46 ပတ် - ဘာသာပြန်ပါ။

Storks (2016)
IMDb – 6.8/10_Rotten – 66%

ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ်
ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့
ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို
နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ
အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်….
ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့
ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က
ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ 😀
ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ
ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်….
 
ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ပါ
သူဟာ သံယောဇဉ် တွယ်စရာမရှိပဲ အလုပ်ကို တာဝန်အကျေဆုံး ထမ်းဆောင် တက်သူ ဖြစ်ပြီး အမိန့်လဲ လိုက်နာတက်သူပါ
တစ်ရက်မှာတော့ ဂျူနီယာကို ဘော့စ် ဖြစ်သူ ဟန်တာ မှ ရုံးခန်းအတွင်း ခေါ်ရောက် တွေ့ဆုံပြီး ဂျူနီယာ သည်
အလုပ်ကြိုးစားသူ ဖြစ်သော ကြောင့် ဘော့စ် နေရာတွင် တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး သူတို့ဆီတွင်
ပို့ရမည့် လိပ်စာပျောက်ပြီး ငယ်စဉ်ကတည်းက သောင်တင်နေသော မိဘမဲ့ ကလေး ကျူးလစ် ကို နှင်ထုတ်ပစ်ရန်
တာဝန်ကိုပါ ပူးတွဲပေးလိုက်ပါတယ် အဓိပ္ပါယ်ကတော့ ဂျူနီယာ သည် ကျူးလစ်အား နှင်ထုတ်နိုင်ပါက
ဘော့စ် နေရာကို ရမှာ ဖြစ်ပါတယ်…
အမိန့်လိုက်နာတက်သော်လဲ သနားကြင်နာတက်သော ဂျူနီယာ တစ်ယောက် Stork.com တွင် အပိုအရှုပ်ထုပ်ဖြစ်ပြီး
ဘာမှ မယ်မယ်ရရ သုံးစား မရသော မိဘမဲ့ ကလေး ကျူးလစ်အား ဘယ်လို နှင်ထုတ်မလဲ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ကြပါ….

ဇာတ်ကားလင့်
https://t.me/c/2186686827/199

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
46 ပတ် - ဘာသာပြန်ပါ။

Pa***ri (2018)

Horror/Thriller

မိုးတွေ သဲကြီးမဲကြီးရွာတဲ့ တစ်နေ့မှာ အာနက်ဘ်နဲ့ သူ့မိဘတွေဟာ အာနက်ဘ်အတွက် သတို့သမီးလောင်းလေးနဲ့ တွေ့ဆုံ မင်္ဂလာစကားပြောဆိုပြီး မြို့ပြင် တောတစ်နေရာကို ဖြတ်သွား တုန်း တစ်စုံတစ်ခုကို ကားနဲ့တိုက် မိခဲ့ပါတယ်။ အိမ်ခြေရာမဲ့ လျှောက်သွားနေပုံရတဲ့ အဘွား အိုတစ်ဦးကို တိုက်မိတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။

အဲဒါနဲ့ပဲ အာနက်ဘ်ဟာ ရဲတွေကို အကြောင်းကြားပြီး အနီးအနားမှာ အဘွားအိုရဲ့ အိမ်ကို လိုက်ရှာတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတာတစ်ခုနဲ့ တွေ့ခဲ့ပါ တယ်။

အဘွားအိုရဲ့ သမီးဖြစ်တဲ့ ရက်ခ်ဆာဟာနာဆိုတဲ့ မိန်း ကလေးကို လက်ထိတ်ခြေထိတ် တွေခတ်လျက်သားနဲ့ တွေ့ခဲ့တာဖြစ်ပြီး မိန်းကလေးကြည့်ရတာ မူမမှန်ဖြစ်နေကာ အပြင်လောကနဲ့ လုံးဝအဆက်အဆံမရှိတဲ့ ပုံစံ မျိုးဖြစ်နေတာပါ။

သေသွားတဲ့ အဘွားအိုအ တွက် ဓလေ့ထုံးတမ်းအတိုင်း သဂြုႋဟ်ပေးပြီးနောက်မှာတော့ အာနက်ဘ်ဟာ ရက်ခ်ဆာဟာနာ ကို သူ့အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ နောက်တော့ ပါမောက္ခကာဆင် အလီဆိုသူဟာ မိန်းကလေးရဲ့ သရုပ်မှန်ကိုသိတဲ့လူတွေနဲ့အတူ မိန်းကလေးကို ဖမ်းဆီးဖို့အတွက် ရောက်လာခဲ့ပါတယ်။

image
46 ပတ် - ဘာသာပြန်ပါ။

I, Robot
2004 ‧ Sci-fi/Action ‧ 1h 55m

ဒီဇာတ်ကားဟာ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာရဲ့
ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့်
ပညာပေးဇာတ်ကားတစ်ကားလိုတောင် ဆိုနိုင်ပါတယ်

