တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်မည့်စံချိန်ဆီစက်ရုံဖွင့်လှစ်
နိုဝင်ဘာ ၂၆
တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်မည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ကို နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် (၆၂) ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့်စက်မှုဇုန်(၂) ၌ ဖွင့်လှစ်ခဲ့သည်။
Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant)သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ်ခွဲထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံမှ တစ်ရက်ကြိတ်ခွဲနိုင်စွမ်းအားမှာ ဆီတန်ချိန် ၅၀ ဖြစ်ပြီး တစ်လလျှင် ဆီတန်ချိန် ၁၅၀၀ ထုတ်လုပ်နိုင်ကြောင်း၊ ပြည်ပဆီတင်သွင်းမှုကို လျော့စေပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် အထောက်အကူပြုနိုင်ကြောင်း သိရသည်။
#centralnewsnaypyitaw
