Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ် - မြန်မာနှစ်နိုင်ငံ ရေကြောင်းပညာနှင့် လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီအောက်ရှိ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးတွင် တရုတ် - မြန်မာနှစ်နိုင်ငံ ရေကြောင်းပညာနှင့်လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို နိုဝင်ဘာ (၇) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်မှ အဓိကစီမံကိန်းကြီးများနှင့် အခြားစီမံကိန်းများ အကောင်အထည်ဖော်ရေး၊ တရုတ် - မြန်မာနှစ်နိုင်ငံ ရေကြောင်းပညာနှင့်လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Xing Xing နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး ကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့တွင် ပါဝင်သော သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ အစည်းအဝေးများကို ၂၀၁၉ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် အလှည့်ကျကျင်းပလျက်ရှိကြောင်း သိရသည်။
လာဟိုး၌ လေထုညစ်ညမ်းမှုသမိုင်းဝင်မြင့်တက်၊အိန္ဒိယကြောင့်ဖြစ်ဟုဆို
ကရာချီ၊နိုဝင်ဘာ ၁၀
ပါကစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် လာဟိုး၌ လေထုညစ်ညမ်းမှု သည် စံချန်တင်မြင့်တက်လာကာ ကျောင်းများနှင့်ရုံးများကိုပါပိတ်ထားရပြီး ဝန်ထမ်းများကိုလည်း အိမ်မှာ နေ၍သာတာဝန်ထမ်းဆောင်ကြရန်ညွှန်ကြားထားရကြောင်းသိရသည်။
တနင်္ဂနွေနေ့တွင် လာဟိုးသည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များတွင် ထိပ်ဆုံးစာရင်း၌ပါဝင်နေပြီး ကျောင်းများပိတ်ထားသော်လည်း ကလေ-းငယ်များကို အိမ်တွင်း၌ နေသော်လည်း နှာခေါင်းစည်းများတပ်ဆင်စေပြီးနေထိုင်စေသင့်သည်ဟုလည်းမိဘများကို ညွှန်ကြားထားသည်။
လူထုအနေဖြင့်လည်း အိမ်ထဲ၌သာနေရန်နှင့်တံခါးများပိတ်ထားခြင်း၊ အရေးတကြီးမလိုအပ်ပါက ခရီးမသွားဘဲ နေသင့်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်ထားသကဲ့သို့ ဝန်ထမ်းအင်အား၏ ၅၀ ရာခိုင်နှုန်းကိုလည်း အိမ်မှသာ အလုပ်လုပ်ကြရန်ညွှန်ကြားထားသည်ဟုသိရသည်။
လေထုညစ်ညမ်းမှုကို လျှော့ချရန်ရည်ရွယ်ချက်ဖြင့် သုံးဘီးဆိုင်ကယ်များစီးနင်းခြင်းကိုလည်း တားမြစ်ထားသကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ရပ်နားခိုင်းထားကာ လိုက်နာခြင်းမရှိသည့် စက်မှုလုပ်ငန်းများကို အပြီးတိုင်ဖျက်သိမ်းမည်ဟုလည်းအစိုးရကညွှန်ကြားချက်ထုတ်ပြန်ထားသည်။
ယခုကဲ့သို့လေထုညစ်ညမ်းမှုသည် အိမ်နီးချင်းအိန္ဒိယကြောင့်လည်းပါဝင်သဖြင့် အိန္ဒိယနှင့်မဆွေးနွေးပဲ ဖြေရှင်းနိုင်မည်မဟုတ်သဖြင့် အိန္ဒိယနှင့်ဆွေးနွေးဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်ဆက်သွယ်ဆောင်ရွက်နေသည်ဟုလည်းပြောကြားခဲ့သည်