i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့
မင်းသမီး Bridget Moynahan တိုက ဦးဆောင်ပါဝင်ထားပါတယ်
IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ်
ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေ
အလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ်
ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြိုမှာ ဇာတ်အိမ်တည်ထားပါတယ်
ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာ
ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်
သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ဖြစ်ပါတယ်
ထူးခြားတာာက ဒီအမှုကိုကိုင်တွယ်ဖို စုံထောက်တစ်ယောက်ကို
သေဆုံးသူက ကြိုတင်ရွေးချယ်ထားတာပါ သူရွေးချယ်ခဲ့တဲ့စုံထောက်ကတော့
ရိုဘော့တွေကို နဂိုတည်းက မုန်းတီးရင်းစွဲစိတ်အခြေခံရှိထားတဲ့ စုံထောက်စပွန်နာ ဖြစ်ပါတယ်
အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပုန်းအောင်းနေတဲ့ NS-5 ရိုဘော့တစ်ကောင်ကို
စုံထောက်စပွန်နာ ရှာတွေ့ခဲ့တဲ့အခါမှာတော့…..
အဲလ်ဖရက်လန်နင်က စုံထောက်စပွန်နာကို ဘာလိုရွေးချယ်ခဲ့တာလဲ
စုံထောက်စပွန်နာထင်သလို NS-5 ရိုဘော့ဟာ လူသတ်တရားခံ တကယ်ဟုတ်ရဲ့လား
စုံထောက်စပွန်နာကရော ရိုဘော့တွေကို ဘာကြောင့်ကြည့်မရတာလဲ
ဇာတ်လမ်းမသိထားဘဲကြည့်မှ ပိုကောင်းတာမို အခုပဲ ကြည့်လိုက်ကြရအောင်လား…..

image
46 ပတ် - ဘာသာပြန်ပါ။

သင်္ကြန်ပိတ်ရက်နေရပ်ပြန်မည့်သူများ အဆင်ပြေစေရန် ကားလက်မှတ်များကို ပုံမှန်နှုန်းထားများနဲ့ဆောင်ရွက်ပေးမည်
********************
သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း မန္တလေးမြို့မှ နေရပ်အသီးသီးသို့ပြန်ကြမယ့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရေးအတွက် ကားလက်မှတ်များကို ပုံမှန်နှုန်း ထားများနဲ့ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ သိရပါတယ်။

အဆိုပါမန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီအနေနဲ့ အဝေးပြေးကားကွင်းရှိ ကော်မတီရုံး မှာ ဧပြီလ ၉ ရက်မှ ၂၁ ရက်အထိ ယာဉ်လိုင်းအသင်းများနှင့် ပူးပေါင်းကာ ကားလက်မှတ်အခက်အခဲရှိသူများကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မလိုလားအပ်တဲ့ ဆိုးကျိုးများနှင့် မှောင်ခိုရောင်းချမှုများ မဖြစ်ပေါ်စေရန် အွန်လိုင်းစနစ် နဲ့ ကားလက်မှတ် ကြိုတင်မှာယူမှုများကိုတော့ ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။

ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့ မှ ပြေးဆွဲမည့် ယာဉ်အစီးရေကို ဧပြီလ ၉ ရက်မတိုင်မီ သိရှိစေရန် မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီက ယာဉ်လိုင်းအသင်းများထံမှ စာရင်းများ ကောက်ယူသွားမည်ဖြစ်ပြီး လက်ရှိတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများမှ မြန်မာပြည် အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ ယာဉ်အသင်းပေါင်း ၅၀၀ ကျော်နဲ့ ခရီးစဉ်များပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။

စာတိုက်သေတ္တာ Post Box အသုံးပြုလိုသူများအနေနဲ့ မြို့နယ်များရှိ စာတိုက်မှာ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။

image
46 ပတ် - ဘာသာပြန်ပါ။

ဒီနှစ်စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်ရုံတင်ပြသမယ့် Chainsaw Man: Reze Arc Movie

image
46 ပတ် - ဘာသာပြန်ပါ။

ဗုဒ္ဓဂါယာမှာ ပိုင်တံခွန်နာမည်နဲ့ ဖွင့်ထားတဲ့ဆိုင်အတွက် ဂုဏ်ယူခဲ့တဲ့ ဥက္ကာမင်းမောင် 🥰🥰🥰
ညီလေး ပိုင်တံခွန်အတွက် ဂုဏ်ယူတယ်လို့ပြောခဲ့တာပါ။ ပိုင်တံခွန်ကလည်း သူ့ရဲ့ ဂုဏ်ယူမှုလေးကိုအသိအမှတ်ပြုထားတာတွေ့ရပါတယ်။ သူရောက်ရှိနေတဲ့ ဗုဒ္ဓဂါယာမှာ ပိုင်တံခွန်ပုံနဲ့အတူ ဖွင့်လှစ်ထားတဲ့ ဆိုင်နာမည်ကိုတွေ့ရတဲ့အပြင် အောင်ရဲလင်းနာမည်နဲ့ပါ ဖွင့်လှစ်ထားပါသေးတယ်။ ဥက္ကာမင်းမောင်ဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ ဦးဇင်းဝတ်ခဲ့သေးတာဖြစ်ပါတယ်။

image
46 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
46 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
46 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
46 ပတ် - ဘာသာပြန်ပါ။

#tattooideas

image