ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်ခြင်းမေတ္တာအစစ်အမှန်က
တကယ်တန်ဖိုးကြီးတယ်
တိကျတယ်
တစ်ခါတစ်ခါ တစ်ဘဝလုံးနဲ့ရင်းပြီး
လဲယူရတယ်
ပတ်ဝန်းကျင်နဲ့ လဲယူရတယ်
ဂုဏ်သိက္ခာနဲ့ လဲယူရတယ်
ဝေဝါးပြီး ထွေပြားနေရင်
ချစ်ခြင်းမေတ္တာကို လက်လွှတ်ရမှာပဲ
အာရုံမများကြေး
#crd
#thantzawaye 1️⃣9️⃣9️⃣3️⃣
မန္တလေးတွင် ဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းပေးမည်
မန္တလေးမြို့၊ ရတနာပုံစူပါစင်တာ၌ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ပြုလုပ်ထားကြောင်း သိရသည်။
ယင်းကဲ့သို့ ရောင်းချပေးမည့် အစီအစဉ်ကို တန်ဆောင်တိုင်အကြိုအနေဖြင့် နိုဝင်ဘာ (၂) ရက်နှင့် (၃) ရက်တွင် ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းထံမှ သိရသည်။
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ရောင်းချပေးခြင်း ဖြစ်ကာ ကျန်တိုင်းမြို့နယ်တွင် (၂)ကြိမ်ရောင်းချပေးခဲ့ပြီးဖြစ်သည်။
မန္တလေးမြို့တွင်းဝယ်ယူလျှင် (၁၀)ပိဿာအထက် ဝယ်ယူပါက အခမဲ့ အိမ်အရောက် ပို့ဆောင်ပေးမှာဖြစ်ကာ ငွေပေးချေမှုကို Kpay ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။
ဈေးနှုန်းများအနေဖြင့် မြေပဲဆီသန့် တစ်ပိဿာကို ကျပ်(၁၆၀၀၀) ဖြစ်ပြီး လိုသလောက် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။