ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မန္တလေးတွင် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ကျင်းပမည်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး မန္တလေးမြို့၊ ၂၆လမ်းနဲ့ ၆၆လမ်းထောင့်မှာ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက် ည၆နာရီကစပြီး ကျင်းပသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ အုပ်စိုးခန့်၊ ဇော်ကို၊ မယ်လိုဒီ၊ ပိုပို၊ မေလသံစဉ်တို့နဲ့အတူ မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့၊ DJဖျော်ဖြေမှုတွေနဲ့ တင်ဆက်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေအဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ဒီဇင်ဘာ၂၉ရက်ကနေ ၃၁ရက်အထိ သုံးရက်တာဂီတဖျော်ဖြေပွဲနဲ့ ပျော်ပွဲရွှင်ပွဲကို ဝင်ကြေးအခမဲ့နဲ့ ကျင်းပနေသလို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဇာဘိုင်ဂျန်လေယာဉ်ပျက်ကျမှုအတွက်_သမ္မတပူတင်တောင်းပန်
-----------------------------------------
အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်နှင့် ဖုန်းခေါ်ဆိုမှုတွင် ရုရှားလေပိုင်နက်တွင် ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းအတွက် သမ္မတပူတင်က တောင်းပန်ခဲ့ကြောင်း ကရင်မလင်နန်းတော်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။
လေယာဉ်သည် Grozny တွင် ဆင်းသက်ရန် ကြိုးပမ်းချိန်တွင် ရုရှား၏ လေကြောင်းရန်
ကာကွယ်ရေးစနစ်များ သက်ဝင်နေကြောင်း ပူတင်က စနေနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်သည် ဦးတည်လေဆိပ်သို့ မရောက်နိုင်ဘဲ အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းသွားကာ နောက်ဆုံးတွင် ကာဇက်စတန်နိုင်ငံ၊ Aktau အနီးတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၃၈ ဦး သေဆုံးခဲ့သည်။
အဖြစ်အပျက်နောက်ကွယ်၌ ရှိနေသည့်အချက်ကို အတည်မပြုနိုင်သေးသော်လည်း အစောပိုင်း ညွှန်ပြချက်များအရ ရုရှားလေယာဉ်ပစ်ဒုံးကျည်က ခရီးသည်တင် ဂျက်လေယာဉ်ကို ပစ်ချခဲ့မိခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောသည်။ ရုရှားလေကြောင်းရန်ကာစနစ်က ခရီးသည်တင်လေယာဉ်ကို ထိမှန်သည်ဟု ပူတင်၏မှတ်ချက်တွင် ပြောကြားခြင်းမရှိပေ။
လေယာဉ်သည် Grozny လေဆိပ်သို့ အကြိမ်ကြိမ်ဆင်းသက်ရန် ကြိုးပမ်းခဲ့သည်။ တစ်ချိန်တည်းတွင် Grozny၊ Mozdok နှင့် Vladikavkaz နယ်မြေများကို ယူကရိန်းတိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ရုရှားလေကြောင်းကာကွယ်ရေးစနစ်များက အဆိုပါတိုက်ခိုက်မှုများကို တွန်းလှန်ခဲ့သည်။
ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီသည် သဘာဝဘေးအန္တရာယ်နှင့် ဆက်နွှယ်သည့် ရာဇ၀တ်မှုတစ်ခုကို အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က မော်စကိုသည် လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို လိမ်လည်ပြောဆိုခဲ့ကြောင်း၊ ပျက်စီးသွားသော ဂျက်လေယာဉ်အား ၎င်းတို့၏ ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ဖုံးကွယ်ရန် ကြိုးပမ်းလျက် ပင်လယ်ပြင်ကို ဖြတ်ကျော်ခိုင်းခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။
မာရေးနှင့် လက်တွဲ အလုပ်ရသည်မှာ အဆင်ပြေဟု ဂျိုကိုဗစ်ပြော
...............
ဗြိတိန် အဆင့် ၁ တင်းနစ်အားကစား ဖြစ်ခဲ့ဖူးတဲ့ အင်ဒီမာရေးနဲ့ အတူလက်တွဲ အလုပ်လုပ်ရတာက စိတ်ကျေနပ်စရာကောင်းတယ်လို့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားတဲ့ မာရေးကို နည်းပြသစ်အဖြစ် ဂျိုကိုဗစ်က ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ လာမယ့်တစ်ပတ်ထဲ ကျင်းပမယ့် ဘရစ္စဘိန်း နိုင်ငံတကာ ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။ အင်ဒီမားရေးက ကစားသမားဘဝကနေ အနားယူ ထားတာမကြာသေးတဲ့ အတွက် လက်ရှိတင်းနစ်ကစားသမားတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိတာကြောင့် ပြိုင်ပွဲအတွက်ပြင်ဆင်ရာမှာ ပိုပြီး ပြည့်စုံစေပါတယ်လို့ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ အခုနှစ် တင်းနစ်ရာသီမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၇ အထိ ရောက်သွားခဲ့ပြီး လာမယ့် တင်းနစ်ရာသီ မှာတော့ နိုင်ပွဲတွေနဲ့အတူ ကမ္ဘာ့အဆင့်မှာ ပြန်လည် တိုးတက်လာဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။ ဘရစ္စဘိန်း ပြိုင်ပွဲ ၃၂ ဦး အဆင့်ပွဲအဖြစ် ဂျိုကိုဗစ်ဟာ ဩစတြေးလျ နိုင်ငံသား ဟီဂျီကာတာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။