Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီဟာစိမ်နည်းမေးထားကြလို့
ရေ 100 ml
ငံပြာရည် 30 ml
သကြား ထမင်းစားဇွန်း ၁ဇွန်း
ဆား လက်ဖက်စားဇွန်း တဝက်
ရှာလကာရည် 25 ml
ရေကိုဆူအောင်တည်။ ကျန်တာတွေထည့်။ အချိုမှုန့်စားရင် အနည်းငယ်ထည့်။ ၅မိနစ်ခန့်ကျိုပြီးရင် အအေးခံ။
ကြက်သွန်ဖြူလှီး ငရုတ်သီးစိမ်းလှီးထားတာထည့်စိမ်ရုံပဲ။
ထမင်းပူပူလေးပေါ် ကြက်ဥဟတ်ဖရိုတ်တင် ဒီဟာတွေပါထည့်စား။
ဒါမှမဟုတ် ဒီဟာကို အဖတ်တွေဆယ် အရည်အနည်းငယ်ထည့် ကြက်သွန်နီလှီးထည့်ပြီးနယ်။ နံနံပင်ပါထည့်
ပြီးရင် ကြက်ဥပြုတ်ထည့်ပြီး ဖွဖွလေးနယ်ပြီးသုပ်စား။
ခေါက်ဆွဲနဲ့လဲတွဲစားသလို အသားကြော်နဲ့လဲတွဲစားလို့ရတယ်။
ထိုင်းတွေက ဒီတမျိုးရှိရင် ထမင်းစားမြိန်တယ်။ ရေဘေးတုံးက ထမင်းဘူးဆိုရင် ဒီဟာရယ် ဘဲဥပြုတ်ရယ်ဆိုရင် သူတို့စားလို့ရပြီ။
#အာလူးချောင်းကြော် (French Fries) (အေးနေလဲ စားလို့ကောင်းတဲ့နည်း)
အာလူးချောင်းကြော်မေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ကောရေးပေးလိုက်ပါတယ်။
အာလူးချောင်းကြော်က ကြော်နည်းအမျိုးမျိုးရှိတဲ့ထဲက ဒီနည်းကတော့ အေးသွားလဲ စားလို့အရမ်းကောင်းတဲ့နည်းပါ။ အိမ်မှာကြော်တာတော့ အားပေးလွန်းလို့ဓါတ်ပုံရိုက်ဖို့အဲ့တာလေးပဲကျန်တော့တယ်။ အာလူးကြော်က ပူနေတုံးမှာတော့ ဘယ်နည်းနဲ့ပဲကြော်ကြော်စားလို့ကောင်းပါတယ်။ တချို့ကတော့ အလုံးလိုက်ကို ချက်ချင်း လှီးပြီးကြော်တယ်။ တချို့ကရေခဲသေတ္တာအခဲထဲထည့်ပြီးမှ ပြန်ကြော်ကြတယ်။ ရေခဲသေတ္တာအခဲတဲ့ထည့်တဲ့နည်းက တကယ်တော့ ဆိုင်ကြီးတွေမှာ သူတို့ရဲ့မူရင်းနေရာကနေ ယူရတာ အခက်အခဲရှိလို့အခဲရိုက်ပြီးမှ သယ်တာပါ။ အဲတာကိုမှ
ပြန်ကြော်ထားတာပါ။ ပူပူလေးစားမယ်ဆိုရင်တော့ ဘာမှမခဲပဲ ဒီအတိုင်းကြော်နိုင်ပါတယ်။ ဒါမှမဟုတ်
ဖြေးဖြေးချင်းနဲ့တီဗွီကြည့်ရင်းပဲ စားစား အစာပြေစားစား အေးလဲ စားကောင်းတဲ့နည်းကတော့ အခုနည်းလေးနဲ့ကောင်းပါတယ်။ လုပ်စားကြည့်နော်။
ပါ၀င်သောပစ္စည်းများ
၁။ အာလူးအကြီး - ၂ လုံး
၂။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း (မထည့်လဲရ)
