Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆင်တွေ မှာ မုန်တိုင်း နဲ့ မိုးကြိုးတွေကို အဝေးမှ အာရုံခံနိုင်တဲ့ ထူးခြားသော စွမ်းရည်တွေရှိကြပါတယ် ၎င်းတို့ဟာ မြေကြီးမှတဆင့် ရွေ့လျားသွားနေတဲ့ လူတို့မကြားနိုင်တဲ့ အသံအနိမ့် (subsonic rumbles) တွေကို ဖမ်းယူနားထောင်ခြင်းဖြင့် သိရှိနိုင်ကြပါတယ် အဲ့ဒီအသံတွေကို ဆင်တွေဟာ ၎င်းတို့ရဲ့ ခြေထောက်တွေ ၊ နှာမောင်းတွေ ၊ နားတွေကနေတစ်ဆင့် အာရုံခံနားထောင်နိုင်ကြပြီး မိုင် 150 အကွာအဝေးမှ မုန်တိုင်းတွေကိုတောင်သိရှိနိုင်ပါတယ် ဒီလိုသဘာဝအတိုင်း ရာသီဥတု ခန့်မှန်းနိုင်တဲ့ စွမ်းရည်ဟာ ခြောက်သွေ့တဲ့ ဒေသတွေမှာ ဆင်တွေအတွက် သောက်သုံးရေ ရှာဖွေရာ၌ အထောက်အကူပြုပြီး အဝေးက အခြားဆင်တွေနဲ့လည်းအလွယ်တကူအာရုံခံဆက်သွယ်တဲ့နေရာမှာ အသုံးပြူကြပါတယ်
#ဗဟုသုတ #knowledge
Orion and the Dark (2024)
~ IMDb – 6.7/10, RT – 87%, Meta – 74% ~
ခင်ဗျားတို ကျွန်တော်တို အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချိုအရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြိုပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။
လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆိုပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖိုပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖိုဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလိုပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖိုပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တိုတတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတိုအုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတိုကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို ရည်ရွယ်ခဲ့တာပေါ့။
ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတိုမှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တိုကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလိုပြောရမှာပဲ။ Wish တို ဘာတိုထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလိုလဲတော့ ကားကြည့်ရင်သိလိမ့်မယ်။
အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တိုကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လိုဆိုလည်းမမှားပါဘူး။
ဇာတ်ကားလင့်
https://t.me/c/2186686827/471
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Luis and the Aliens (2018)
Luis and his friends from outer space ဆိုတဲ့ 2018 ထွက် ကာတွန်းကားလေးကတော့ IMDB Rating 6 ထိရရှိထားပြီး မိသားစုကြည့်ပျော်တဲ့ကားလေးဖြစ်မှာပါ။
Animation, Adventure, Comedy အမျိုးအစားဖြစ်ပြီး ကြည်နူးစရာ တွေးစရာလေးတွေပါရလာမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်သားတွေကိုပဲ စိတ်ဝင်တစားနဲ့ တစ်ဘဝလုံးရင်းနှီးမြုပ်နှံထားတဲ့ အဖေကြောင့် ကျောင်းမှာ အပေါင်းအသင်းမရှိဘဲ အိမ်မှာလည်း အထီးကျန်ဖြစ်နေရတဲ့ကောင်လေးရဲ့ အကြောင်းကစထားပါတယ်။
ကောင်လေးက တစ်ကိုယ်တည်းနေရသလိုဖြစ်ပြီး အဖေကိုပါ ပြန်ဂရုစိုက်နေရတဲ့အတွက် ပင်ပန်းနေရပါတယ်။
တစ်နေ့မှာတော့ အိမ်နီးချင်းတွေက ကျောင်းကိုတိုင်စာပိုတဲ့အတွက် သူ့ကိုမိဘမဲ့ကျောင်းကိုပိုဖို စီစဉ်ကြပါတော့တယ်။
အဲဒီမှာ ကမ္ဘာမြေကို အလည်ရောက်လာရင်း ယာဉ်ပျက်ကျသွားတဲ့ ဂြိုလ်သားလေး သုံးကောင်နဲ့ သူငယ်ချင်းဖြစ်ပြီး အဲဒီအစီအစဉ်ကိုဘယ်လိုတားဆီးကြမလဲဆိုတာ ရယ်မောဖွယ်တွေ့ရမှာပါ။
ပြီးတော့ နောက်ဆုံးမှာ Luis တစ်ယောက် မိဘနဲ့သားသမီး၊
သူငယ်ချင်းအချင်းချင်း၊ ချစ်ရသူနဲ့ ဘယ်လို နားလည်မှုတွေရသွားတယ်ဆိုတာ တွေ့ရမှာပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/472
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့
The Secret Life Of Pets ကာတွန်းကားလေးကို
ပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်။
ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို တွေးကြည့်ဖူးလားဗျ။
ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီး
အိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။
ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်း
အပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှိဝှက်ဘဝကို
ဟာသနှော တင်ဆက်သွားတာပါ။
IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ
အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့…..
အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။
သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြိုတော်ကြီးမှာ
အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။
သူ ကြုံရတဲ့ အခက်အခဲဆိုလို Katie မနက် ရုံးသွားတိုင်း
အတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။
ဒါပေမဲ့လည်း Katie ပြန်ရောက်တဲ့အထိ
တစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။
ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့
သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့
Duke ဆိုတဲ့ တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။
နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုးလာရတာမို
Duke ကို အိမ်ပေါ်က နှင်ထုတ်ဖို ကြံရင်းဖန်ရင်း
အလွဲလွဲအချော်ချော် ဖြစ်ပုံလေးကို
ရယ်ရယ်မောမော ကြည့်ရှုခံစားရမှာပါဗျ။
မိသားစုနဲ့အတူ ဘာကားကြည့်ရမလဲ မသိဖြစ်နေရင်
ဒီကားလေးကို ရွေးချယ်ကြည့်ရှုဖို တိုက်တွန်းပါတယ်။
The Secret Life of Pets (2016)
ဇာတ်ကားလင့်
https://t.me/c/2186686827/473
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
The Corpse Washer (2024)
လီလာတိုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်၊လီလာကတော့ ဒီအလုပ်ကိုရွံရှာမုန်းတီးနေပြီး
သူ့အမေကလွဲပြီးအဲ့ဒီအလုပ်ကိုလုပ်မဲ့လူကမရှိပဲ သူ့အမေမရှိတော့ရင် ဒီအလုပ်ကို သူပဲဆက်ပြီးလုပ်ကိုင်သွားရတော့မှာကိုတွေးပြီးစိတ်ပူပန်နေခဲ့တာပေါ့။
စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲ သေဆုံးသွားတ မြိုထဲကလူရဲ့ပစ္စည်းတစ်ခုကို မီးမရှိဘဲသိမ်းထားခဲ့မိတယ်၊ ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီးအလောင်းပြင်ဖိုတာဝန်က သူမလက်ထဲရောက်လာချိန်မှာ
ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုန်း။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/mmsub2005/2723
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
ဓာတ်လှေကားထဲမှာ စုန်းတိုက်ခံရသောအခါ 😳😳
➪➪➪➪➪➪➪➪➪➪➪➪➪➪
2010 ကထွက်ရှိခဲ့ပြီး IMDb 6.5 ရထားတဲ့ သဲထိပ်ရင်ဖို ကားလေးနဲ့ မိတ်ဆက်ပေး ပါရစေ ဇာတ်လမ်းလေးကတော့ မကောင်းတဲ့နတ်ဆိုး နဲ့ ပတ်သက်ပြီးကြမ္မာငင်တဲ့ လူတစ်စုအကြောင်းကို
ရိုက်ပြထားတာပါ ကဲဇာတ်လမ်း လေးကို အနည်းအကျဉ်းပြောရရင်ကံတရား ခြင်း တူညီတဲ့လူတစ်စု တနေရာ ထဲတချိန်တည်း မှာ ဓာတ်လှေကားထဲ စုမိတဲ့အချိန် တိုက်ဆိုင်တော့ ဓာတ်လှေကား စက်ချိုယွင်းပြီး ပိတ်မိနေတဲ့အချိန် နတ်ဆိုးက ဘာတွေလုပ်မယ်ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/warharhar1/338
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
ဇာတ်လမ်းအစကနေ အဆုံးထိ သင့်ကို ဆွဲခေါ်သွားမှာပါ
ပြီးတော့ ကြိုသတိပေးချင်တာကတော့ဒီဇတ်လမ်းဟာ Uncut Version ဖြစ်လိုAdult ပါလို သတိပေးထားပါတယ်ဖြစ်နိုင်ရင် မိသားစု နှင့် အတူမကြည့်သင့်ပါ
လိင်ဆက်ဆံ တဲ့ အခန်းမျိုး အနည်းငယ်ပါဝင်ပါတယ်
ရုပ်ရှင်အကြောင်းကို စပွိင်လာ မလုပ်ပဲ ဇတ်လမ်းအစလေးကိုပဲ ဖော်ပေးချင်ပါတယ်
ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာပုံမှန်ရထားစီးဖို ရထားဆိုက်ကပ်မယ့် ဘူတာကို
ရောက်လာပါတယ် ဒီလိုနဲ့ ရထားစောင့်နေရင်းဖိနပ်နီနီလေး တစ်ရံကို တွေ့လို ကောက်စွပ်ကြည့်တဲ့အခါသူမ နဲ့ လုံးဝ ကို ကွက်တိဖြစ်နေပါတယ်…၊ဒါပေမယ့် နောက်မှ ရောက်လာတဲ့ သူမ ရဲ့ သူငယ်ချင်း
ဖြစ်သူက ဒီဖိနပ်ကို အရင်တွေ့တာ ဆိုပြီး အချစ်ဆုံး
သူငယ်ချင်းဆိုတာတွေ မေ့ပြီး လုယူသွားပါတယ်
ဒီလို လုတဲ့အတွက် ကောင်မလေး ဟာ ရထားလာနေတဲ့
လမ်းကြောင်းထဲကိုတောင် ပြုတ်ကျမလို ဖြစ်ခဲ့ရပါတယ်
သူမ ရဲ့ သူငယ်ချင်းကတော့ ဖိနပ်ကို ရလို စိတ်ကျေနပ်ပြီး
ထွက်ခွာသွားခဲ့ပါတယ်….
ဒါပေမယ့် အဲ့ဒီနောက်ပိုင်း သူမကို ရှာမတွေ့တော့ပါဘူး။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/warharhar1/336
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl