရီဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ပြီး နူးကမ့်မှာ အမွေအနှစ်တစ်ခု ဖန်တီးနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။

ဒေကိုက “ပက်ဒရီဟာ ဘာစီလိုနာအသင်းမှာ သမိုင်းမှတ်တမ်း ဝင်ချင်တဲ့သူဖြစ်တဲ့အတွက် စာချုပ်သစ်ချုပ်ဆိုမှုက ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူဟာ ဒီမှာ သက်တောင့်သက်သာ ခံစားနေရပြီး ပျော်ရွှင်နေသလို ဆုဖလားတွေ လည်း ရယူချင်ပါတယ်။ ပက်ဒရီဟာ ဒဏ်ရာတွေ အများကြီး ခံစားခဲ့ရတာကြောင့် အလုပ်ကိုကြိုးကြိုးစားစား လုပ်ခဲ့ရပြီး အခုအချိန်မှာ အကောင်းဆုံးပုံစံနဲ့ သူပြန်လာနေပါပြီ”လို့ Mundo Deportivo နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီကြယ်ပွင့် ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ပက်ဒရီကိုလည်း အသင်းမှာ ကာလကြာရှည်ရှိမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ အားကစားဒါရိုက်တာ ဒေကိုက ယုံကြည်မှုရှိနေတာပါ။

အသက် ၂၁ နှစ်အရွယ်ရှိ ပက်ဒရီဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၂၅ ပွဲလွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ပက်ဒရီဟာ နည်းပြသစ် ဟန်ဆီဖလစ်လက်ထက်မှာ သူ့ရဲ့ဆိုးရွားတဲ့ ဒဏ်ရာမှတ်တမ်းတွေကို ဖယ်ရှား နိုင်ခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြသနေတာပါ။

ပက်ဒရီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ နွေရာသီမှ ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်း ဘက်က သူ့ကို အမြန်ဆုံး စာချုပ်သစ် ချုပ်ချင်နေတာ ဖြစ်ပါတယ်။

ပက်ဒရီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာပါ။

ပက်ဒရီဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပွဲတွေကစားဖို့ စပိန်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

စပိန်အသင်းဟာ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲတွေအဖြစ် ဒိန်းမတ်၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal

ပုံ - ပက်ဒရီကို တွေ့ရစဉ်

#centralnewsnayptitaw

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သိလာတဲ့နောက်ပိုင်း တစ်ယောက်တည်းနေဖြစ်ခဲ့တယ် ။ ချစ်နေရင်း ၊ မချစ်တော့တာတွေ ၊ နွေးထွေးနေရင်းအေးစက်လာတွေ ၊ ပိုင်ဆိုင်နေရင်း ဆုံးရှုံးလိုက်ရတာတွေမှာ တကယ်ခံနိုင်ရည်မရှိခဲ့ပါဘူး ။

ရုတ်တရက်ဖြစ်ပျက်သွားတက်တဲ့ အရာတွေဟာ သိပ်ကြောက်စရာ ကောင်းမှန်းလည်းနားလည်ခဲ့လို့ ဘယ်တစ်ဦး တစ်ယောက်ကိုမှ ထပ်ပြီးမရှာဖွေဖြစ်တော့တာပါ ၊ ဒါဟာ အထီးကျန်မှု တစ်ခုဆိုရင်တောင် နာကျင်ရတာတွေ မရှိတဲ့အတွက် ကျွန်တော် နေပျော်ပါတယ်.... ။

#crd

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ - ၁၅ ရက်

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၆၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၁၈၈၆၀၉ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၄၅ ကျပ်
ဝယ်ဈေး - ၄၆၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၇၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၀၆ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၉၀ ကျပ်
ဝယ်ဈေး - ၂၈.၁၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၁ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၁ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၀၀ ကျပ်
ဝယ်ဈေး - ၅၅၅၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၀၅ ကျပ်
ဝယ်ဈေး - ၂၈၃၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM

#သတင်းဟင်းလေးအိုးကြီး

image
2 နှစ်များ - ဘာသာပြန်ပါ။

အဲ့ဒီကောင်လေးက အိမ်နဲ့တူတယ်။

နွေးထွေးတယ်။ လုံခြုံတယ်။
ပျော်ရွှင်စရာဖြစ်ဖြစ်၊ ၀မ်းနည်းဖွယ်ဖြစ်ဖြစ် ပထမဆုံးသတိရမိတဲ့ တဦးတည်းသောကောင်လေးက
သူဖြစ်တယ်။

စိတ်ပင်ပန်းတဲ့အခါ အဲ့ဒီရင်ခွင်ထဲ ခိုလှုံချင်တယ်။
အဝေးကြီးမှာရှိနေတဲ့ ရင်ခွင်တစ်စုံဟာ ဘာကြောင့်များ နွေးရပါလိမ့်။

အင်း..သူက နွေးထွေးတဲ့ အိမ်လေးလိုပဲ။

•Hnine•

image
2 နှစ်များ - ဘာသာပြန်ပါ။

ချမ်းလာပြီဆိုရင် လူအုပ်တိုးလိုက်ရုံပဲ 😁