၃။ ဆား - အနည်းငယ်
၄။ ကြော်ရန်ဆီ
ပြုလုပ်နည်း
၁။ အာလူးကို အခွံခွာ အချောင်းလေးတွေလှီးပါ။
၂။ ထို့နောက် ဇလုံတခုထဲတွင်အာလူးထည့် ပြီး ရေအေးကို အာလူးအားလုံးမြုပ်အောင်ထည့်ပါ။ သကြားထည့်ပါ။ (သကြားတွေအရည်မပျော်လဲရပါတယ်။) ရေအေးထဲမှာ အနည်းဆုံး နာရီ ၀က်မှ တနာရီအထိ စိမ်ထားပါ။
၃။ ပြီးလျှင် ရေစစ်ပြီး ရေခြောက်အောင် စက္ကူဖြင့် သေချာသုတ်ပါ။ (တဘက်တခုကို ယူပြီးအာလူးတွေတင်ပြီး တဘက်နဲ့အသာလေးလှိမ့်လိုက်တယ်။ အလွယ်နည်းပေါ့။)
၄။ အာလူးကြော်ရာမှာ ဆီမြုပ်အောင်ကြော်မှ အနောက်တိုင်းနိုင်ငံတွေရဲ့ကြော်နည်းနဲ့တူမှာပါ။ ထို့ကြောင့် ဆီကိုအများကြီးသုံးပါ။ အာလူးကြော်ရန်အတွက် ဒယ်အိုးထဲတွင်ဆီ ထည့်ပြီး ဆီပူလာလျှင် မီးဖို ကို medium heat (မီးလျော့) ထားပြီး ၅ မိနစ်ခန့်ထည့်ကြော်ပါ။ ပြီးလျှင် ဆယ်ထားပါ။
၅။ ဆယ်ထားသော အာလူးများကို ဆီစစ်ရ်ျ ဆီခြောက်အောင် လုပ်ပြီး ရေခဲသေတ္တာအောက်ထပ်ထဲတွင် အနည်းဆုံး ၃ နာရီ ခန့်ထည့်ထားပါ။ (ရေခဲသေတ္တာအောက်ထပ်အအေးခန်းထဲထည့်ပြီးကြော်ရင် ပိုကြွပ်ပါတယ်။)
၆။ ပြီးလျှင် ရေခဲသေတ္တာထဲမှာ အာလူးချောင်းများကို ပြန်ထုတ်ပြီး ဆီပူပူထဲမှာ ရွှေဝါရောင်သန်းလာသည်အထိကြော်ပါ။ ပြီးလျှင် ဆီစစ်ပါ။ ဆီစစ်နေတုံး ပူပူလေးမှာ ဆားအနှံ့ဖြူးပြီး နှံ့သွားအောင်ဇကာကိုလှုပ်ပေးပါ။
၇။ ကြွပ်ကြွပ်လေးနဲ့အေးနေလဲ စားလို့ကောင်းနေမယ့် အာလူးချောင်းကြော်ကို ခရမ်းချဉ်သီးဆော့၊ ငရုတ်ကောင်းတို့နဲ့သုံးဆောင်နိုင်ပါပြီ။
Mun Ka Young and Choi Woo Shik are teaming up for a new drama "WHALE STAR: The GYEONGSEONG MERMAID." 🐳⭐
Set in 1926 during the Japanese occupation of Korea, the story is based on a webtoon inspired by "The Little Mermaid." It follows Su A (Mun Ka Young), who risks her life to protect Kang Ui Hyeon (Choi Woo Shik), a man devoted to his country.
The drama is directed by Heo Jin Ho, known for #mymister and #whenlifegivesyoutangerines.
#whalestarthegyeongseongmermaid
#whalestar #moongayoung #munkayoung #choiwooshik
တစ်ခွန်းဆိုတစ်ခွန်း ထိမိနေအောင်ပြောလိုက်မှ အားရတာ ☺️
#kpopformyanmar #kfm #lowlife
#ကင်ချီဟင်းရည်
လိုအပ်သောပစ္စည်း
°°°°°°°°°°°°°°°°
ငါးနီခြောက်
ကြက်သွန်နီ ကြက်သွန်မြိတ်
ကင်ချီ
ကိုရီးယားငရုတ်အနှစ်
ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့်
ငရုတ်သီး ပဲပြား
ချက်နည်း
°°°°°°°°°
ငါးနီတူခြောက်ကိုမိနစ် ၃၀ခန့်ပြုတ်ထားပေးပါ။
ငါးနီတူခြောက်ကိုဆယ်ပြီး အရည်ဘဲယူသုံးရမယ်နော်။
ကိုရီးယားငရုတ်အနှစ်ထဲသို့ ခရုဆီ ပဲငံပြာရည်အကြည် ဆား သကြား ငရုတ်သီးအစိမ်းမှုန့်တစ်ဇွန်း ငရုတ်ကောင်းမှုန့် ထည့်ပြီးမွှေထား အနှစ်စပ်ထားပေးရမယ်။
ငါးနီတူခြောက်ပြုတ်ရေထဲကိုကင်ဂျီ ကြက်သွန်နီ စပ်ထားသောအနှစ် ကြက်သွန်နီ ထည့်ပြီးပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါ။ ဆူလာပြီဆို ကြက်သွန်မြိတ် လှီးထားသောငရုတ်သီးနဲ့ပဲပြားကိုထည့်ပြီး အရသာရှိသောကင်ချီဟင်းရည်ရပါပြီ။
❇️ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI): အကြောင်းအရာ၊ ကုသနည်းနှင့် ကာကွယ်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection - UTI) သည် ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်း ဝင်ရောက်ပေါက်ဖွားခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်သည်။
အမျိုးသမီးများတွင် အဖြစ်များပြီး (အမျိုးသားများထက် ၄ ဆပိုများ) ၊ ဆီးအိမ်နှင့် ဆီးစွန့်ပြွန်ကဲ့သို့ အောက်ပိုင်းဆီးလမ်းကြောင်း ပိုးဝင်မှုမှ စတင်ကာ ကျောက်ကပ်အထိ ပြင်းထန်စွာ ထိခိုက်နိုင်သည်။ မကုသဘဲထားပါက ကျောက်ကပ်ပျက်စီးခြင်း၊ သွေးဆိပ်တက်ခြင်းအထိ ဖြစ်စေနိုင်သဖြင့် အချိန်မီကုသရန် အရေးကြီးသည် ။
---
၁။ UTI အမျိုးအစားများ
- အောက်ပိုင်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Lower UTI)
- ဆီးအိမ်ရောင်ခြင်း (Cystitis): အဖြစ်အများဆုံးဖြစ်ပြီး *E. coli* ပိုးကြောင့် ၈၀% ဖြစ်တတ်သည် ။
- ဆီးစွန့်ပြွန်ရောင်ခြင်း (Urethritis): လိင်မှတဆင့် ကူးစက်သော ဂနိုရီးယား၊ ကလာမိုင်ဒီးယားပိုးများကြောင့် ဖြစ်နိုင်သည်။
- အပေါ်ပိုင်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Upper UTI)
- ကျောက်ကပ်ရောင်ခြင်း (Pyelonephritis): ချမ်းတုန်ဖျားခြင်း၊ ခါးနာခြင်းကဲ့သို့ ပြင်းထန် လက္ခဏာများ ပြသည်။
- ဆီးကျိတ်ရောင်ခြင်း (Prostatitis): အမျိုးသားများတွင် ဆီးစွန့်ပြွန်ပိတ်ဆို့ခြင်း၊ ဖျားခြင်းတို့ ဖြစ်စေနိုင်သည်။
---
၂။ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် အန္တရာယ်အချက်များ
- ပိုးမွှားများ: *E. coli* ပိုးက အဓိကဖြစ်စေပြီး၊ *Klebsiella*၊ *Proteus*၊ *Staphylococcus* တို့ကလည်း ဖြစ်စေနိုင်သည် ။
- အန္တရာယ်မြင့်စေသော အချက်များ:
