Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြောင်လျှာသီးသုပ်
ကြောင်လျှာသီး နုနု ၁တောင့်
ကြက်သွန်နီ ၃ ဥ (ပါးပါးလှီး ဆီချက် ချက်ထားရန်)
ကြက်သွန်ဖြူ ၁ ဥ(ပါးပါးလှီး ဆီချက် ချက်ထားရန်)
သံပုရာသီး ၁ လုံး
မြေပဲလှော် အနည်းငယ်
ပုဇွန်ခြောက် အနည်းငယ်နဲ့
နှမ်းလှော် အနည်းငယ် လိုအပ်ပါတယ်။
ကြောင်လျှာသီးကို ပါးပါးလှီးပါ။ ပြီးရင်တော့ အခါးပေါ့အောင် ဆားနဲ့ နာနာနယ်ပါ။ နယ်ပြီးရင် ၅ မိနစ်လောက် ခဏထားပါ။
အခါးရည်ထွက်သွားပြီး ပျော့သွားရင်တော့ ဆားငန်ဓာတ် ပြောင်အောင် ရေ လေး ငါးခါ ဆေးပါ။ အငန်ဓာတ် မကျန်တော့ဘူးဆိုရင်တော့ ရေစစ်ထားပါ။ ရေစစ်သွားရင် သံပုရာသီး ၂စိတ် ညှစ်ထည့်ပြီး နှပ်ထားပါ။
ပြီးရင်တော့ ကြက်သွန်နီဆီချက် ကြက်သွန်ဖြူဆီချက် မြေပဲထောင်း ပုဇွန်ခြောက်ထောင်း နှမ်းလှော်နဲ့ ကြောင်လျှာသီးတို့ကို ထည့်ပါ။
အစာပလာတွေ စုံလင်ပြီဆိုရင်တော့ ဆီချက် ဆမ်းပြီး သုတ်နိုင်ပါပြီ။ ပြီးရင်တော့ အပေါ့အငန်အတွက် ဆား အနည်းငယ်ထည့်ပါ။ အချဉ်လိုရင် အချဉ်အနည်းငယ်ထည့်ပါ။
အခုဆိုရင်တော့ အခါးကြောက်တတ်တဲ့သူတွေတောင် စားလို့မြိန်စေမယ့် ကြောင်လျှာသီးသုပ်လေး ရပြီ။ သားသတ်လွတ်စားမယ်ဆိုရင်တော့ ပုဇွန်ခြောက်မပါဘဲ သုပ်စားနိုင်ပါတယ်။
Credit: Mizzima
*******
နောက်တနည်းပါ
ဆေးဘက်၀င်ပြီး အခါးကြိုက်သူများအတွက် အဆင်ပြေစေမည့်အပြင် အသုပ်ကြိုက်သူများအတွက်လည်းပြုလုပ်ရလွယ်ကူသည့်
ကြောင်လျှာသီးသုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြောင်လျှာသီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငံပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့်၊ မြေပဲ၊ သံပရာရည်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သွန်ဖြူကို အခွံနွှာပြီး ဆီချက် ချက်ထားပါ။ ပြီးလျှင်ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးပြီး ရေဆေးပြီး ရေစစ်ထားပါ။ မြေပဲလှော်ပြီးသားကို ထောင်းထားပါ။
ပြီးနောက် ကြောင်လျှာသီးကို ရေဆေးပြီးပါးပါးလှီးကာ ဆားနှင့် အလယ်အဆံထွက်သည်အထိနယ်ပြီး ရေနှစ်ကြိမ်လောက်ဆေးပြီး ရေညှစ်ထားပါ။
ပြီးလျှင် ရေညှစ်ထားသော ကြောင်လျှာသီးကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆီချက်၊ မြေပဲလှော်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်နှင့် သံပရာရည်တို့ညှစ်ထည့်ပြီး သမအောင်နယ်ပေးပါ။
ငရုတ်သီးမှုန့်ကို နောက်ဆုံးမှထည့်ပြီးလျှင် အရသာရှိသော ကြောင်လျှာသီးသုပ်ကို အသင့်သုံးဆောင်နိုင်ပါပြီ။
Photo credit
**
ကြောင်လျှာသီးနှပ်ဟင်း
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားဟင်းမဟုတ်ဘဲ အသီးအရွက်ဟင်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူကြီးတွေအမားစုကြိုက်နှစ်သက်တဲ့ ကြောင်လျှာသီးလေးကို နှပ်ပြီး ချက်စားကြရအောင်နော်။ တစ်မျိုးလေးပြောင်းစားတော့ ခံတွင်းမြိန်တာပေါ့။ အသားတွေကို ညည်းငွေ့နေသူများအတွက်လည်း သင့်တော်မှာပါ။
ပါ၀င်ပစ္စည်းများ
ကြောင်လျှာသီး – ၂ တောင့်
မျှင်ငါးပိ – အနည်းငယ်
ကြက်သွန်ဖြူ – ၅ မြွှာ
ကြက်သွန်နီ – ၄ လုံး
ပုစွန်ခြောက်မှုန့် – ၂ ဇွန်း
အရောင်တင်မှုန့် – အနည်းငယ်
ဆီ – အနည်းငယ်
ပြင်ဆင်ပုံ
ရေဆေးသန့်စင်ထားတဲ့ ကြောင်လျှာသီးကို လက်တစ်လုံးသာသာစီ အပိုင်းလေးတွေ ပိုင်းဖြတ်ပါ။
ပြီးတဲ့အခါ ဆားအနည်းငယ်နဲ့ ပွတ်ဆေးပြီး ရေစစ်ထားပါ။
ဆီအိုးတည်ပြီး ကြက်သွန်ဖြူ ၊ နီနဲ့ အရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ပါ။ ခဏကြာမှ ငါးပိထည့်မွှေပါ။ ငါးပိနှံ့ပြီးဆိုရင် ပုစွန်ခြောက်မှုန့် ထည့်ပါ။
လိုအပ်တဲ့အရသာအတွက် ငံပြာရည်နဲ့ ဟင်းခတ်မှုန့်အနည်းငယ် ထည့်ပါ။ စိတ်ကြိုက် အနှစ်အနေအထား ရပြီဆိုရင် ကြောင်လျှာသီးထည့်မွှေပါ။
ရေအနည်းငယ် ထည့်ပြီး ခဏ အုပ်ထားပေးပါ ။ ရေခန်းပြီး ဆီပြန်ပြီဆိုရင် အရသာရှိတဲ့ ကြောင်လျှာသီးနှပ်ကို ချက်စားလို့ ရပါပြီ။
အောက်တိုဘာလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် (၄၂၀၀၀၀) ကျော်တင်ပို့ခဲ့
ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် (၄၂၀၀၀၀) ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ (၁၈၉) သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၁၃၆၂၆၃၀) တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၆၄၇) သန်းရရှိထားကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ဆန်ကို အင်ဒိုနီးရှားနိုင်ငံသို့ အများဆုံးတင်ပို့ထားပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံးတင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅)သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄)သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃ )မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁) သန်း၊ ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်း၊ အောက်တိုဘာလတွင် (၄၂၄၇၈၄) မက်ထရစ်တန်တင်ပို့မှုမှ (၁၈၉) သန်းရရှိထားကြောင်း သိရသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် (၂) သန်းခွဲကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာသန်း (၁၀၀၀) ကျော်ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။