1 y - Translate

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်
-----------------------------

ရန်ကုန်တိုင်းဒေသကြီးကမြို့နယ်အများစုမှာ အောက်တိုဘာ(၁၉)ရက်မနက်အစောပိုင်းက လေပြင်းတိုက် ခတ်တာနဲ့မိုးရွာသွန်းတာတွေဖြစ်ပေါ်ခဲ့တယ်ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာနေထိုင်သူအချို့ကတော့ အောက်တိုဘာ(၁၉)ရက် မနက်အစောပိုင်းကမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ခဲ့တာကြောင့် သစ်ပင်မှသစ်ကိုင်းကျိုးကျတဲ့ဖြစ်စဉ်အချို့ဖြစ်ပွားခဲ့တယ် လို့လည်းပြောပါတယ်။

နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အောက်တိုဘာ(၁၉)ရက်မှ (၂၄)ရက်အတွင်း နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်အချို့ဒေသတွေမှာလည်း ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီးမိုးကြီးတာနဲ့အတူ လေပြင်းတိုက် ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ထိုင်းပင်လယ်ကွေ့မှ ရွေ့လျားလာနိုင်တဲ့ လေပွေလှိုင်းတွေရဲ့အရှိန်၊ ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းဆဲလ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်း ရပ်ဝန်းရဲ့အရှိန်နဲ့ အပူပျံ တက်တိမ်တွေ ဖြစ်ထွန်းမှုအားကောင်းတာတွေကြောင့်အခုလိုမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင် တယ်လို့လည်းဆိုပါတယ်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ၊ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်း ရေးတွေအနေနဲ့လည်း သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image
1 y - Translate

ချဥ်ပေါင် စပ်ချဥ်လေး
ထမင်းမြိန်လိုက်တဲ့ဟင်းလေး😋

ကြော်ချက်လေးပါ
ချဥ်ပေါင် မျှစ် ငပိ ဆား ချိုမှုန့် ကြက်သွန်နီ ခရမ်းချဥ်သီး နယ်ပြီး ဆီထည့်ပြီး လုံး ပြီးရင်ရေလိုသလောက်ထည့်ပါ ကျက်ပြီဆို ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးအုပ်ပါ

image
1 y - Translate

ပုစွန်ခရမ်းသီးချဉ်စပ်ဆီပြန်ချက်
================
တစ်ခွက်ထဲနဲ့မြိန်ပါတယ်ရှင့် ချက်နည်းလေး‌ပြောပြမယ်နော်😊

လိုအပ်တာတွေက
=========
ခရမ်းဖြူသီး
ပုစွန်
ခရမ်းချဉ်သီး
မကျီးရည်
နံနံပင် ရှမ်းနံနံ
ကြက်သွန်ဖြူ နီ
ငရုတ်သီး‌ခြောက် တို့ဖြစ်ပါတယ်

ခရမ်းသီးကိုလှီးပြီးဆားရေစိမ်ထားပါ ပုစွန်ကို‌ကျောလယ်ကခွဲ အခွံခွာ
ချီးထုတ် အရသာနယ်ထားပါ
ငရုတ်သီး‌ခြောက်အနေတော် ကြက်သွန်ဖြူနီ ငပိအနေတော်လေးထည့်
ညက်နေအောင်ထောင်းပါ
ဆီအနေတော်သတ်ပါ ဆနွင်းထည့် ထောင်းထားတဲ့ ငရုတ်သီးထောင်းထည့်မွှေ ခဏနေရင်ပုစွန်ထည့်ပြီး ပုစွန်အရောင်ပြောင်းရင် ခရမ်းသီးထည့် အသာယာသမအောင်မွှေ ဆီနဲနဲပြန်ရင် ရေသင့်ရုံထည့်မီးခပ်ပြင်းပြင်းလေးနဲ့ချက် ပွက်ပွက်ဆူရင် ခရမ်းချဉ်သီးနဲနဲ တစ်လုံးကိုနှစ်ခြမ်း
လောက်ပဲခြမ်းထည့် မကျီးရည်အနဲငယ်ထည့် ဆားဟင်းခပ်မူန့်လိုရင်ဖြည့် ခရမ်းသီးနူးရင် နံနံပင်အုပ် ရပါပြီရှင် မွှေးနေတာပဲ

image
1 y - Translate

Hee.. 😂

image
1 y - Translate

အစာလာတောင်းလာတား
အကြွေးလာတောင်းတာလား
ရုပ်ကိုလည်းကြည့်ကြဦး

image
1 y - Translate

ကောင်းကင်တဆုံး ကြယ်တဆုံး
မတောက်ပချင်ပါဘူး။
ဘာလိုချင်သေးလဲမေးရင်
*နှင်းတဖြောက်ဖြောက်တေးသွားမှာ
သူဖျော်ထားတဲ့ ကော်ဖီရနံ့လေးနဲ့
အိပ်ယာထချင်တယ်လို့"
ကျွန်တော်…….ဖြေမိမှာ။

နေမိုးအိမ်

I don't aim to outshine
the entire sky
or outdo all the stars.
If you were to ask me
what I desire most,
I'd say,
"I simply want to wake up
to the scent of her freshly brewed coffee,
serenaded by the gentle fall of snow."

Translation: HZH

Morning 💛

image
1 y - Translate

ငါသဘောကျဆုံးမိန်းကလေးဟာငါပါပဲ
ထူးချွန်နေအောင်မတော်ပေမဲ့ နေရာတစ်ခုရဖို့ ကြိုးစားနိုင်ခဲ့တယ်..။.

ငါ့ကိုထိလာရင်တော့ ခေါင်းငုံ့မခံတတ်ပေမဲ့
ဘယ်သူ့ကိုမှငါ့ဘက်ကစပြီး မနစ်နာစေဖူးဘူး

သိပ်အောင်မြင်မချမ်းသာသေးပေမဲ့
ငါလုပ်ခဲ့သမျှ ငါရရှိသမျှအရာအားလုံးက ငါ့ရဲ့အရည်အချင်းတစ်ခုထဲကြောင့်ရရှိတာလို့ပြောရဲပြီးလိပ်ပြာသန့်သန့်ရှင်သန်နိုင်တယ်..။

အလုပ်တွေဖိလုပ်ရင်းမပြင်မဆင်နေတတ်သလို တစ်ချို့ရက်တွေမှာ အဝတ်အစားလှလှလေးနဲ့လှနေအောင်ပြင်ရင်း ပုံလေးတွေရိုက်တယ်..

ခမ်းနားတဲ့ဘဝတစ်ခုမရရှိရင်တောင်
လှပအေးချမ်းတဲ့ဘဝတစ်ခုကိုရဖို့ ငါ့ကိုယ်ငါကြိုးစားပြီးပေးမယ်..

ဘယ်သူမှလာမနှိမ်ရဲအောင် အသုံးမချနိုင်အောင်တန်ဖိုးထားပြီးစောင့်ရှောက်ပေးနိုင်တယ်..။

မှန်ထဲကမိန်းကလေးက လူတွေပြောကြတဲ့အလှအပနဲ့မကိုက်ညီရင်တောင်.. ငါ့အတွက်ပြည့်စုံလွန်းတဲ့
ငါသဘောကျဆုံးမိန်းကလေးပါပဲ...

#lavenderpan -လာဗန်ဒါပန်

image
1 y - Translate

My boyfriend - ဘယ်တုန်းကပြောမိလို့လဲ
Me -

image
M M
1 y - Translate

Thadinkyut 🕯️🕯️🕯️

image

image