- အမျိုးသမီးများ: ဆီးစွန့်ပြွန်တိုခြင်း၊ စအိုဝနှင့်နီးခြင်းတို့ကြောင့် ပိုးဝင်လွယ်သည် ။
- ရေနည်းခြင်း၊ ဆီးအောင့်ထားခြင်း: ဆီးအိမ်ထဲတွင် ပိုးပေါက်ဖွားမှုကို အားပေးသည် ။
- ဆီးကျိတ်ကြီးခြင်း၊ ဆီးကျောက်တည်ခြင်း: ဆီးလမ်းကြောင်းပိတ်ဆို့မှုကို ဖြစ်စေသည် ။
- ဟော်မုန်းအပြောင်းအလဲ၊ သွေးဆုံးအမျိုးသမီးများတွင် အီစထရိုဂျင်ကျဆင်းခြင်းက ပိုးဝင်စေနိုင် ။
---
၃။ လက္ခဏာများ
- အောက်ပိုင်း UTI (Lower UTI):
- ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ ကျဉ်ခြင်း။
- ဆီးမကြာခဏ သွားလိုစိတ်ဖြစ်ခြင်း (သို့သော် ဆီးနည်းနည်းသာထွက်ခြင်း)။
- ဆီးထဲသွေးပါခြင်း၊ ဆီးနံ့ဆိုးခြင်း၊ ဆီးအိမ်နာကျင်ခြင်း ။
- အပေါ်ပိုင်း UTI (Upper UTI):
- ချမ်းတုန်ဖျားခြင်း (၃၈.၅°C အထက်)၊ ခါးနာခြင်း (ကျောက်ကပ်နေရာ)။
- ပျို့အန်ခြင်း၊ အားနည်းခြင်း၊ သတိလစ်ခြင်း ။
---
၄။ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုနည်းလမ်းများ
- ရောဂါရှာဖွေစစ်ဆေးခြင်း:
၁။ ဆီးစစ်ခြင်း (Urinalysis): သွေးဆဲလ်များ၊ ပြည်တည်နာ၊ နိုက်ထရိတ်ပါဝင်မှုကို စစ်ဆေးခြင်း ။
၂။ ဆီးပိုးမွေးခြင်း (Urine Culture): ပိုးအမျိုးအစားနှင့် ဆေးတိုက်နိုင်မှုကို သတ်မှတ်ရန်။
၃။ အာထရာဆောင်း/CT Scan: ကျောက်ကပ် ပြဿနာ ရှိမရှိ စစ်ဆေးခြင်း။
- ကုသမှုနည်းလမ်းများ၊
- ပိုးသတ်ဆေးများ
- သာမန် UTI: Nitrofurantoin, Trimethoprim-Sulfamethoxazole (၃-၇ ရက်) ။
- ပြင်းထန် UTI: Ciprofloxacin, Ceftriaxone (IV) (၁၀-၁၄ ရက်) ။
- အိမ်တွင်းကုထုံးများ၊
- ရေများများသောက်ခြင်း (တနေ့ အနည်းဆုံး ၂ လီတာ)။
- ခရန်ဘယ်ရီဖျော်ရည်: ပိုးကပ်ခြင်းကို ကာကွယ်နိုင် ။
- ကော်ဖီ၊ အရက်၊ အပူအစပ်ရှောင်ခြင်း။
- ပြင်းထန်လျှင်: ဆေးရုံတင်ကာ IV ပိုးသတ် ဆေး၊ ဆီးပိုက်ထည့်ကုသခြင်း ။
---
၅။ ကာကွယ်ခြင်းနည်းလမ်းများ
၁။ ရေများများသောက်ပါ: ဆီးအိမ်ထဲမှ ပိုးများကို ဆေးကြောရန် ။
၂။ ဆီးမအောင့်ထားပါနှင့်: ပိုးပေါက်ဖွားမှု မြန်စေသည် ။
၃။ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ: ပိုးများ ပြင်ပသို့ စွန့်ထုတ်ရန် ။
၄။ မိန်းမကိုယ်သန့်ရှင်းရေး: ရှေ့မှ နောက်သို့သာ သုတ်ပါ (စအိုမှ ပိုးများ ဆီးလမ်းကြောင်းထဲ မဝင်စေရန်) ။
၅။ ချည်သားအတွင်းခံဝတ်ဆင်ပါ၊ လေဝင်လေထွက်ကောင်းစေပြီး ပိုးပေါက်နှုန်း လျော့ကျစေသည် ။
---
၆။ နိဂုံး
UTI သည် အဖြစ်များသော်လည်း စနစ်တကျ ကုသပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။
လက္ခဏာစောစောပေါ်လျှင် ဆရာဝန်နှင့် ပြသကာ ဆီးစစ်ခြင်း၊ ပိုးသတ်ဆေးသောက်ခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို တားဆီးနိုင်သည် ။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သောကြောင့် ရေများများ သောက်ခြင်း၊ ကိုယ်ကျင့်သန့်ရှင်းခြင်းတို့ကို အလေးထား ကျင့်သုံးသင့်ပါသည်။